ဒီမြေမှာမွေး၊ ဒီမြေမှာစား၊ ဒီမြေမှာရှင်သန်နေထိုင်ကြတဲ့ မိမိတို့ကိုယ် မိမိတို့ မြန်မာမုစ်လင်မ်ဟု ခံယူထားသူများအနေနဲ့ မိမိတို့ရဲ့မကြေနပ်မှုများ၊ သဘောထား မတိုက်ဆိုင်မှုများကြောင့် ဒေါ်စုကို ဝေဖန်နေကြတာ ဝေဖန်ခွင့်ရှိပါတယ်။ ဒါဟာ Democracy Right ပါ။ ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ စွပ်စွဲခြင်း ၊ အတင်းပြောမှုသဏ္ဍာန်များပြောဆိုနြေ
ဒေါ်စုတစ်ဦးကိုသာမဟုတ်၊ မည်သည့် လူမျိုး ဘာသာ သာသနာ ၊ မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်း
ကိုပင်ဖြစ်ပါစေ Hate Speech များနဲ့ ရိုင်းစိုင်းမှုများ၊ စော်ကားမှုများ၊ ဆဲဆိုမှုများ လုံးဝ လုံးဝ မလုပ်ကြစေလိုပါ။ ဘယ်သူတွေ တရားပျက်ပျက် မိမိတို့ မပျက်ကြဖို့ လိုအပ်ပါတယ်။ဘာကြောင့်လည်းဆိုတေ
မုစ်လင်မ်ဆိုတာ အစ္စလာမ်ဘာသာ သက်ဝင်ယုံကြည်ကြသူများ ဖြစ်သည့်အလျောက်
စင်္ကြ၀ဠာလောကခပ်သိမ်းကို အဆင့်ဆင့် ပြုစုပျိုးထောင် ထိမ်းသိမ်းစောင့်ရှောက်တော်မူသေ
အစ္စလာမ်သာသနာမှာ မိမိရန်သူကိုပင် မတရားမလုပ်ရ၊ ခွင့်လွှတ်ရမယ်၊
ရန်သူကလက်ကမ်းလာလျှင် မိမိဘက်ကလက်ကမ်းကြိုဆိုရမယ်လို့
အစ္စလာမ်သာသနာမှာ တရားမျှတမှု၊ လွတ်လပ်မှု၊ သာတူညီမျှမှု၊ ရဲဘော်ရဲဘက်စိတ်ထား၊ သစ္စာစောင့်သိခြင်းနဲ့ စိတ်သဘောထားကြီးမြတ်မှုတို့ကို အစဉ်တန်ဖိုးထားရမှာဖြစ်ပြီး၊
လူသားအားလုံးတို့အပေါ်၌တာဝန်ကျေမ
ကိုလည်း သွန်သင်ဆုံးမထားပါတယ်။ အစ္စလာမ့်လူမှုရေးစနစ်ရဲ့အုတ်မြစ်
တစ်တန်းတစ်စားတည်းဖြစ်တယ်၊ တစ်မိသားစုတည်းဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်အပေါ်မှာ
အခြေခံ ရပ်တည်ပါတယ်။
တကိုယ်ကောင်းဆန်မှု၊ အတ္တလွန်ကဲမှု၊ ရက်စက်ကြမ်းကြုပ်မှု၊ တယူသန်မှု၊စေးနဲတွန့်တိုမှုတို့ကိ
အကောင်းအဆိုးဆိုတာ ဒဏ္ဍာရီဆန်တဲ့အရာတွေမဟုတ်ပါဘူး။ အကောင်း၊အဆိုးဆိုတာ
ပရမတ္တသစ္စာဖြစ်တယ်။ အကောင်းနဲ့အဆိုးကို သိတဲ့စိတ်သာလျှင် လူသားရဲ့ဗီဇဖြစ်တယ်။
မှန်မှန်မှားမှား မျက်လုံးစုံမှိတ်ပြီး ကိုယ့်လူဖက်ကပဲ ရပ်တည်ရမယ်ဆိုတာ အစ္စလာမ်မှာ မရှိပါဘူး။
မိမိတို့ဘက်က မှန်နေပါသော်လည်း၊ မိမိတို့ဘက်ကတရားမျှတနေပါသော်လည
အစ္စလာမ်ဆိုတာ ငြိမ်းချမ်းရေးကိုဖန်တီးခြင်းလိ
မုစ်လင်မ်(၀ါ)ငြိမ်းချမ်းရေးကို
မုစ်လင်မ်ဆိုသူတွေအနေနဲ့ အစ္စလာမ်သာသနာရဲ့ သွန်သင်ဆုံးမမှုတွေပေါ်မှာ မားမားမတ်မတ် ရပ်တည်ကြဖို့ကြိုးစားရင်း အစ္စလာမ်သာသာနာဝင် ပီသကြစေလိုပါတယ်။ အစ္စလာမ်သာသနာဟာ ဓါးမိုးပြီး သာသနာပြန့်ခဲ့တာမဟုတ်ပါ။ ကိုယ်ကျင့်တရားနဲ့ စာရိတ္တကြောင့် ကမ္ဘာမှာ သာသနာပြန့်ခဲ့တာပါ။ မိမိတို့ အစ္စလာမ်သာသနာက သွန်သင်ဆုံးမထားထားတဲ့ ဘ၀လူနေမှုပုံစံအတိုင်း မိမိတို့ရဲ့ ကိုယ်ကျင့်တရားနဲ့ စာရိတ္တကို ပြသရမှာဖြစ်ပါတယ်။
စိတ်ဆန္ဒ အစွဲများနဲ့ ဘာသာရေးအစွန်းရောက်မှုတို့ကြောင်
မလုပ်ကြပါနဲ့လို့ တိုက်တွန်းလိုက်ရပါတယ်။
mmw.rasu_27.10.2013