အယူအဆမတူတာ သဘောထား ကွဲပြားခြားနားတယ်ဆိုတာ သဘာဝပဲ။
အယူအဆမတူလို့ ရန်ဖြစ်တယ်ဆိုတာက၊ မပြည့်ဝတဲ့သဘော၊
မရင့်ကျက်တဲ့ သဘောဖြစ်တယ်။ လူတိုင်း ကိုယ် ယုံချင်တာ လွတ်လပ်စွာယုံခွင့်ရှိတယ်။
အခိုင်အမာကိုင်စွဲထားခွင့် ရှိတယ်ဆိုတာကို နားလည် သဘောပေါက်ပြီး မငြိုမငြင် လက်ခံနိုင်ခြင်းဟာ
စိတ်ယဉ်ကျေးမှု အထက်တန်းကျသူများရဲ့ အခြေခံလူ့ကျင့်ဝတ် တစ်ခုဖြစ်တယ်။
ဒီမိုကရေစီရဲ့ အနှစ်သာရလည်း ဖြစ်တယ်။
ရေကိုသား လို့ အကြားမထင်ဆိုတဲ့ ညီညွတ်ရေးမျိုးဟာ စကားအဖြစ်သာ ပြောလို့တင့်တယ်တာ။
တကယ် လက်တွေ့တော့ မရှိနိုင်ဘူး။
တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ ညီညွတ်ရေးစကားမျိုးနဲ့
တစ်သားတည်း ညီညွတ်ရေးဆိုတဲ့ စကားမျိုးဟာ၊ အဓိပ္ပါယ်ကောက် အယူလွဲရင်
တစ်လွဲ ဆံပင်ကောင်းဖြစ်ပြီး အကြွင်းမဲ့ အာဏာရှင်စနစ်ကို ဦးတည်ရောက်ရှိသွားစေနိုင်တယ်။
လူထုစိန်ဝင်း ။ ၂၀၁၀ အောက်တိုဘာလအတွင်းက ရေးသားခဲ့သော "နိုင်ငံရေးကို ပြက်ရယ်မပြုပါနဲ့" ဆောင်းပါးမှ ကောက်နှုတ်ချက်။