ဒီမိုကရေစီလို့ အမည်တွင်တဲ့ လူ့အဖွဲ့အစည်းများကိုအုပ်ချုပ်စီမံခန့်ခွဲဖို့ အဂောာင်းတကာ့ အကောင်းဆုံး နိုင်ငံရေးစနစ် ဟာလူသားဝါဒကို လုံးလုံးလျားလျားအခြေခံထားတာဖြစ်ပါတယ်။ လူသားဝါဒ( humanism)ဆိုတာကတော့ လူနဲ့လူချင်းနှိုင်းယှဉ်လိုက်ရင်အသားအရောင်မတူတာကိုလည်း မစဉ်းစား လူမျိုးမတူတာကိုလည်းမစဉ်းစား၊
ကိုးကွယ်တဲ့ဘာသာမတူတာကိုလည်းမစဥ်းစား၊ ဆင်းရဲချမ်းသာ ကွာခြားတာကိုလည်းမစဉ်းစား၊
လူနဲ့လူချင်းဆိုတာ အခြေခံအားဖြင့်ထပ်တူထပ်မျှတူညီတယ်ဆိုတဲ့ အချက်ပေါ်မှာပဲ အခြေခံစဉ်းစားတဲ့လူလူချင်း ဘယ်လိုအကြောင်းတရားနဲ့မှ ခွဲခြားမှုမရှိတဲ့ အတွေးအခေါ်အယူအဆ ဖြစ်ပါတယ်။
နိုင်ငံတစ်ခုမှာ လူသားဝါဒ အမှန်တစ်ကယ်ထွန်းကား နေမှသာ ဒီမိုကရေစီစနစ်က စစ်စစ်မှန်မှန်ထွန်းကားပေါ်ပေါက် နိုင်ပြီး ရေရှည်လည်း
တည်တံ့နိုင်မယ်ဖြစ်ပါတယ်။ လူသားဝါဒထွန်းကားဖို့ဆိုရင်လူတစ်ယောက်နဲ့တစ်ယောက်ကြား၊ လူမျိုးစုတစ်ခုနဲ့တစ်ခုကြား တန်းတူညီမျှတဲ့အခွင့်အရေးများ တစ်နည်းအားဖြင့် ကိုယ့်ကြမ္မာကို ကိုယ် ဖန်တီးခွင့်တန်းတူညီမျှတဲ့ အခြေအနေ အမှန်တစ်ကယ်ရှိဖို့လို
အပ်ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ စိတ်အမူအကျင့်တွေမှာကိုယ့်ထက်သာရင်မနာလိုတဲ့ စိတ်တွေ ကင်းစင်ပြီး ကိုယ်နဲ့ အရောင်အသွေးမတူရင် ကိုယ့်ထက် ဆင်းရဲနိမ့်ကျတယ်လို့ ထင်ရရင် နှိမ့်ချလိုတဲ့မနှစ်မြို့တဲ့စိတ်တွေကင်းစင်ပြီး မေတ္တာ၊ ဂရုဏာ၊မုဒိတာ၊ဥပက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရား လေးပါးကို အမှန်တစ်ကယ် လက်တွေ့ကျကျ လက်ခံကျင့်ကြံကြမှသာ အဲဒီလူသားဝါဒဆိုတာ အမှန်တစ်ကယ်ထွန်းကားပေါ်ပေါက်လာနိုင်မယ်ဖြစ်ပါတယ် ကိုယ့် ကိုယ်ကိုယ်မှပဲ ကြီးကျယ်မြင့်မြတ်တယ်လို့ ထင်မြင်ယူဆ တဲ့စိတ်တွေ၊
ကိုယ့်လူမျိုးမဟုတ်ရင် အထင်အမြင်သေးတဲ့စိတ်တွေ၊ ကိုယ်နဲ့ကိုးကွယ်ယုံကြည်မှု မတူရင် လူရာမသွင်းချင်တဲ့ စိတ်တွေ ကိုယ့်ဒေသကမဟုတ်ရင်ခွဲခြားမြင်တဲ့စိတ်တွေ ခ၀ါချနိုင်မှသာ လူသားဝါဒဆိုတာ ပေါ်ပေါက်ထွန်းကားနိုင်မယ်ဖြစ်ပါ တယ်။
