Home

Monday, November 11, 2013

မိမိခြံစည်းရိုး မိမိလုံအောင်ကာချင်တာနဲ့

ကျုပ်တို့တိုင်းပြည်မှာ လူမျိုးရေးမုန်းတီးမှုတွေ၊ 
လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ 
အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလအတွင်းမှာမှ 
ဘာကြောင့်ဖြစ်လာရတာလဲ။ 

အဲဒီလိုဖြစ်လာတာ ပြည်တွင်းမှာ ခေတ်အဆက်ဆက်
အေးအတူပူအမျှ ကောင်းတူဆိုးဖက်နေလာခဲ့ကြတဲ့ 
မတူကွဲပြားလူမျိုးစု ပြည်သူလူထုရဲ့ စီမံကိန်းတော့ 
မဟုတ်တာသေချာပါတယ်။

မိမိတို့ရဲ့  အမျိုး၊ဘာသာ၊သာသနာကို 
ကာကွယ်တာ၊ ထိန်းသိမ်းတာ လူမျိုးတိုင်းဘာသာတိုင်း
အတွက်ကောင်းတဲ့ အစဉ်အလာတစ်ခုပါ။
ကာကွယ်ဖို့၊ ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်။
အမျိုး ဘာသာ သာသနာကို ကာကွယ်တယ်၊ ထိန်းသိမ်းတယ်ဆိုပြီး၊
အမျိုး ဘာသာ သာသနာကို ခုတုံးလုပ်ပြီးတော့
ပဋိပက္ခတွေ ဖန်တီးတာကတော့ မသင့်တော့တဲ့ အလုပ်ပါ။

အမျိုး ဘာသာ သာသနာကို နည်းမှန် လမ်းမှန်နဲ့
ကာကွယ်၊ ထိန်းသိမ်းဖို့တော့ လိုအပ်ပါတယ်။
ဘယ်ဘာသာဝင်၊ ဘယ်လူမျိုးပဲဖြစ်ဖြစ်
မိမိတို့ရဲ့အမျိုး ဘာသာ သာသနာကို
ကာကွယ်ချင်တာ ထိန်းသိမ်းချင်တာနဲ့
တစ်ခြားလူမျိုး တစ်ခြားဘာသာကို
စော်ကား၊ ရန်ပြု၊ အကြမ်းဖက်မှုစတဲ့
လုပ်ရပ်တွေဟာ မသင့်တော်ဘူးဆိုတာ
လူမျိုးတိုင်း ဘာသာတိုင်းက သိကြပါတယ်။

မိမိခြံစည်းရိုး မိမိလုံအောင်ကာချင်တာနဲ့
တစ်ခြားသူခြံစည်းရိုး ရိုက်ချိုးဖို့ မသင့်ဘူးဆိုတာ
လူသားတို့မှာရှိတဲ့ အသိဥာဏ်လောက်နဲ့
လူတိုင်းဥာဏ်မှီကြပါတယ်။

ဒါဆိုရင် အခုဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလအတွင်း
မြန်မာပြည်မှာ လူမျိုးရေးမုန်းတီးမှုတွေ၊
လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်နေတာ
ဘယ်သူ့စီမံကိန်းလဲဆိုတာ မြင်အောင်ကြည့်ပြီး
တည်ငြိမ်အေးချမ်း တည်တံ့ခိုင်မာတဲ့ ဒီမိုကရေစီပန်းတိုင်
မပျောက်ပျက်ရအောင်ဆက်လက်ကြိုးပမ်းကြပါစို့လို့
တိုက်တွန်းလိုက်ပါရစေ။

mmw.rasu_4.11.2013