မတူညီတဲ့လူ့ဘောင်အဖွဲ့အစည်းတွေ အမြောက်အများ ရေရှည်တိုးတက်ဖို့၊ အေးအေးချမ်းချမ်းနေဖို့မျှော်လင
ကျနော်တို့အားလုံး စိတ်ရှည်လက်ရှည်နဲ့ ညီညီညွတ်ညွတ်ဖြစ်ဖို့ ကြိုးစားကြဖို့ပဲဖြစ်ပါတယ်။
ရန်ငြိုးရန်စတွေရှိခဲ့တာကိုပဲ ပြန်ပြောနေပြီးနောက်ထပ် ရန်ပွားဖို့လုပ်ကြမယ်ဆိုရင် ကျနော်တို့ အနာဂါတ်မရှိနိုင်ပါဘူး။ အားလုံးအတူတကွ လုပ်ကြရပါလိမ့်မယ်။
အလွယ်တကူနဲ့တော့ကျနော်တို့အတွက်
မျိုးဆက်တွေအတွက် ကျနော်တို့ ဘာတွေထားခဲ့ကြမှာလဲ။ တစ်စုနဲ့တစ်စု လူမျိုးမတူသူချင်း ကိုးကွယ်မှု မတူချင်း ဓလေ့စရိုက်မတူသူချင်း အချိန်မရွေး ထရန်ဖြစ်နိုင်တဲ့ဝန်းကျင် အခြေအနေမျိုး ဖန်တီးတည်ဆောက်
ခဲ့ကြမှာလား။ လူနဲ့လူချင်းအတူတူဖြစ်တယ်၊ လူတိုင်းဟာ ကိုယ်ကြိုက်တာကို လုပ်ဖို့ ရွေးချယ်ခွင့်ရှိတယ်၊ ယုံကြည်ရာကို လွတ်လပ်စွာ လုပ်ခွင့် ပြောခွင့်ရှိတယ်။
လူနဲ့လူချင်းလေးစားတန်ဖိုးထားရမ
အတွေးအခေါ်စိတ်ဓါတ်တွေကို သန့်စင်ဖယ်ရှားပစ်ဖို့ လူတိုင်းမှာတာဝန်ရှိတယ်။
ကိုယ့်အနီးအနားမှာ လူ့ဘောင်အဖွဲ့အစည်းကို ထိခိုက်မယ့်၊ ပျက်စီးစေမယ့် အလုပ်လုပ်နေရင်၊ အပြော ပြောနေရင် ကိုယ်တတ်စွမ်းသလောက်တားဆီးဖို့
လူတိုင်းတာဝန်ရှိတယ် ဆိုတာမျိုးတွေ အားလုံးကလက်ခံပြီးကြိုးစား
တည်ဆောက်ကြဖို့လိုပါတယ်။
ကျနော်တို့ ပဒိုင်းပင်စိုက်ပြီး သရက်သီးခူးချင်လို့မရဘူးဗျ။ ပဒိုင်းသီးစားပြီး သေကြဖို့ပဲရှိတယ်။ ဘာသာတရားတိုင်းက ယဉ်ကျေးတဲ့လူ့ဘောင်
တည်ဆောက်ဖို့ပဲအားပေးတယ်။
မဖွယ်မရာတွေးပြီး မဖွယ်မရာပဲ လုပ်နေရင် ဘယ်တော့ငြိမ်းချမ်းမှာလဲ။
ကိုယ်ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားကို တန်ဖိုးတကယ်ထားရဲ့လားဆိုတာ ကိုယ့်ဘာသာဆန်းစစ်နေရလိမ့်မယ်။ ဘာသာတရားနဲ့ဆန့်ကျင်တာကို လုပ်မိရင်
ဒါဟာ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမဲ့အောင
လူ့ဘောင်တစ်ခုလုံးနဲ့ လူသားဆိုတဲ့ သဘောတရားကို အနှစ်သာရကိုပါ ဖျက်ဆီးတာပဲ။
ကျနော်တို့ အတူတူ လက်တွဲပြီးမလုပ်ချင်ဘူးဆိုရင် အားလုံးထိခိုက်ပျက်စီးမှာပဲ။
ငါရှင်သန်ဖို့ သူမရှိမှဆိုတာ တောတွင်းဥပဒေပါ။ လူဆိုတာကယဉ်ယဉ်ကျေးကျေး တွေးရပါတယ်။ ရိုင်းရိုင်းပင်းပင်းနဲ့ လုပ်တတ်ရပါတယ်။ လူလူချင်းတန်ဖိုးထားတတ်မှ
သာ လူပီသမှာဖြစ်ပါတယ်။
by Pite Tin