ဇွန် ၂၂၊ လန်ဒန်မှာ Prospect Burma က စီစဉ်ပေးတဲ့ မြန်မာလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲထဲက ပြောကြားချက်အချို့ကို ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။
“ဒီမှာရောက်နေတဲ့ မြန်မာနိုင်ငံက ထွက်လာတဲ့ ပြည်သူပြည်သားတွေနဲ့ တခြား ကမ္ဘာနိုင်ငံအသီးသီးမှာ ရောက်နေတဲ့ ပြည်သူပြည်သားတွေ ကျမတို့နိုင်ငံကို ဘယ်လိုပြန်ပြီးတော့ကူညီနိုင်မလဲ ဆိုတာ တစ်ယောက်ချင်း တစ်ယောက်က ကိုယ့်ရဲ့အရည်ချင်းအကိုဘယ်လို သုံးနိုင်မလဲဆိုတာမှာစဉ်းစားရမယ်။
ကျမကို မေးတဲ့မေးခွန်းတစ်ခု ခဏခဏ ကျမကို မေးတဲ့မေးခွန်းတစ်ခုရှိပါတယ်။ ဒီချိန်မှာ မြန်မာနိုင်ငံကိုပြန်ဖို့အချိန်တန်ပြီလားတဲ့ ကျမအမြဲပြောတယ်။
ဒါကိုယ့်ဖာသာကိုယ်ဆုံးဖြတ်ရမယ် လူတိုင်းလူတိုင်းဟာ ကိုယ်ဘ၀ကိုယ် တာဝန်ယူရမယ်၊ ကိုယ့်ဆုံးဖြတ်ချက်တွက် ကိုယ်တာဝန်ယူရမယ်။
ဒါကိုယ့်ဖာသာကိုယ်ဆုံးဖြတ်ရမယ် လူတိုင်းလူတိုင်းဟာ ကိုယ်ဘ၀ကိုယ် တာဝန်ယူရမယ်၊ ကိုယ့်ဆုံးဖြတ်ချက်တွက် ကိုယ်တာဝန်ယူရမယ်။
“ကျမကို မေးပြီးတော့ ပြန်လာပါဆိုလို့ ပြန်လာတာ ခုတော့အဆင်မပြေပါဘူးတဲ့” ကိုယ့်ဖာကိုယ် ဆုံးဖြတ်တဲ့အခါမှာ တစ်ဖက်ကကြည့်ရမယ် ကိုယ်က ဘာပေးနိုင်မလဲ။ နောက် ကိုယ်က ဘာရဖို့မျှော်လင့်သလဲ အဲဒါကိုလက်တွေ့ကျကျရင်ဆိုင်ပါ။ တချို့ကပြောတယ် ကျနော်တို့က ပြန်ပေးဖို့ပဲလာတာ …။ ဒါဟာ တကယ်တော့ သဘာဝမကျဘူး။ လူ့သဘာဝဆိုတာ ကိုယ်လည်း ပြန်လိုချင်တာပဲ၊ ကိုယ်မှာလည်း မျှော်လင့်ချက်ကလေးရှိတာပဲ။
အနည်းဆုံးတော့ ကိုယ့်မိသားစုနဲ့ အေးအေးဆေးဆေးနေချင်တယ် ဆိုတဲ့ မျှော်လင့်ချက် ကလေးတော့ရှိမယ်။ ပြီးတော့ ကိုယ်က ဘာပေးနိုင်မလဲ၊ ကိုယ်က ဘာလိုချင်လဲ …. ဆိုတာကို ဓမ္မဓိဌာန်ကျကျ စဉ်းစားပါ … စဉ်းစားကြည့်ပါ။ ငါ ဘာလိုချင်လဲ ဒါတွေ ငါ ရနိုင်မယ့်အခြေအနေတွေရှိသလား။ မရနိုင်လို့ရှိရင် ငါဘယ်လို ဒါကို လုပ်မလဲ။ ငါ ဒါကိုပေးချင်တယ် … ပေးနိုင်မယ့် အခြေအနေရှိလား။ ကိုယ်ပေးချင်တိုင်းလည်း ပေးလို့ရတာမဟုတ်ဘူးနော်။ ပေးနိုင်ဖို့အခြေအနေပေးမှ ပေးလို့ရတယ်။ အဲဒါကို ဆုံးဖြတ်စေချင်တယ်။ ဘယ်လိုနည်းနဲ့ ပေးနိုင်မလား။ ထိထိရောက်ရောက် ပေးနိုင်ပါ့မလား၊ တစ်ဦးချင်းတစ်ဦးချင်းကနေ စဉ်းစားရမယ်။
ဥပမာ … ကိုယ်က ဆရာဝန်ဆိုလို့ရှိရင် ကျန်းမာရေးဘက်မှာ ဘယ်လိုကူညီနိုင်မလဲ ။ ကိုယ်က ပညာရေးဘက်မှာ စိတ်ပါဝင်စားတယ်ဆိုရင် ပညာရေးဘက်ကနေ ဘာကူညီနိုင်မလဲ။ လက်တွေ့ကျကျ စဉ်းစားပါ။ အခွင့်အရေးတွေက ဘာရှိလဲ။ ကူညီရမယ့် အခွင့်အရေး ဘာပဲပြောပြော တခြားဘာမှမလိုချင်ဘူး ဆိုပေမဲ့လဲ ကိုယ်လုပ်တဲ့ အလုပ်မှာတော့ ကျေနပ်မှု၊ ဒီကျေနပ်မှုကို ရနိုင်မလား ဆိုတာ သေသေချာချာစဉ်းစားပါ။ ကိုယ်မျှော်လင့်သလောက် မရနိုင်လို့ ရှိရင်တော့ ဆက်ပြီးတော့ ရပ်တည်နိုင်မလားဆိုတာ သေချာစဉ်းစားပါ။
လက်တွေ့ကျကျ ပြောရမယ်ဆိုရင် နည်းနည်းလေးတော့ စမ်းကြည့်ပေါ့။ ဥပမာ ချက်ခြင်း မဆုံးဖြတ်ဘဲ သွားပြီး လည်တာတို့၊ သွားကြည့်တာတို့၊ တခြားကိုယ့်လိုအရည်အချင်းရှိတဲ့လူတစ်ယောက်က ပြန်ပြီးလုပ်တဲ့ခါ အဆင်ပြေလားဆိုတာကို စုံစမ်းကြည့်တာတို့ အဲဒါမျိုးတွေလုပ်ပါလို့ …။
လက်တွေ့ကျကျ ချဉ်းကပ်ပါ၊ သိပ်စိတ်ကူးမယဉ်ပါနဲ့ ။ စိတ်ကူးယဉ်တယ်ဆိုတာ သူ့အချိန်နဲ့ သူ့အခါတော့ ရှိပါတယ်။ ကျမ အမြဲပြောတယ် မျှော်လင့်ချက်ဆိုတာကို အလုပ်နဲ့ ဖြည့်တွေးရမယ်။ စိတ်ကူးယဉ်ရုံနဲ့ မရဘူး ဒီစိတ်ကူးယဉ်မှုကို လက်တွေ့ကျကျဖြစ်အောင်လို့ သေသေချာချာမျက်စိဖွင့်ပြီး တော့ ကိုယ်လျှောက်ချင်တဲ့ဆိုတဲ့လမ်းကို ကိုယ်လျှောက်ရဲရဲ့လား။ လျှောက်နိုင်မှာလားဆိုတာ ဆုံးဖြတ်ပါ”
Credit to မိုးမခ၊ ဇွန် ၂၃၊ ၂၀၁၂