Home

Monday, November 11, 2013

ကမ္ဘာ့မိသားစုအသိုက်အမြုံကို တည်ဆောက်ကြပါစို့

အသက်သွေးချွေးပေါင်းမြောက်မြားစွာရင်းနှီးရယူထားတဲ့
သွေးနုသားနု ဒီမိုကရေစီအလင်းတန်းလေး 
သဲထဲရေသွန်ဖြစ်သွားမှဖြင့် ယူကြုံးမရဖြစ်နေကြရမယ်ဗျာ။ 
တိုင်းပြည်လည်းနစ်နာ၊ လူထုလည်း ဂုဏ်သိက္ခာထိခိုက်မယ့်အဖြစ်ပါ။

အစွန်းရောက်မျိုးချစ်စိတ်၊ အစွန်းရောက်ဘာသာရေးစိတ်၊
အစွန်းရောက်အမျိုးသားရေးစိတ်နဲ့ တစ်ဖက်မြင်ဝါဒတွေဟာ 
လူသားတိုင်းအတွက် ဒုက္ခပေးနိုင်ပါတယ်။
ဘယ်အစွန်းရောက်မှုမျိုးကမှ လူသားတွေကို ကောင်းကျိုးမပေးပါဘူး။
အန္တရာယ်ကိုသာဖြစ်နိုင်ပါတယ်။

အမျိုးသားရေးဦးတည်ချက်ကြော်ငြာပေါင်းများစွာနဲ့
နှစ်ပေါင်း ၅၀ ကျော်ကျော် ကျွန်တော်တို့ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးပါပြီ။
တိုင်းပြည်လည်းမွဲ၊ လူထုလည်း မွဲခဲ့ရပြီးပါပြီ။
လူထုကိုကွဲအောင် သွေးမခွဲကြပါနဲ့ဗျာ။
ဒီသင်္ခန်းစာတွေကို နှလုံသွင်းရင်း
အစွန်းရောက်မှုတွေကိုခ၀ါချလိုက်ကြပါ ။

လူရယ်လို့ဖြစ်လာရင် ဘယ်အစွန်းရောက်မှုမျိုးကိုမှ
အားမပေးခဲ့ပါဘူး။ မတိုက်တွန်းခဲ့ပါဘူး။ မချီးမွှမ်းခဲ့ပါဘူး။
မဇ္ဈိမပဋိပဋာ လမ်းစဉ်သာလျှင် လူသားကောင်းကျိုး သယ်ပိုးနိုင်တာမို့
မိမိတို့ ယုံကြည်တဲ့ စိတ်ခံစားချက်တွေ၊ အတွေးအခေါ်တွေ၊ ခံယူချက်တွေနဲ့
လူသားအားလုံးကို လင်းဝင်းမှု၊ အေးငြိမ်းမှုတွေလွှမ်းခြုံပေးနိုင်အောင် စွမ်းဆောင်ရင်း
အေးချမ်းတည်ငြိမ်တဲ့ ကမ္ဘာ့မိသားစုအသိုက်အမြုံကို
တည်ဆောက်ကြပါစို့လားခင်ဗျား။ ။

mmw.rasu_31.10.2013