လူ့အဖွဲ့အစည်းအချင်းချင်းကြား
စော်ကားမှုတွေ၊ နှိမ်ချမှုတွေ နဲ့ ခွဲခြားဆက်ဆံမှုတွေဟာ
လူကျင့်ဝတ်အမှားတစ်ခုကို ကျူးလွန်နေတာဖြစ်တယ်။
စော်ကားမှုတွေ၊ နှိမ်ချမှုတွေ နဲ့ ခွဲခြားဆက်ဆံမှုတွေရှိနေမယ်ဆိုရင်
ငြိမ်းချမ်းရေးဟာ ရေရှည်မခံနိုင်ပါဘူး။
နိုင်ငံတစ်နိုင်ငံရဲ့တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုဟာ
ပြည်တွင်းရေးငြိမ်းချမ်းမှုအပေါ်မှာ တည်မှီပါတယ်။
ပြည်တွင်းက လူ့အဖွဲ့အစည်းအချင်းချင်း
တန်းတူရည်တူ အခွင့်အရေးအပြည့်အ၀မပေးသေးသမျှ၊
လူ့ကျင့်ဝတ်သိက္ခာနဲ့အညီ ကောင်းကောင်းမွန်မွန်
တန်းတူ ရည်တူ မဆက်ဆံသေးသမျှ၊
ပြည်တွင်းရေးငြိမ်းချမ်းမှု အလှမ်းဝေးနေမှာပါ။
ပြည်တွင်းရေး မငြိမ်းချမ်းသေးသမျှ ကာလပတ်လုံး
အေးချမ်းတည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ မှန်ကန်တဲ့
လွတ်လပ်မှုနဲ့လူထုတစ်ရပ်လုံး ကြီးပွားချမ်းသာမှု မရနိုင်ပါဘူး။
ဆင်းရဲတဲ့သူတွေနဲ့ ပညာမဲ့သူတွေများပြားလာမယ့်
ပြုပြင်ပြောင်းလဲရေးဆီ ဦးတည်သွားနိုင်ပါတယ်။
ဒါကိုနားလည်သဘောပေါက်လာအောင် လူ့အဖွဲ့အစည်းအချင်းချင်း
အတူတကွ ပူးပေါင်းကြိုးစားကြရမှာဖြစ်ပါတယ်။
နိုင်ငံကို ဦးဆောင်နေသူတွေကလည်း
နိုင်ငံတွင်းက လူ့အဖွဲ့အစည်းအားလုံးကို
စော်ကားမှုတွေ၊ နှိမ်ချမှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေမရှိဘဲ၊
တူညီတဲ့ လူသား မိသားစုဝင်တွေဆိုတဲ့အသိနဲ့
ကျောသား ရင်သား မခွဲခြား ပြုမူဆက်ဆံလာမယ်၊
တန်းတူ ရည်တူ အခွင့်အရေး အပြည့်အ၀ပေးလာနိုင်မယ်ဆိုရင်
ပြည်တွင်းငြိမ်းချမ်းမှုနှင့်အတူ အေးချမ်းတည်ငြိမ် ဖွံ့ဖြိုးတိုးတက်ပြီး
ချမ်းသာကြွယ်ဝတဲ့ နိုင်ငံအဖြစ်ရပ်တည်နိုင်မှာဖြစ်ပါတယ်။
mmw.rasu_8.11.2013