Home

Thursday, April 4, 2013

ကဗျာမိုးပြေး

" ရာဝဏ၏ နှလုံးသား " 
မှတ်မှတ်ရရပါ သီတာ 
အသူရာကို အောင်မြင်ရာ 
ဓမ္မိကသေလာ တောင်စခန်း မှ
စမ်းချောင်းထဲက ရွေရုပ်လွှာ 
ငါ့ရင်ကိုကိုင်လှုပ် ငါ့နှလုံးသားလှုပ်ရှားခဲ့ပါပေါ့ 
ဟိုးအဝေးတစ်ဌာနဆီ က ငါ့ရှေ့ တော်မှောက် 
ဆိုက်ဆိုက်မြိုက်မြိုက် မျောပါ 
အဲ့ဒါငါ့ဖူးစာ အချစ်လို့ ခေါ်မယ် သီတာ ....
 
ချစ်သူသီတာတည်ရာ မိထ္ထိလာ 
ရွှေပုံလွှာဖိတ်စာပြ ရန်သူအာရိယန် 
မျိုးနွယ်စု ဘုရင်အပေါင်းတစ်ရာကြား
မရွံ့ မကြောက်လေးတင်ပွဲကို ကျုပ်ဝင်နွဲမည် 
လေးညှို့ ဖို့ မာန်တင် ကျွန်ုပ် ဒြာဝိဒိယန်ဘုရင် 
ရွှေနန်းသွန်းတဲ့ ရွှေလေးကြိုးတစ်ဖက်ကိုခဲ 
နွမ်းလျှတဲ့ ရင်အစုံနဲ့  ချစ်သက်လျှာ 
ရွှေယမင်းကို လှမ်းမျှော်ကြည့်ကာမှ 
ရွှေရုပ်လွှာ လအသွင်ဖြူဆုတ်ကာ 
အနိုင်ရမှာကြောက်ရွံ့ တဲ့ပုံက ကျုပ်ရင်ကို 
ဓါးနှင့်မွမ်းသလိုပ ခွန်အားတွေ ကျဆုံး 
ကျုပ်ဆက်မတင်နိုင်တော့ပါ သီတာ ....  
ရာမ၊လက္ခဏဆိုတဲ့ အယုဒ္ဓညီနောင်နှစ်ပါး 
ညီငယ်ရှုံးပါလို့  ကျုပ်ပျော်မဆုံးခင် 
နောင်တော်လေးတင် နတ်မနိုင်တဲ့သည် 
လေးတော် ဌက်မွှေးလိုပင် သူလေးညှို့ တင် 
ချစ်သောသီတာ ရွှေပြုံးတော်ဆင်မြန်း 
အို ဒီလိုရမတဲ့လား သီတာမပါလျှင် ငါမပြန်ဘူး 
ဆိုင်းမကြာဟစ်ကြွေး ရွှေခြည်ပ၀ါတန်းဆီမှ 
မင်းဒဿ ဘီလူးလိုသူနှင့် မလိုက်နိုင်ဘူးတဲ့လေ .... 
အားမတန်လို့  မာန်မလျော့နိုင်ဘူး သီတာ 
ရာမကိုလှည့်စား အချစ်ကိုအပါခေါ် 
သားရဲတွင်းပေါ် မညှာတာ ရွှေလှောင်အိမ်ထဲ 
စံမြန်းစေတာ လူကြမ်းကြီးဒဿမင်းရဲ့  
ချစ်တတ်သမျှ တွေပါ သီတာ.. 
ကျုပ်စံမြန်းရာရွှေနန်းတော်လဲ အချစ်ကြောင့် 
ပြောင်းလဲ ဘုရင်ပင် နန်းဆောင်သို့ မလာရ 
သားရဲတွင်းကိုခုန်ချကာ အသတ်သေခံဦးမယ့် 
ချစ်ရသူ သီတာ .... 
ရန်သူရာမ ငါ့နှလုံးသား သီတာကိုခိုးထုတ်ဖို့  
မျောက်ဘုရင် ဟနုမာကိုစေခိုင်း 
ရွှေလှောင်အိမ်ပျက်အောင်ပင် ရာဇ၀င်ရိုင်း 
ချစ်သူသီတာကို တစ်သက်တာ ငါပိုင်ဖို့  
သူ့ ချစ်လင် ရာမ သေစေဖို့  ကြံဆောင် 
အာရိယန်ကို ငါဒြာဝိဒိယန်စစ် ခင်းမယ်ပြုလို့  
သူ့ အတွက်မျက်ရည် ကျသတဲ့လား သီတာ 
ရာမဆိုတဲ့ အမည်နာမ ငါ့နှလုံးသားတွေခါးတယ် 
သေစေတော့ မင်းရာမ .... 
ကျုပ်ကိုင်သည့် ဓါးက မင်းချစ်လင် 
ရာမရင်ကိုခွင်း မနှေးပင် သတ်ချင်လင့်ပေမယ့် 
ရွှေမြှားအကာ ဖောက်ကာခွင်းလာတဲ့  
မရေမတွက်နိုင်တဲ့ မြားအစင်း မိုးပေါက်ပမာ 
ကျုပ်ရဲ့ လက်ဝဲရင်အုံကို စိုက်ခွင်း 
တစ်စင်းပြီး တစ်စင်းပါပဲ သီတာ ... 
လက်နက်တွေ ချိတ်ဆွဲထားတဲ့  
ဝတ်ရုံအောက်ဆီက မယ်သီတာကို 
ချစ်တဲ့ ရာဝဏရဲ့  နှလုံးသားရှိတာ 
မင်းသိတတ်မလား သီတာ... 
မင်းချစ်တဲ့  ရွှေအာဒိယန် အမျိုး 
ကျုပ် မုန်းတယ် သီတာ ကျုပ်ဝိညာဉ် 
ပျက်သုံးပါစေ ဒြာဝိဒိယန်ကို စုရုံးပြီး 
ဆက်လက်ခြေမှုန်းချင်ခဲ့လဲ ကျုပ်နောက်ဆုံး 
ဆန္ဒက မင်း.... မင်းကိုစတွေ့ ရာမြိုင်သေလာ 
တောင်ခြေရင်းက စမ်းချောင်းနံဘေးမှာ
ကျုပ်.... ကျ.... ဆုံး......မယ်....သီတာ ..... ။ ။ 
..............................(မိုးပြေး)............................ 
(ဆရာချစ်ဦးညို၏ လင်္ကာဒီပ ချစ်သူမှ သမိုင်းအထောက်အထားများ အားကိုးကား ထားပါကြောင်း ..)
Credit to: Moe Pyay