discrimination လို့ခေါ်တဲ့ ခွဲခြားရှုမြင်ဆက်ဆံမှုတွေဟာ ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းအတွင်းမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသေးတယ်ဆိုတာအထင်အရှားတွေ့ မြင်နေရပါတယ်။ ကျွန်တော်တို့တတွေက ဒီမိုကရေစီဆိုတဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင်စံနှုန်းပြည့်ရရှိခံစား နိုင်တဲ့ တိုးတက်ကြီးပွားခွင့်ကို လူတိုင်းညီတူညီမျှရရှိနိုင်တဲ့ လွတ်လပ်ခွင့်ကို လူထုတစ်ရပ်လုံး
တင်းပြည့်ကျပ်ပြည့် ရရှိနိုင်တဲ့ ကြီးကျယ်ခမ်းနားလှတဲ့ နိုင်ငံရေးစနစ်ကြီး ပေါ်ပေါက်လာဖို့အာသာငမ်းငမ်းနဲ့ မျှော်လင့်တောင့်တနေခဲ့ကြပါတယ်။
ဒီမိုကရေစီစနစ်ပေါ်ထွန်းလာဖို့လည်း ၀ိုင်းဝန်းကြိုးပမ်းနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် လူအချင်းချင်းကြားအဓိပါယ်မရှိတဲ့ သတ်မှတ်ချက်တွေနဲ့ ခွဲခြားရှုမြင်ဆက်ဆံတတ်တဲ့ ယဉ်ကျေးမှုကို အမြစ်ကနေလှန်ပစ်ဖို့ ကျတော့မေ့မေ့လျော့လျော့ ဖြစ်နေကြတယ် ၊ဒါမှမဟုတ် တွန့်ဆုတ်နှောင့်နှေးနေကြတယ် ၊ဒါမှမဟုတ် လူတော်တော်များများက လျစ်လျူရှုထားကြတယ် လို့ထင်ပါတယ်။အမေရိကန်လို ဒီမိုကရေစီ ရင့်သန်နေပြီဖြစ်တဲ့ နိုင်ငံတစ်ခုဟာ အခုလိုအခြေအနေရောက်ရှိလာဖို့ ဒီမိုကရေစီအတွက်
ရုန်းကန်ကြိုးစားခဲ့ကြရတဲ့အချိန်နဲ့ တစ်ပြိုင်ထဲမှာလူသားဝါဒကိုလည်း ထူထောင်ယူခဲ့ရတယ်ဆိုတာ သတိပြုသင့်ပါတယ်။
အာဖရိကန် အမေရိကန်လို့ခေါ်တဲ့ လူမည်းတွေဟာ တစ်ချိန်တစ်ခါက အမေရိကန်နိုင်ငံမှာ ကျေးကျွန်တွေဘ၀နဲ့ နေထိုင်ခဲ့ကြရဖူးပါတယ်။လူသားဝါဒကိုယုံကြည်ကြတဲ့ လူမည်းများနဲ့ လူဖြူများအပါအ၀င် အသွေးအရောင်စုံ အမေရိကန်လူမျိုးများ
အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်များနဲ့ လူထုခေါင်းဆောင်များ ဟာ လူသားဝါဒ ထွန်းကားရေးကို ဒီမိုကရေစီထွန်းကားရေးနဲ့ တစ်ပြိုင်ထဲ ကြိုးစားအားထုတ်ခဲ့ကြရတာပါ။ အခုအခါမှာ အမေရိကားဟာ ထိပ်တန်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်နေတဲ့ နည်းတူ
