Sunday, February 17, 2013
ခံစားနားလည်နိုင်အောင် ကြိုးစားရမယ်
မိဘမဲ့နေကြတဲ့
လူမမယ်ကလေးတွေရဲ့  ငိုရှိုက်သံ၊
အိုးအိမ်မဲ့နေတဲ့
ဒုက္ခသည်တွေရဲ့  ညည်းညူသံ၊
ပြေးလွှားပုန်းအောင်းနေရတဲ့
မိသားစုတွေရဲ့ မောဟိုက်သံ၊
စစ်ဘေးဒဏ်ခံနေရတဲ့
လူမျိုးစုတွေရဲ့ ပင့်သက်ရှိုက်သံ၊
အနိုင်ကျင့် စော်ကားခံနေရတဲ့
လူနည်းစုတို့ရဲ့ အံကြိတ်သံ၊
လင်သေ သားဆုံး
မုဆိုးမတွေရဲ့  ပူဆွေး သောကသံ၊
လူတန်းစေ့မနေနိုင်သေးတဲ့
အခြေခံလူတန်းစားတွေရဲ့ ဘဝရင်မောသံ၊
စိုးတထိတ်ထိတ်နေနေရသူတွေရဲ့  ရင်ခုံသံ၊
အဲဒီအသံတွေ
ကျွန်ုပ်တို့ရဲ့ မျက်ဝန်းအစုံမှာ ၊
ကျွန်ုပ်တို့ရဲ့ ဥဏှောက်ထဲမှာ
ကျွန်ုပ်တို့ရဲ့ ရင်ထဲမှာ ၊
ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲမှာ
ကျွန်ုပ်တို့ရဲ့ အသွေးအသားထဲမှာ
ခံစားနားလည်နိုင်အောင် ကြိုးစားရမယ်။
ခံစားနားလည်တတ်အောင် လေ့ကျင့်ရမယ်။
အဲဒီတော့မှ
ခွဲခြား နှိမ့်ချမှုတွေ၊ အနိုင်ကျင့် စော်ကားမှုတွေ၊
ဗိုလ်ကျ စိုးမိုးမှုတွေ၊ နိုင်လိုမင်းထက်ပြုကျင့်မှုတွေ၊
မတရားနယ်မြေလုမှုတွေ ၊ မီးရှို့ ဖျက်ဆီးမှုတွေ၊
အုပ်စုဖွဲ့ သတ်ဖြတ်မှုတွေ ကင်းဝေးပြီး
ညီညွတ် မျှတ သဟဇာတဖြစ်တဲ့
ပတ်ဝန်းကျင်ကောင်းကိုတွေ့ရမယ်။
ငြိမ်းချမ်းသာယာ ချမ်းမြေ့တဲ့
လူမှုဘဝကို ဖော်ဆောင်နိုင်မယ်။
ပဋိပက္ခတွေကင်းဝေးတဲ့
လောကနိဗ္ဗာန်ကို တည်ဆောက်နိုင်မယ်။
ကျွန်ုပ်တို့ လျှောက်လှမ်းနေတဲ့
ဒီမိုကရေစီစနစ်ကို အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
၂၀၁၃ နှစ်သစ်ဝင်ချိန်မှာ
ကျွန်ုပ်တို့ရဲ့ ကြွေးကြော်သံ
ံHappy New Year ဆိုတဲ့ကြွေးကြော်သံ
ကျွန်ုပ်တို့တိုင်းပြည်အတွက် လုံလောက်သွားပါလိမ့်မယ်။
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
http://www.newmoekaungkin.blogspot.com