တို့တစ်တွေဟာ
ဒီမြေ ဒီဒေသမှာ
အတူသွားအတူလာ
အတူပညာသင်ခဲ့ကြပြီး
အတူကြီးပြင်းလာခဲ့ကြပြီးမှ
ခလောက်ဆန်တဲ့
စကားတွေကြောင့်
စိမ်းစိမ်းနေကြရမယ့်အဖြစ်
ယောင်လို့တောင် မတွေးခဲ့တာအမှန်။
တကယ်တော့ တို့တစ်တွေဟာ
တစ်ယောက်အကြောင်း
တစ်ယောက်အသိဆုံးတွေမို့
ဘာသာရေး ပွဲတော်တိုင်းမှာ
တို့ပျော်ခဲ့ကြ စားခဲ့သောက်ခဲ့ကြသလို
ရွာကျောင်းကထိန်မှာလည်း
တို့အားလုံးတူတူ ဝင်နွှဲခဲ့တာ
တို့တွေမေ့နိုင်ကြမှာမဟုတ်ဘူး။
အပြင်ပန်း ရူပကာမှာ
အသွေးအရောင်တွေကွဲပေမယ့်
နှလုံးခုန်တာချင်းတူ
အနာဂတ်အိပ်မက်ချင်းပါတူတဲ့ တို့တစ်တွေ
ခန္ဓာတွင်းက သွေးရောင်တွေဟာ
နီရဲနေတာ အတူတူမို့
အရေပြားအရောင်ကွဲရုံနဲ့
တို့တစ်တွေရဲ့ စည်းလုံးမှုကို
ပျက်ပြားမယ်လို့ ဘာကြောင့်ထင်….။
အံ့သြမိပါရဲ့
လက်မောင်းသွေးဖောက်လို့
ရောစပ်ကြည့်ရင်တောင်
ပြန်ခွဲလို့မရနိုင်တဲ့ သွေးစက်တွေရဲ့ပိုင်ရှင်
တို့တစ်တွေဟာ … …. …
လူထဲက လူတွေပါပဲလေ……….။
Ye Man Aung 4-4-2013
Credit to:Ye Man Aung
Reposted by: mmw.rasu_5.11.2013