Home

Monday, November 11, 2013

လူမျိုးဖြစ်တည်မှုထက် လူဖြစ်တည်မှုက ပိုပြီးအဓိကကျပါတယ်

လူမျိုးဖြစ်တည်မှုထက် လူဖြစ်တည်မှုက ပိုပြီးအဓိကကျပါတယ်

လူ့အဖွဲ့အစည်းတွေကြားထဲမှာ လူထုကြားထဲမှာ လူမျိုးဖြစ်တည်မှုထက် လူဖြစ်တည်မှုက 
ပိုပြီး အဓိကကျတယ် အရေးကြီးတယ်ဆိုတဲ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် နားလည်လက်ခံလာကြပြီး ကျင့်သုံးနေထိုင်လာကြပြီဆိုရင် ဒီကနေ့မြန်မာပြည်မှာ ကျနော်တို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ နောက်ထပ်လည်း ကြုံတွေ့လာရဦးမယ့် ခေါင်းစဉ်အတော်များများကို ကျုံ့သွားအောင် ဖြေရှင်းလိုက်နိုင်မှာဖြစ်ပါတယ်


ါ့ကြောင့် ကျနော့်အမြင် ကျနော့်ခံယူချက်အရ ကျနော်တို့တွေအားလုံး ခေါင်းစဉ်တခုခြင်းအတွက် ရင်ဆိုင်ဖို့ အဖြေရှာနေကြတာထက် ကျနော်တို့အားလုံး လက်ရှိလည်း ရင်ဆိုင်နေရသော နောင်လည်း ရင်ဆိုင်လာလတ္တံသော ခေါင်းစဉ်အားလုံးအတွက် ဖြေရှင်းပြီးသားဖြစ်မယ့် ဘုံအဖြေတခုကို ဆွဲကိုင်ပြီး ညီညီညွတ်ညွတ် စုစုစည်းစည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကြစေချင်ပါတယ်။

အဲဒီလိုလုပ်ကြပြီဆိုရင်လည်း ကျနော်တို့ အားလုံးကဖြစ်စေ အများစုကြီးကဖြစ်စေ ကျနော်တို့ ကိုယ်တိုင်ကလည်း မိမိတို့လုပ်တဲ့အလုပ်နဲ့အညီ ကျင့်သုံးနေထိုင်ကြရမှာဖြစ်ပါတယ်မဟုတ်ရင်တော့ အချီးအနှီးပဲဖြစ်ပါမယ်။

ကျနော်တင်ပြသော ကျနော်တို့ဆိုသည်မှာ မိမိတို့ရဲ့ ဇာတိမြေကိုချစ်သော တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးကိုလိုလားသော လူမျိုးဘာသာမခွဲခြားပဲ လူထုအားလုံး လုံခြုံအေးချမ်းစွာ လုပ်ကိုင်စားသောက် နေထိုင်ရေးကို လိုလားသောသူများအားလုံးကို ဆိုလိုပါသည်။

ညိုသက်လွင်
Credit to: Nyo Thet Lwin
Reposted by: mmw.rasu_5.11.2013