လူသားဝါဒလည်းအပြည့်အ၀ထွန်းကားနေ တယ်ဆိုတာ လက်ရှိလူမည်းသမ္မတက အကောင်းဆုံး ပြယုတ်တစ်ခုဖြစ်ပါတယ်။ လူဖြူ၊လူဝါ၊လူနီ၊လူမည်း မခွဲခြားဘဲ တန်းတူညီမျှ အခွင့်အရေးများ မျှဝေခံစားရေးကို နိုင်ငံသားအားလုံး ခေါင်းဆောင်များအားလုံးက
တစိုက်မတ်မတ်ကြိုးပမ်းခဲ့ကြရတြာ ဖစ်ပါတယ်။အမေရိကန်လူထုတစ်ရပ်လုံးကလည် လူသားဝါဒကို နက်နက်ရှိုင်းရှိုင်းယုံကြည်နြေ ကပြီဖြစ်လို့သာ ဒီမိုကရေစီဟာ အင်အားအကောင်းဆုံးအနေအထားနဲ့ ထွန်းကားဖြစ်တည်နေနိုင်တာဖြစ်ပါ တယ်။
အခုအခါ ကျွန်တော်တို့တတွေ တန်းတူညီမျှရေးကို ဦးတည်ဆောင်ရွက်နေတဲ့အနေအထားကို ရောက်နေပြီလို့ပြောနိုင်ပေမယ့် ကျွန်တော်တို့ နိုင်ငံမှာအခွင့်ရေးမတူညီမှုတွေ၊ လူအချင်းချင်း နည်းလမ်းပေါင်းစုံနဲ့ခွဲခြားရှုမြင်ဆက်ဆံမှုတွေက ကျယ်ကျယ်ပြန့်ပြန့် ရှိနေသးတယ်ဆိုတာကိုအားလုံးက မှန်မှန်ကန်ကန်လက်ခံ နားလည်ဖို့ ပထမဆုံးလိုအပ်ပါတယ်။ ပြသနာတစ်ရပ်ရှိနေတာကို ပြသနာလို့
အရင်ဆုံး မှန်မှန်ကန်ကန် လက်ခံရှုမြင်ကြမှသာ အဲဒီပြသနာကို ဖြေရှင်းဖို့ဆိုတာဖြစ်နိုင်ပါတယ်။ အခြေခံဥပဒေအရ ဘယ်လိုပဲ
တန်းတူညီမျှရေးကို ပြဌာန်းပေးထားပေမယ့် လက်တွေ့မှာ လူတိုင်းက အမှန်တစ်ကယ်ယုံကြည်လက်ခံကျင့်သုံးကြမှသာ လက်တွေ့အားဖြင့် ဖြစ်လာနိုင်မှာပါ။ လူတိုင်းက လူမျိုးစွဲ၊ ဒေသစွဲ၊ ဘာသာစွဲ စတဲ့အစွဲမျိုးစုံ ကင်းပြီး လူ လူချင်း တန်ဖိုးထားတဲ့ လေးစားတဲ့ အမြင်တွေရှိလာမှသာ ပဋိပက္ခတွေ အမှန်တစ်ကယ်ချုပ်ငြိမ်းနိုင်မယ်ဖြစ်ပါတယ်။ မျိုးနွယ်စုတ စ်စုကဖြစ်စေ၊
ဘာသာရေး၊လူမှုရေး၊စီးပွားရေး၊နို င်ငံရေး တစ်ခုခုကို အခြေခံတဲ့ အုပ်စုတစ်ခုခုကဖြစ်စေ တခြားသူတွေထက်ပိုမိုတဲ့ အခွင့်အရေးများကို
မတရားသဖြင့်ရယူဖို့ ကြိုးစားမယ်ဆိုရင်၊ ဒါမှမဟုတ် ရယူနေကြတယ်ဆိုရင်၊တန်းတူညီမျှရေးကိုထိခိုက်မယ်ဖြစ်ပြီးပဋိပက္ခတွေကလည်း ပေါ်ပေါက်နေဦးမယ်ဖြစ်ပါတယ်။
အဲဒီလို လူနဲ့လူအချင်းချင်းကြား ခွဲခြားရှုမြင်နေသမျှ ကာလပတ်လုံး၊နှိမ့်ချဆက်ဆံလိုစိတ်တွေ ရှိနေသေးသမျှကာလပတ်လုံး လူ့အဖွဲ့အစည်းတစ်ခု နိုင်ငံတစ်ခု အမှန်တစ်ကယ်တိုးတက်ဖွံ့ဖြိုးဖို့ အတွက် မဖြစ်မနေလိုအပ်တဲ့ လူသားဝါဒဆိုတာ
