Sunday, February 17, 2013
လွတ်လပ်စွာစဉ်းစား၊တွေးခေါ်ရေးသား ထုတ်ဖော်ခွင့်ရှိတယ်ဆိုပေမဲ့ .......
မိမိပြောလိုက်တဲ့ စကားတစ်ခွန်း၊ မိမိရေးလိုက်တဲ့ စာတစ်ကြောင်း၊
မိမိပြုလုပ်လိုက်တဲ့ အပြုအမူဟာ မိမိရဲ့ပင်ကိုစိတ်နေစိတ်ထား၊
မိမိရဲ့ပညာအရည်အချင်း၊ မိမိရဲ့အသိဥာဏ်၊ မိမိရဲ့အဆင့်အတန်း၊
မိမိရဲ့ကိုးကွယ်ယုံကြည်မှု၊ မိမိရဲ့အသိုင်းအ၀ိုင်း၊
မိမိကြီးပြင်းခဲ့ဖူးတဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို ထင်ဟပ်ဖော်ပြနေတဲ့အတွက်
စဉ်းစားဆင်ခြင်မှုမရှိဘဲ၊ ခွဲခြား၊နှိမ့်ချ၊စော်ကား၊ ပုတ်ခတ်တဲ့စကားတွေ အလွယ်တကူမပြောသင့်ပေ။
စဉ်းစားဆင်ခြင်မှုမရှိဘဲ ခွဲခြား၊နှိမ့်ချ၊စော်ကား၊ပုတ်ခတ်တဲ့စကားတွေ အလွယ်တကူ မရေးသားသင့်ပေ။
တစ်ပါးသူတို့အား ခွဲခြား၊နှိမ့်ချ၊စော်ကား၊ပုတ်ခတ်တဲ့ စကားတွေပြောနေတာ။
တစ်ပါးသူတို့အား အပြစ်ပုံချ မကောင်းကြောင်းပြောနေတာ။
တစ်ပါးသူတို့အား ခွဲခြား၊နှိမ့်ချ၊စော်ကား၊ပုတ်ခတ်တဲ့ စာတွေရေးနေတာ။
တစ်ပါးသူတို့အား အပြစ်ပုံချ၊ မကောင်းကြောင်း စာတွေရေးနေတာဟာ
မိမိကိုယ်ကို ဘယ်လိုလူစား၊ ဘယ်လိုအဆင့်အတန်း၊ ဘယ်လိုစိတ်အခြေအနေဆိုတာ ဖော်ပြနေသလိုပါပဲ။
မိမိကိုယ်ကို ဘယ်လိုလူစား၊ ဘယ်လိုအဆင့်အတန်း၊ ဘယ်လိုစိတ်အခြေအနေဆိုတာ ပေါ်လွင်စေတာပါပဲ။
မိမိကိုယ်ကို ဂုဏ်သိက္ခာချနေသလိုပါပဲ။ မိမိကိုယ်ကို ဂုဏ်သိက္ခာကျစေတာပါပဲ။
မိမိကိုယ်ကို စိတ်ထားညံ့တဲ့သူဖြစ်အောင် လုပ်နေတာပဲ။
စိတ်ထားညံ့တဲ့သူဖြစ်ပြီဆိုမှတော့ မိမိရဲ့တန်ဖိုးလည်းကျမှာဖြစ်ပါတယ်။
မိမိရဲ့ပင်ကိုစိတ်နေစိတ်ထား၊ မိမိရဲ့ပညာအရည်အချင်း၊
မိမိရဲ့အသိဥာဏ်၊ မိမိရဲ့အဆင့်အတန်း၊
မိမိရဲ့ကိုးကွယ်ယုံကြည်မှု၊ မိမိရဲ့အသိုင်းအ၀ိုင်း၊
မိမိကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်အခြေအနေတွေကို
တန်ဖိုးထားတယ်၊ လေးစားတယ်ဆိုရင်
ခွဲခြား၊နှိမ့်ချ၊စော်ကား၊ပုတ်ခတ်တဲ့ စကားတွေမပြောတာကောင်းပါတယ်။
ခွဲခြား၊နှိမ့်ချ၊စော်ကား၊ပုတ်ခတ်တဲ့ စာတွေမရေးတာကောင်းပါတယ်။
လွတ်လပ်စွာစဉ်းစား၊တွေးခေါ်ရေးသား ထုတ်ဖော်ခွင့်ရှိတယ်ဆိုပေမဲ့
မည်သူတစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်မနစ်နာစေတာ အကောင်းဆုံးပါ။
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
့http://www.newmoekaungkin.blogspot.com