အစၥလာမ္ဘာသာ၌ ဤအမည်နာမတော်ကပင် နာခံခြင်း (submission to God) ဟူသော အဓိပ္ပါယ်ကို ဆောင်သည် ဟု နားလည်ရပါသည်။ အရှင်မြတ်၏ အမိန့်တော် ကိုနာခံခြင်းဖြစ်ကြောင်း ကိုလည်း သဘော ပေါက်ပါသည်။
ထို့အပြင် ဤဘာသာဝင်တို့သည် သဒ္ဓါယုံကြည်မှုရှိ အပ်သော စိတ်ထားကိုလည်းပိုင်ဆိုင်သူများဖြစ်သည် ဟု သဘောပေါက် ရပါသည်။ ထိုမျှမက အစ္စလာမ် ဘာသာဝင်များသည် အချိန်မှန်ဝတ်ပြုဆုတောင်းသူများ ၊လှူဒါန်း ပေးကမ်းသူများ ၊ ၀ါဆောင်သူများ ၊ ဘုရားဖူးခရီးသွားသူများ အဖြစ်လည်း သဘောပေါက်ရပါသည်။
ကျွန်တော်တို့အနက် အဓိပ္ပါယ်ဖွင့်ဆိုရလျှင် ဤဘာသာဝင်တို့သည် ပင်လျှင်သာတူညီမျှဝါဒ ကျင့်သုံးသူများ၊လူသားအချင်းချင်း ကိုညီရင်းအစ်ကိုသဖွယ် သဘောထားသူများ၊ အချင်းချင်း ကြင်နာ သနားတက်သူများ၊လောက်တွင်အမှန်တရားဟူသည်ကို နှစ်သက်လိုလားသူများ၊ ဘာသာအဆုံးအမနှင့် အညီ နေ့စဉ်ကျင့်ကြံအားထုတ်သူများဟူ၍ဆိုလျှင် လွဲမှားစရာ
အကြောင်းမရှိပါ။ လူ့ယဉ်ကျေးမှုများ ထွန်းကားမှုရှုထောင့်မှကြည့်လျှင် ဤဘာသာတရားကို သက်ဝင်ကြည်ညိုမှုမှ အကြောင်းပြု၍ ပေါ်ပေါက်သော လူ့လောက ကောင်းကျိုးဆောင်ပညာရပ်များလည်း ဖွံ့ဖြိုးကြွယ်ဝလာခဲ့သည်ကို ကမ္ဘာ့သမိုင်းဖြစ်ရပ်များ ၌ တွေ့ရပါသည်။ ထိုကောင်းကျိုး ဆောင်ပညာရပ်များမှ အနုပညာရပ်များ၊ ဗိသုကာ ပာသဘောများ ၊ အခြေခံသိပ္ပံ ပညာအချက်အလက် များ ဒဿနိက အတွေးအခေါ်များ။ဆေးဝါးကုသရေး ပညာများ၊ နက္ခတ်ပညာရပ်များ၊ တရားဥပဒေ တိုင်ရာ အတွေးအခေါ် များစသည်တို့ ဖြစ်ကြပါသည်။
မျက်မှောက်ခေတ် စက်မှု သိပ္ပံ ကမ္ဘာကြီး တိုးတက်မှု အတွက် ကမ္ဘာသုံးနှစ် ၇ရာစု မှ ၁၈ ရာစုနှစ်များ အတွင်း အစီအရီ ပေါ်ထွန်းခဲ့သော ထိုပညာရပ်များသည် အခြေခံ ကောင်းများဖြစ်ခဲ့သည်ဟု ဆိုရပါမည်။
စကားစပ်မိ၍ ယနေ့ခေတ်သစ် စက်မှု သိပ္ပံကမ္ဘာကြီး အကြောင်းပြောလျှင် လူသန်းပေါင်း ၅၆၀၀ ကျော်ရှိသော ကမ္ဘာကြီး၌ လူသားအချင်းချင်း စာနာထောက်ထားမှု ၊ အိမ်နီးနား ချင်း
ကောင်းပီသမှုနှင့် စည်းလုံးညီညွတ် စွာဆက်ဆံ ပေါင်းသင်မှုတို့မှာ လိုအပ်လျက်ရှိသော အခြေအနေများ သားစဉ်မြေးဆက်မ ပျက်အားထုတ် ကျင့်ကြံ့ရမည့် တရားများဖြစ်နေ သည်ကို တွေ့ရပါသည်။
သို့မှသာ လူသားအားလုံး၏ ဘ၀များသည် စည်ပင်ဖွံ့ဖြိုးရေး၊တိုင်းပြည်နိုင်ငံများ ၊စည်ပင်တိုးတက်ရေး နှင့်ကမ္ဘာကြီး ၏ငြိမ်းချမ်းသာယာရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်နိုင်လိမ့်မည် ဟု ကျွန်တော် တို့ သဘောပေါက်သင်ကြပါသည်။
ထိုသို့ဆောင်ရွက်ရန်တာဝန်ဝတ္တရား ကိုကမ္ဘာပေါ်တွင် ထင်ရှားသော ဘာသာကြီးအနက် လူသန်းပေါင်း ၁၀၀၀ ကျော် (၁၉၉၆ ခုထုတ် စာရင်းအရ ) တို့၏ အစ္စလာမ်ဘာသာအဆုံးအမ က ၀ိုင်းဝန်းဖြည့်တင်းပေးနိုင်မည့် အင်အား တစ်ရပ်ဖြစ်သည် ဟု ဆိုရပါမည်။ အာရှတိုက်ရှိ အစ္စလာမ်ဘာသာဝင် သန်းပေါင်း ၆၀၀ ကျော် တို့က လည်း ထိုစိတ်ထားဖြင့် နေ့စဉ် ဘ၀လုပ်ငန်း တို့ကို ကျင့်ကြံအားထုတ် နိုင်ကြလိမ့်မည်ဟု ယုံကြည် ပါသည်။
ကျင်းပကြသော တမန်တော်နေ့ အခမ်းအနား ၌ ကျွန်တော် တို့ဗဟုသုတအဖြစ်ဖတ်ရှုမိသော စာတစ်ပိုဒ်ကို အမှတ်ရမိပါသည်။ ထိုစာပိုဒ်မှာ “တမန်တာ် တို့တွင်မျက်စိက အိပ်ပျော်နေသော် လည်း နှလုံးသား မူကား အိပ်ပျော်ခြင်းမရှိပေ” ဟူသောာ ရှင်းလင်းဖွင့်ဆိုချက်ဖြစ်ပါသည်။ တမန်တော် တို့သည် ဆရာများဖြစ်သည်ဟု ခိုင်ခိုင်မာမာ သဘောပေါက်ကြလျှင် တမန်တော်တို့ ဟောကြား သည့်အတိုင်း တူညီအောင် ကြိုးစားလိုက်နာ ကြရမည်ကိုခံယူကြလျှင် မိတ်ဆွေတို့ကျွန်ုပ်တို့သည် နှလုံးသား ကိုအိပ်ပျော်နေခြင်း မရှိအောင် နိုးကြားကြိုး စား၍ မိမိအကျိုး ၊အများ အကျိုး ၊ ကမ္ဘာလောကကြီး တစ်ခုလုံး ကောင်းကျိုးအထိကို ဆောင်ရွက်သင့်ပါသည်။
မောင်ဆုရှင် (၁၉၉၈) အိမ်နီးချင်းကောင်း များတိုးပွားဖို့၊ပြည့်အားမာန် မဂ္ဂဇင်း (၃၂-၃၄)