Home

Friday, October 25, 2013

လူမျိုးရေး၊ ဘာသာရေးခွဲနေတာတွေ

မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားတာ 
ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပြောနေကြပြီး၊
မိမိတို့ လူမျိုးတူ ဘာသာတူ အချင်းချင်းမှာပင်လျှင်
လူမျိုးရေး၊ ဘာသာရေးခွဲနေတာတွေ
အုပ်စုတိုက်ပွဲတွေ၊ ရန်စောင်မုန်းတီးမှုတွေ Facebook Social Page မှာ
တွေ့ရ၊ မြင်ရ၊ ကြားရတာတော့ စိတ်မသက်သာစရာပဲဗျာ။

အယူအဆမတူကွဲပြားတာ၊ အတွေးအခေါ် အမြင် ခြားနားတာ 
လူမျိုးမတူ၊ ဘာသာကွဲပြားတာ၊ယုံကြည်ချက်၊ ခံယူချက် 
မတူတာတွေကတော့ ရှိမှာပေါ့ဗျာ။ ကိုယ်နဲ့ အတင်းအဓမ္မ လိုက်တူရမယ်၊
ငါနဲ့မတူ ငါရန်သူဆိုတာတွေကတော့ အတ္တ၀ါဒီတွေရဲ့အတ္တကြီးမှုတွေလို့ ထင်တယ်ဗျာ။
ဒီမိုကရေစီနဲ့တော့ လားလားမှ မကိုက်ညီဘူးဗျ။ ဒီလိုပုံ ဒီလိုအချိုးနဲ့သွားနေလို့ကတော့
ဆန့်ကျင်ဖက် အုပ်စုက နောက်ကွယ်မှာ အောင်ပွဲခံနေမှာပေါ့ဗျာ။

ဘယ်လူမျိုး ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ လူသားအချင်းချင်း လူဆိုတဲ့ အတွေးအမြင်နဲ့
လူသားစိတ်ဓာတ် အရင်းခံပြီး တစ်ဦးကိုတစ်ဦး အပြန်အလှန် နားလည်မှုနဲ့ 

ဂုဏ်ပေးဆက်ဆံ၊ခင်မင်ရင်းနှီးမှု တည်ဆောက်ကြရင်း 
လူသားထုတစ်ရပ်လုံးရဲ့လူ့ဘောင်၊ လူ့အဖွဲ့အစည်း
တိုးတက်ရာ တိုးတက်ကြောင်း၊ အောင်မြင်ရာ အောင်မြင်ကြောင်း 

ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းကြရမယ့်အချိန်ဆိုတာတော့ မမေ့ကြပါနဲ့ဗျာ။

by: mmw.rasu_24.10.2013