တစ်ယောက်ယောက်တော့ ခင်ဗျားရှေ့ရောက်နေပြီ
ခင်းဗျားအရိပ် ခင်ဗျားရှေ့ရောက်နေသလိုပေါ့။
ခင်ဗျား “ပီအက်စ်ဝိုင်” လားမေးတော့
ဂန်းနမ်း စတိုင်လ် က
ကျွန်တော် “ဘွန်ဂျိုဗီ”ပါလို့ဖြေလိုက်တယ်။
ဒီလိုပါပဲ
တစ်ယောက်ယောက်ဟာ ခင်ဗျားတို့ရှေ့မှာအမြဲရှိနေရတာပဲ။
ခုနက နယူးဂျာစီပေါ်ဖြတ်သွားတဲ့ “စန္ဒီ”လိုပေါ့
အမေရိကန်တွေ ပြာယာခတ်သွားပုံ။
နှလုံးသားကို လက်ပစ်ဗုံးနဲ့လဲပြီး
အစားထိုးခွဲစိတ်ထားတဲ့ တာလီဘန်လို့ကြွေးကြော်နေပေမဲ့
ခင်ဗျားတို့ရှေ့
လေထိရုံနဲ့မီးထတောက်နိုင်တဲ့ လဲ့မှိုလေးတစ်ပွင့်လို
တစ်ကမ္ဘာလုံး ထ,လင်းအောင် လောင်ခဲ့ရတဲ့မီးအဖြစ်နဲ့ ရောက်ရှိလာခဲ့ပြီ
သူမ “မာလာလာ”တဲ့ ။
“မ၀င်းမော်ဦး” ရေ
အလံမလဲပါဘူး သမိုင်းလည်းမသေ အမျှလည်းမဝေသေးပါဘူး
တစ်ယောက်ပြီးတစ်ယောက် ရောက်လာတဲ့သွေးသစ်တွေက
ကျန်ခဲ့တဲ့ မင်းခန္ဓာကို ကောက်ယူဝတ်ဆင် ရှေ့ကိုဆက် ချီတက်လျှက်။ ။
ခရမ်းပြာထက်လူ
၂ ၀ ၁ ၂