ထွန်းကားဖို့ ခက်ခဲနေပါလိမ့်ဦးမယ်။ လူသားဝါဒမထွန်းကားသမျှတော့ ဒီမိုကရေစီစနစ်အတွက် လိုအပ်တဲ့ တန်းတူညီမျှရေးဆိုတာလည်း
ဘယ်လိုမှ စစ်စစ်မှန်မှန် ရရှိလာနိုင်မယ်မဟုတ်ပါဘူး။တန်းတူညီမျှရေးဆိုတာ လူကြားကောင်းအောင်ပြောနေရုံနဲ့ မရပါဘူး။နိုင်ငံသား
တစ်ဦးချင်း ညီမျှတဲ့အခွင့်အရေးတွေ ရှိနိုင်ဖို့ လူတိုင်းမှာ မှန်ကန်တဲ့ စိတ်ရင်းစေတနာတွေမွေးမြူ နိုင်ကြဖို့လိုပါတယ်။ ဗမာတစ်ကျပ်
ကချင်တစ်ကျပ်၊ဗမာတစ်ကျပ် ရခိုင်တစ်ကျပ် ဆိုတဲ့ ပြောပုံဆိုပုံအစား နိုင်ငံသား တစ်ဦးချင်းစီ အခွင့်အရေးမှန်သမျှ တန်းတူညီမျှ ရရှိခံစားရမယ်လို့ လူသားဝါဒကိုအခြေခံပြောဆိုပြီး လက်တွေ့လည်း အဲဒီလူသားဝါဒ ထွန်းကားလာအောင် ကြိုးစားအားထုတ်ကြတာက ပိုသင့်တော်မယ် လို့ ယူဆမိပါတယ်။
လူသားဝါဒ ဆိုတဲ့ အတွေးအခေါ်အယူအဆကို လူတိုင်းက နားလည်သဘောပေါက်ပြီးလက်တွေ့လည်း လက်ခံကျင့်ကြံမှသာ တန်းတူညီမျှမှုဆိုတာ ရှိနိုင်မှဖြစ်ပါတယ်။တန်းတူညီမျှမှုဆိုတာ အမှန်တစ်ကယ် ပီပြင်စွာ ဖြစ်ထွန်းလာမှသာ
ငြိမ်းချမ်းရေးဆိုတာ အမှန်တစ်ကယ် ပေါ်ထွန်းလာနိုင်မှာဖြစ်ပြီး ထာဝရလည်းတည်တံ့ ခိုင်မြဲနိုင်မယ်ဖြစ်ပါတယ်။
တန်းတူညီမျှမှုရှိတယ်ဆိုတာကို နိုင်ငံသားတိုင်းကအမှန်တစ်ကယ်ယုံကြည်လောက်တဲ့ အနေအထားရောက်အောင် တည်ဆောက်ဖန်တီးနိုင်မှုမရှိလို့ကတော့ ငြိမ်းချမ်းရေးကိုတည်ဆောက်လို့ရရင်တောင်မှ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းထားနိုင်ဖို့ခက်ခဲပါလိမ့်မယ်။ပဋိပက္ခတွေကို အချိန်မရွေးပြန်လည်ရင်ဆိုင်ကြုံတွေ့ကြရပါလိမ့်မယ်။
ထာဝရတည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘဲနဲ့ ထာဝရတည်တံ့ခိုင်မြဲတဲ့ ပြည့်ဝပြည့်စုံတဲ့ ဒီမိုကရေစီစနစ်ကို
မျှော်မှန်းလို့မရနိုင်ပါဘူး။ လူတိုင်းက လူသားဝါဒကို အမှန်တစ်ကယ်လက်ခံယုံကြည်ပြီး လက်တွေ့ကျင့်ကြံကြမှသာ
