မင်း တကိုယ်ထဲ လျှောက်ပေတော့ ...။
ကြောက်ဒူးတုန်လို့ နံရံဘက်လှည့်ပြီး
သူတို့ နှုတ်ဆိတ်နေရင် မင်း ကံဆိုးတာပေါ့၊
စိတ်ရှင်းရှင်းနဲ့ တကိုယ်ထဲသာ
ပွင့်ပွင့်လင်းလင်းပြောပေတေ
တောကြီးမျက်မဲထဲ ဖြတ်သန်းနေတုံး
မင်းကို သူတို့ စွန့် ခွါသွားရင် မင်း ကံဆိုးတာပေါ့၊
ဆူးငြောင့်ခလုပ်တွေ နင်းချေရင်း
သွေးစွန်းတဲ့လမ်းမှာ မင်းတကိုယ်ထဲ လျှောက်ပေတော့ ။
မုန်တိုင်းထန်တဲ့ညမှာ မီးအိမ်ကို သူတို့ မကိုင်ရင်
မင်းကံဆိုးတာပေါ့၊
ဝေဒနာမီးလျှံနဲ့  မင့်နှလုံးသားကိုထွန်းညှိ
တကိုယ်တည်း တောက်လောင်ပါစေတော့ ။
ရေး-တဂိုး
ဘာသာပြန်ဆိုသူ-ဒေါ်အောင်ဆန်း