ကွန်မြူနစ်ဝါဒပဲဆိုရင် လက်ခံကြမလားမသိဘူးဗျ။ ကျုပ်ကတော့ ဇစ်မြစ်ကိုလိုက်တတ်ပါတယ်။
ကွန်မြူနစ်ဝါဒရဲ့အဆွယ်အပွား ဆိုရှယ်လစ်ဝါဒကိုကိုင်ပြီး အာဏာရှင်ကြီးက
တိုင်းပြည်ကိုဖျက်ခဲ့တာကြောင့် အခုပြန်ပြင်ဖို့ကြိုးစားကြတော့ အခက်ကြုံနေရခြင်းဖြစ်ပါတယ်။
လူပုဂ္ဂိုလ်အခြေပြုတဲ့ နိုင်ငံရေးစနစ်ဆိုတာမရှိပါ။
လူပုဂ္ဂိုလ်ကို အခြေပြုခြင်းဟာ အဲဒီပုဂ္ဂိုလ်ကို အာဏာရှင်ဖြစ်အောင်တွန်းပို့တာပါပဲ။
သေချာတာကတော့ စံနစ်ဆိုးရင် တိုင်းပြည်ပျက်မယ်။
စံနစ်ကောင်းရင်တော့ တိုင်းပြည်ကောင်းပါတယ်။
အာဏာရှင်စံနစ်ဆိုတာ ကောင်းတဲ့ နိုင်ငံရေးစံနစ်မဟုတ်လို့ တိုင်းပြည်ပျက်ခဲ့ရခြင်းဖြစ်ပါတ
ဒေါ်စုက လူထုခေါင်းဆောင်လို့ တော်တော်များများက သတ်မှတ်ထားလေတော့
ငြိမ်းချမ်းရေးအတွက် ရှေ့ဆုံးက ကိုယ်ဖိရင်ဖိဆောင်ရွက်ပေးဖို့ ကျုပ်ဒေါ်စုကို မျှော်လင့်မိခဲ့တာပါ။
ဒေါ်စုအနေနဲ့ သူ့ကိုမခေါ်လို့ သူ့မလုပ်ဘူးလို့တော့ မပြောသင့်ပါ၊
ဒေါ်စုဟာ ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင်ပါ။
သူ့ကိုမခေါ်လို့ သူ့မလုပ်ဘူးဆိုရင်လည်း ကျုပ်တို့ ဘာမှမတတ်နိုင်ပါ။
မြန်မာနိုင်ငံကို အင်္ဂလိပ်ကသိမ်းထားတုန်းက ဗိုလ်ချုပ်အောင်ဆန်းကို
လွတ်လပ်ရေးရအောင်တိုက်ပေးပါလို့
သူ့ဘာသာ အရူးအမူးကြိုးစားခဲ့လို့ ကျုပ်တို့တိုင်းပြည် လွတ်လပ်ရေးရခဲ့တာပါ။
ကျုပ်လည်း အခုတတ်နိုင်သလောက် စာလေးတွေရေးနေတာ ဘယ်သူခိုင်းလို့မှ မဟုတ်ပါ။ကျုပ်ဘာသာ တတ်နိုင်သလောက် ဘယ်သူကမှမခိုင်းဘဲ လုပ်နေတာဖြစ်ပါတယ်။
လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့
ထိရောက်အောင် အများကြီး ပိုပြီးလုပ်နိုင်ပါတယ်။
ဒီအချိန် တိုင်းပြည်မှာ အလိုအပ်ဆုံးက ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးပါ။
အခုဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဘယ်တုန်းကမှ မရခဲ့တဲ့ အခြေအနေကောင်းတွေ
ရနေတာမို့ လက်မလွတ်နိုင်လို့ပါ။ဒေါ်စုက သာမန်ခေါင်းဆောင်မဟုတ်ဘဲ ငြိမ်းချမ်းရေးနိုဗဲလ်ဆု ရထားတဲ့ခေါင်းဆောင်မို့ ငြိမ်းချမ်းရေးအတွက် ကျုပ်မျှော်လင့်မိတာပါ။
ငြိမ်းချမ်းရေးအတွက် ဒီထက်ပို လုပ်စေချင်ပါတယ်။
ဒါကိုလက်မခံနိုင်ကြဘူးဆိုရင်လည်
ကြိုက်တာကို ကြိုက်သလို ယုံကြည်ခွင့်ရှိပါတယ်။
ကျုပ်တို့တိုင်းပြည်ကို ဘယ်သူက ဖျက်လို့ပျက်ခဲ့၊ ပျက်ခဲ့ပါ။ ငြင်းခုံနေရမယ့်အချိန်မဟုတ်တော့
တိုင်းပြည်ပြုပြင်ပြောင်းလဲနေတဲ
တပ်မှာလည်း အဓိကတာဝန်ရှိသလို၊ ခေါင်းဆောင်တိုင်းရဲ့တာဝန်လည်ြး
ခင်ဗျားမှာတာဝန်ရှိသလို ကျုပ်မှာလည်း တာဝန်ရှိတယ်လို့ ယုံကြည်တယ်ဗျာ။
mmw.rasu_10.11.2013