လူသားဝါဒထွန်းကားနိုင်ပါတယ်။လူသားဝါဒ အမှန်တစ်ကယ်ထွန်းကား မှသာတန်းတူညီမျှရေး အမှန်တစ်ကယ်ရှိနိုင်ပါလိမ့်မယ်၊ တန်းတူညီမျှရေး ကိုတည်ဆောက်နိုင်မှသာ ထာဝရငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ပြီးဒီမိုကရက်တစ်လူ့ဘောင်ဆီကို တက်လှမ်းနိုင်မယ်ဖြစ်ပါတယ်။ ဒီတော့ လူသားဝါဒကို မဖြစ်မနေထူထောင်ကြရပါလိမ့်မယ်။ လူသားဝါဒမထွန်းကားသမျှ
ခိုင်မာတောင့်တင်းတဲ့ ပြည့်ဝကောင်းမွန်တဲ့ ဒီမိုကရေစီစနစ်လည်း လုံးဝထွန်းကားလာနိုင်မယ်မဟုတ်ပါ ကြောင်း။ ။
ပိုက်တင်
တစ်ဦးချင်း ညီမျှတဲ့အခွင့်အရေးတွေ ရှိနိုင်ဖို့ လူတိုင်းမှာ မှန်ကန်တဲ့ စိတ်ရင်းစေတနာတွေမွေးမြူ နိုင်ကြဖို့လိုပါတယ်။ ဗမာတစ်ကျပ်
ကချင်တစ်ကျပ်၊ဗမာတစ်ကျပ် ရခိုင်တစ်ကျပ် ဆိုတဲ့ ပြောပုံဆိုပုံအစား နိုင်ငံသား တစ်ဦးချင်းစီ အခွင့်အရေးမှန်သမျှ တန်းတူညီမျှ ရရှိခံစားရမယ်လို့ လူသားဝါဒကိုအခြေခံပြောဆိုပြီး လက်တွေ့လည်း အဲဒီလူသားဝါဒ ထွန်းကားလာအောင် ကြိုးစားအားထုတ်ကြတာက ပိုသင့်တော်မယ် လို့ ယူဆမိပါတယ်။
လူသားဝါဒ ဆိုတဲ့ အတွေးအခေါ်အယူအဆကို လူတိုင်းက နားလည်သဘောပေါက်ပြီးလက်တွေ့လည်း လက်ခံကျင့်ကြံမှသာ တန်းတူညီမျှမှုဆိုတာ ရှိနိုင်မှဖြစ်ပါတယ်။တန်းတူညီမျှမှုဆိုတာ အမှန်တစ်ကယ် ပီပြင်စွာ ဖြစ်ထွန်းလာမှသာ
ငြိမ်းချမ်းရေးဆိုတာ အမှန်တစ်ကယ် ပေါ်ထွန်းလာနိုင်မှာဖြစ်ပြီး ထာဝရလည်းတည်တံ့ ခိုင်မြဲနိုင်မယ်ဖြစ်ပါတယ်။
တန်းတူညီမျှမှုရှိတယ်ဆိုတာကို နိုင်ငံသားတိုင်းကအမှန်တစ်ကယ်ယုံကြည်လောက်တဲ့ အနေအထားရောက်အောင် တည်ဆောက်ဖန်တီးနိုင်မှုမရှိလို့ကတော့ ငြိမ်းချမ်းရေးကိုတည်ဆောက်လို့ရရင်တောင်မှ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းထားနိုင်ဖို့ခက်ခဲပါလိမ့်မယ်။ပဋိပက္ခတွေကို အချိန်မရွေးပြန်လည်ရင်ဆိုင်ကြုံတွေ့ကြရပါလ
ထာဝရတည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘဲနဲ့ ထာဝရတည်တံ့ခိုင်မြဲတဲ့ ပြည့်ဝပြည့်စုံတဲ့ ဒီမိုကရေစီစနစ်ကို
မျှော်မှန်းလို့မရနိုင်ပါဘူး။ လူတိုင်းက လူသားဝါဒကို အမှန်တစ်ကယ်လက်ခံယုံကြည်ပြီး လက်တွေ့ကျင့်ကြံကြမှသာ
လူသားဝါဒထွန်းကားနိုင်ပါတယ်။လူသ
ခိုင်မာတောင့်တင်းတဲ့ ပြည့်ဝကောင်းမွန်တဲ့ ဒီမိုကရေစီစနစ်လည်း လုံးဝထွန်းကားလာနိုင်မယ်မဟုတ်ပါ
ပိုက်တင်