တမန်တော် မုဟမ္မဒ်သည် အစ္စလာမ်သာသနာကို ကနဦး စတင်ဟောကြားချိန်၌မက္ကဟ်မြို့ သားများသည် ကြောက်အားလန့်အားကြီးစွာဖြင့် အလွန်အမင်းငြင်းဆန်ကြလေသည်။ သူတို့ငြင်းဆန်ရခြင်းမှာ ခံယူချက်ကြောင့်မဟုတ်ဘဲ ရုပ်တုများကို ဗန်းပြကာ အကျိုးစီးပွားရှာနေသော ၄င်းတို့၏ လုပ်ငန်းကြီးများ ထိခိုက်သွားမည်ကိုစိုးသေြာေ ကာင့် ဖြစ်သည်။ ၄င်းတို့သည် နည်းမျိုးစုံဖြင့် တမန်တော်မုဟမ္မဒ်၏ သာသနာဟောကြားမှုကို တားဆီးသော်လည်း မရခဲ့ပေ။ နောက်ဆုံးတွင် ရက်စက်ကြမ်းကြုတ်မှုများဖြင့်  တမန်တော် မုဟမ္မဒ်နှင့် နောက်လိုက်လူနည်းစုအား နေလို့မရအောင် ဒုက္ခပေးလေတော့သည်။
၎င်းတို့ကြောင့် အစ္စလာမ်သာသနာဝင်အချို့ ရက်စက်စွာ အသတ်ခံရရုံမက တမန်တော် မုဟမ္မဒ် ကိုယ်တော်တိုင်ပင် ၄င်းတို့၏ ဒုက္ခပေးမှုများအား အလူးအလဲ ခံစားခဲ့ရသည်။ နောက်ဆုံးတွင် ဖန်ဆင်းရှင်၏အမိန့်ဖြင့် တမန်တော် မုဟမ္မဒ်နှင့် နောက်လိုက်များ မဒီနဟ်မြို့သို့ ထွက်ခွာသွားလေသည်။ သို့တိုင်အောင် မက္ကဟ်မြို့သား ရုပ်တုကိုးကွယ်သူများမှာ မုစ်လင်မ်တို့၏ ကျန်ရှိခဲ့သော အိုးအိမ်များ ဖျက်ဆီးခြင်း၊ စည်းစိမ်များ အဓမ္မသိမ်းပိုက်ခြင်းတို့ ပြုလုပ်ခဲ့ကြပြန်သည်။
အမှန်တရားပေါ်ထွက်ဖို့အတွက် အနစ်နာခံပေးဆပ်မှုတို့ဖြင့် နိဒါန်းပျိုးရသည်ကား လောကဓမ္မတာပင်။ မဒီနဟ်မြို့သို့ ဧည့်သည် အဖြစ်ရောက်ရှိသွားသော တမန်တော် မုဟမ္မဒ်ဟာ နှစ်အချို့ ကြာပြီးတဲ့နောက်ပိုင်းမှာ မဒီနဟ်မြို့၏ ခေါင်းဆောင်တစ်ဦးသဖွယ်ဖြစ် လာပြီး တမန်တော် မုဟမ္မဒ်၏ ဟောကြားပို့ချချက်များသည်လည်း မဒီနဟ်မြို့သားများကို မုစ်လင်မ်ဖြစ်သွားစေခဲ့ရုံမ က အာရပ်ဒေသ အတော်များများထံ ပျံ့နှံ့နေခဲ့ပြီးဖြစ်သည်။ ကြားကာလများတွင် မဒီနဟ်အထိလာရောက် နှောက်ယှက်နေသည့် မက္ကဟ်မြို့သားများနှင့် စစ်ပွဲအချို့ဖြစ်ပွားခဲ့ပေမ ယ့် စစ်ပွဲတိုင်းမှာ မုစ်လင်မ်တွေဖက်မှ သွားရောက်စိန်ခေါ်တိုက်ခိုက် တာမျိုးလုံးဝမရှိတဲ့အပြင် စစ်ပွဲတိုင်းမှာ မုစ်လင်မ်တွေဖက်က လက်နက်ကော လူအင်အားပါ အလွန့်အလွန် အားနည်းချို့တဲ့ခဲ့ရသည်။ ဖန်ဆင်းရှင်၏ ဖေးမမှုဖြင့် စစ်ပွဲအချို့ အနိုင်ရခဲ့သော်လည်း ရှုံးခဲ့ရသည့်စစ်ပွဲလည်းရှိခဲ့သည်။ စစ်ပွဲများကိုတိုက်ခိုက်ခဲ့ သည့်မုစ်လင်မ်များ၏ ရည်ရွယ်ချက်ကလည်း ရန်သူတွေရဲ့ အန္တရာယ်ကို ခုခံကာကွယ်ရန်သာဖြစ်ပြီး အစ္စလာမ်သာသနာပြန့်ပွားဖို့ဆိုတဲ့ကဏ္ဍလုံးဝမပါဝင်ခဲ့ကြောင်းကို နယ်ပယ်စုံမှ ဘာသာခြားသမိုင်းပညာရှင်များ ကပင် ထောက်ခံထားသည်။
