Home

Monday, November 11, 2013

မိမိ Community အတွင်း တိုးတက်ရာ တိုးတက်ကြောင်း

မိမိ Community အတွင်း
တိုးတက်ရာ တိုးတက်ကြောင်း
အောင်မြင်ရာ အောင်မြင်ကြောင်း
ကောင်းမွန်ရာ ကောင်းမွန်ကြောင်း
ကြိုးစားနေတာပါလို့
ပါးစပ်က သံကုန်ဟစ်နေပြီး

မိမိကိုယ်တိုင်ကျတော့
စိတ်ဓာတ်က အနိမ့်ဆုံးအဆင့်၊
အတွေးအခေါ်က အောက်တန်းကျ၊
အယူအဆက အစွန်းရောက်နေမှတော့
မိမိ Community အတွင်းမှာ
ဘယ်လိုလုပ်ပြီး
တိုးတက်မှာလဲ?
အောင်မြင်မှာလဲ?
ကောင်းမွန်မှာလဲ?

ပိုဆိုးနိုင်က
တစ်ခြား Community ကိုပါ
အနှောင့်အယှက်ပေးနေတော့မှာပေါ့။
တစ်ခြား Community နဲ့
ဘယ်လိုလုပ်ပြီး
သဟဇာတဖြစ်မှာလည်းဗျာ။
mmw.rasu_28.10.2013