Home

Saturday, March 9, 2013

အပြောနဲ့အလုပ် မညီညွတ်သည့်အဖြစ်မှာ

အပြောနဲ့အလုပ် မညီညွတ်သည့်အဖြစ်မှာ နိုင်ငံရေးအရ ယိုယွင်းချွတ်ခြုံကျလာသည့် အခါမျိုးတွင် ပို၍ ထင်ထင်ရှားရှား ပေါ်ပေါက်လာလေ့ရှိပါသည်။
အစိုးရတစ်ဖွဲ့အနေနှင့် ထိထိရောက်ရောက် အုပ်ချုပ်ကွပ်ကဲခြင်း မပြုနိုင်၊ မပြုလိုသည့် အခါမျိုးတွင် ဘာတစ်ခုမှ အကောင်အထည် ပေါ်မလာနိုင်။

ပေါ်မလာနိုင်သည့် အကြောင်းကိုလည်း လူတကာသိသည်။
သင်္ကြန်အမြောက်လို ကြွေးကြော်သံတွေ၊ စကားလုံးတွေကို အားကိုးအားထား ပြုလေ့ရှိပါသည်။
ဘာတစ်ခုမှ ဖြစ်မလာနိုင်ဆိုသော အချက်ကို သူသူငါငါ သိပင်သိငြားလည်း သိက္ခာဆယ်ရန်အတွက်သက်သက်နှင့်ပင် ကြွေးကြော်သံတွေ
ရေးသားရွတ်ဖတ် သရဇ္ဈယ်လေ့ ရှိပါသည်။

ဆရာလူထုဦးစိန်ဝင်း၏ "ပီကင်း ဒိုင်ယာရီ" မှ ကောက်နှုတ်ချက်။
့http://www.newmoekaungkin.blogspot.com