အချောင်သမား နိုင်ငံရေးခေါင်းဆောင်တို့ သည်
ပြည်သူလူထု၏ ပြင်းထန်သောအမျိုးသားရေး စိတ်ဓါတ်ကို
အမြတ်ထုတ်ကာ သူတို့အကျိုး ၊
သူတို့အသင်းအဖွဲ့၏ အကျိုးကို
ဆောင်ရွက်တတ်သော သဘောမျိုး သမိုင်းတွင် ရှိခဲ့သည်။
ဤသို့ အမျိုးသားရေး စိတ်ဓါတ်ကို အမြတ်ထုတ် တတ်ခြင်းကို
ကျွန်တော်တို့သတိပြုရမည် ။
သို့မဟုတ်ပါက အမျိုးသားရေး ပဋိပက္ခ များကို ပေါ်ပေါက်စေ၍
ကျွန်တော်တို့  အာရုံကို အဓိက ရည်မှန်းချက်မှ
ဝေးသွားအောင် ဖန်တီး ခြင်းခံရလိမ့်မည်။
ဗိုလ်ချုပ်အောင်ဆန်း
(၁၉၄၆ -ခု ၊ ဇန်န၀ါရီ လ ၂၀ - ရက် ၊ ဖဆပလ - ပထမကွန်ဂရက်တွင် ပြောကြားသော ဥက္ကဌ မိန့် ခွန်း )