နောက်ပိုင်းမှာတမန်တော်မုဟမ္မဒ်သည် မက္ကဟ်မြို့သားတွေနှင့် ငြိမ်းချမ်းရေးစာချုပ်တစ်ခု ချုပ်ဆိုခဲ့သည်။ ၄င်းစာချုပ်ကိုလည်း မက္ကဟ်မြို့သားတွေဖက်မှ စတင်ချိုးဖောက်ပြီး မုစ်လင်မ်တွေကို ကျူးကျော်တိုက်ခိုက်ခဲ့ပြန် သည်။ ထို့ကြောင့် တမန်တော်မုဟမ္မဒ်ဟာ မိမိရဲ့မွေးရပ်ဌာနေဖြစ်သော၊ မုစ်လင်မ်တို့အထွတ်အမြတ်ထား ရာ ကအ်ဗဟ်ကျောင်းတော်တည်ရှိသော မက္ကဟ်မြို့ကို သိမ်းပိုက်ရယူရန် ပြင်ပါတော့သည်။ လွန်ခဲ့သည့် ၇ နှစ်ကာလက တမန်တော် မုဟမ္မဒ်နှင့်နောက်လိုက်များ အား ဒုက္ခပေးနှိမ်နှင်းခဲ့ကြသော မက္ကဟ်မြို့သားများ၏ရင်ထဲ၌ ယခုအချိန်တွင် ခုခံလိုစိတ်ထက် ကြောက်စိတ်လန့်စိတ်များက စိုးမိုးနေလျက် ရှိပေသည်။ တမန်တော် မုဟမ္မဒ်ဦးဆောင်သော အဖွဲ့မှာ မည်သည့်တိုက်ခိုက်မှုမှ ကြီးကြီးမားမား မကြုံလိုက်ရဘဲ မက္ကဟ်မြို့အား အောင်နိုင် သွားလေတော့သည်။ မက္ကဟ်မြို့သားများမှာ မိမိတို့၏ အပြစ်များအပေါ် အရေးယူခံရမှာကို စိုးကြောက်ရင်း အိမ်ထဲမှာပင် ပုန်းအောင်းနေတော့သည်။ သို့သော် တမန်တော် မုဟမ္မဒ်မှာ ခွင့်လွှတ်လို့ မရနိုင်လောက်အောင်ပြစ်မှု ကြီးမားသော ၁၂ ဦးမှ လွဲ၍ ကျန်သူများအားလုံးကို ခွင့်လွှတ်ချမ်း သာပေးရုံမက ၄င်းတို့မတရားသိမ်းပိုက်ထား သော မုစ်လင်မ်တို့၏ ပစ္စည်းများကိုပင် ပြန်လည်ရယူခြင်းမရှိခဲ့ပေ။
တမန်တော် မုဟမ္မဒ်နှင့် နောက်လိုက်များသည် မက္ကဟ်မြို့တွင် လူနည်းစုအဖြင့် ရှိခဲ့စဉ်ကလည်း လူများစု ဘာသာခြားများအား တစ်စုံတရာ အန္တရာယ်မပြုခဲ့သည့်အပြင် လူများစုဖြင့် မက္ကဟ်မြို့ သို့တစ်ကြော့ တဖန်ပြန်လည်ရောက်ရှိလာချိန် မှာလည်း နိုင်ထက်စီးနင်းမှုလုံးဝမပြု ခဲ့ပေ။ ဤသည်ကား အစ္စလာမ်၏သင်ကြားမှုပင်ဖြစ်ပေ သည်။ အစ္စလာမ်သာသနာ ၀င်များသည် မိမိတို့၏သာသနာကို ဟောကြားပို့ချမှုနှင့် လက်တွေ့ ကျင့်ကြံပြသမှုတို့ဖြင့်သာ သာသနာပြုခဲ့ကြသည်။ အစ္စလာမ့်သမိုင်းတွင် မည်သည့်သာသနာ့ခေါင်းဆောင်ကမှ သာသနာပြန့်ပွားရေး ဟူသည့် ခေါင်းစဉ်ဖြင့် စစ်မက်တိုက်ခိုက်ခြင်းလုံးဝ မရှိခဲ့သလို သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရန်ဟုဆိုကာ ဘာသာခြားများအား သုတ်သင် ရှင်းလင်းခြင်း မျိုးလုံးဝမရှိခဲ့ပေ။
မလေးရှားနိုင်ငံတွင် အစ္စလာမ်သာသနာဝင် ၆၀ ရာခိုင်နှုန်းခန့်သာ ရှိပြီး ဗုဒ္ဓဘာသာဝင် ၂၀ ရာခိုင်နှုန်းရှိသည်။ မလေးလူမျိုးများသည် ၄င်းတို့အမျိုးဘာသာသာသနာ ပျောက်ကွယ်မှာကို ကြောက်ပြီး နိုင်ငံသား ဗုဒ္ဓဘာသာဝင် ၂၀ ရာခိုင်နှုန်းကို နှိပ်ကွပ်ခြင်းမရှိရုံမက မြန်မာပြည်မှ တရားဝင်နှင့်တရားမ၀င် နေထိုင်စီးပွားရှာနေသော ဗုဒ္ဓဘာသာဝင် ၆ သိန်းခန့်ကို ထပ်မံ လက်ခံကာ အေးချမ်းစွာ လုပ်ကိုင်ခွင့်ပေးထားသည်။ ထိုနည်းတူ အာရပ်နိုင်ငံများဖြစ်သော ယူအေအီးနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် ၅ %၊ ကာတာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် ၅ %၊ ကူဝိတ်နိုင်ငံတွင် ဗုဒ္ဓဘာသာဝင် ၁.၅ % ၊ ဆော်ဒီအာရေဗျနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် ၁.၅ %၊ တို့မှာလည်း အာရပ်မုစ်လင်မ်များနှင့်တွဲ ဖက်ကာ ငြိမ်းအေးစွာ နေထိုင်နေလျက်ရှိသည်။ ၄င်းအာရပ်နိုင်ငံများရှိ မုစ်လင်မ်များသည် ယနေ့ ၉၆၉ ၏ ရည်ရွယ်ချက် များကဲ့သို့ လူမျိုးမတူဘာသာမတူသူများအား ခွဲခြားဆက်ဆံခြင်း လုံးဝမရှိသလို မည်သည့်ဘာသာရေးအထိကရုဏ်းဖြစ်သံလည်း ကြားဖူးလိမ့်မည်မဟုတ်ပါ။ အကယ်၍ ထိုသို့ရှိခဲ့မည်ဆိုလျင် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ အဘယ်ကဲ့သို့ ခံစားရမည်နည်း။ အာရပ်နိုင်ငံများနှင့် မလေးနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များသည် ၄င်းနိုင်ငံများရှိမုစ်လင်မ်များနှင့် ချစ်ကြည်ရင်းနှီးစွာနေထိုင် နေကြချိန်တွင် ယနေ့ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ၏ လုပ်ရပ်ကား အဘယ်မျှ မျက်နှာပူစရာ ဖြစ်မည်နည်း။
ယနေ့ မြန်မာပြည်၌၀ါဒဖြန့်နေသလို မုစ်လင်မ်များ အင်အားကြီး လာလျှင် ဘာသာခြားများအား တိုက်ခိုက်သတ်ဖြတ်ပြီး အစ္စလာမ်ထဲ သွပ်သွင်းသည်မှန်လျှင် ယနေ့ ၄င်းနိုင်ငံများတွင် ဗုဒ္ဓဘာသာဝင်များ ဘယ်လိုအကြောင်းကြောင့် ရှိနိုင်မည်နည်း။ ၂၁ ရာစုမှာ တစ်ကမ္ဘာလုံး အစ္စလာမ် ဖြစ်ရမယ်ဆိုပြီး မည်သည့် အစ္စလာမ့်ကျမ်းစာ၊ သမိုင်း၊စာပေ များတွင်မှ မရှိသလို ကမ္ဘာအ၀ှမ်းရှိမည်သည့် အစ္စလာမ် ဘာသာရေး ခေါင်းဆောင် ၊ တစ်ဦးတစ်ယောက်က မှလည်း ဟောကြား ထားခြင်းမရှိပေ။ ဟောကြားနေသူများမှာ မြန်မာနိုင်ငံရှိဗုဒ္ဓဘာသာ ဘုန်းကြီးအချို့သာဖြစ်သည်။ အထောက်အထားလုံးဝမရှိဘဲ မိမိတို့စိတ်ကူးဖြင့် ၀ါဒမှိုင်းတိုက်ပေးနေခြင်းသာ ဖြစ်သည်။ ကမ္ဘာအ၀ှမ်းရှိ ခရစ်ယာန်၊ ဟိန္ဒူနှင့်အခြားသောဘာသာရေးေ ခါင်းဆောင်းများ အကြားတွင်လည်း ဤသို့ဟောကြားခြင်းမျိုးလုံး ၀မရှိပါ။ ထို့ကြောင့် သံသယဖြစ်စရာ ကိစ္စများကို ပွင့်လင်းစွာ နှစ်ဦးနှစ်ဖက် ဆွေးနွေး အဖြေရှာရင်း ၀ါဒမှိုင်းများကို တွန်းလှန်သွားကြစေလိုပါကြော င်း တင်ပြအပ်ပါသည်။
Written By Nurullah MUG
နောက်ပိုင်းမှာတမန်တော်မုဟမ
တမန်တော် မုဟမ္မဒ်နှင့် နောက်လိုက်များသည် မက္ကဟ်မြို့တွင် လူနည်းစုအဖြင့် ရှိခဲ့စဉ်ကလည်း လူများစု ဘာသာခြားများအား တစ်စုံတရာ အန္တရာယ်မပြုခဲ့သည့်အပြင် လူများစုဖြင့် မက္ကဟ်မြို့ သို့တစ်ကြော့ တဖန်ပြန်လည်ရောက်ရှိလာချိန်
မလေးရှားနိုင်ငံတွင် အစ္စလာမ်သာသနာဝင် ၆၀ ရာခိုင်နှုန်းခန့်သာ ရှိပြီး ဗုဒ္ဓဘာသာဝင် ၂၀ ရာခိုင်နှုန်းရှိသည်။ မလေးလူမျိုးများသည် ၄င်းတို့အမျိုးဘာသာသာသနာ ပျောက်ကွယ်မှာကို ကြောက်ပြီး နိုင်ငံသား ဗုဒ္ဓဘာသာဝင် ၂၀ ရာခိုင်နှုန်းကို နှိပ်ကွပ်ခြင်းမရှိရုံမက မြန်မာပြည်မှ တရားဝင်နှင့်တရားမ၀င် နေထိုင်စီးပွားရှာနေသော ဗုဒ္ဓဘာသာဝင် ၆ သိန်းခန့်ကို ထပ်မံ လက်ခံကာ အေးချမ်းစွာ လုပ်ကိုင်ခွင့်ပေးထားသည်။ ထိုနည်းတူ အာရပ်နိုင်ငံများဖြစ်သော ယူအေအီးနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် ၅ %၊ ကာတာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် ၅ %၊ ကူဝိတ်နိုင်ငံတွင် ဗုဒ္ဓဘာသာဝင် ၁.၅ % ၊ ဆော်ဒီအာရေဗျနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် ၁.၅ %၊ တို့မှာလည်း အာရပ်မုစ်လင်မ်များနှင့်တွဲ
ယနေ့ မြန်မာပြည်၌၀ါဒဖြန့်နေသလို မုစ်လင်မ်များ အင်အားကြီး လာလျှင် ဘာသာခြားများအား တိုက်ခိုက်သတ်ဖြတ်ပြီး အစ္စလာမ်ထဲ သွပ်သွင်းသည်မှန်လျှင် ယနေ့ ၄င်းနိုင်ငံများတွင် ဗုဒ္ဓဘာသာဝင်များ ဘယ်လိုအကြောင်းကြောင့် ရှိနိုင်မည်နည်း။ ၂၁ ရာစုမှာ တစ်ကမ္ဘာလုံး အစ္စလာမ် ဖြစ်ရမယ်ဆိုပြီး မည်သည့် အစ္စလာမ့်ကျမ်းစာ၊ သမိုင်း၊စာပေ များတွင်မှ မရှိသလို ကမ္ဘာအ၀ှမ်းရှိမည်သည့် အစ္စလာမ် ဘာသာရေး ခေါင်းဆောင် ၊ တစ်ဦးတစ်ယောက်က မှလည်း ဟောကြား ထားခြင်းမရှိပေ။ ဟောကြားနေသူများမှာ မြန်မာနိုင်ငံရှိဗုဒ္ဓဘာသာ ဘုန်းကြီးအချို့သာဖြစ်သည်။ အထောက်အထားလုံးဝမရှိဘဲ မိမိတို့စိတ်ကူးဖြင့် ၀ါဒမှိုင်းတိုက်ပေးနေခြင်းသာ
Written By Nurullah MUG