Home

Wednesday, March 27, 2013

ပြန်ကြစို့ အမေရယ်( If i m son of her )

အမေ
လာ အထုတ်အပိုးတွေပြင်
သားနဲ့ အင်္ဂလန်ပြန်ကြစို့။

အိမ်အိုကြီးလဲ ပြစ်ထားခဲ့
အခု အမေ့ အသက် ၆၇
နောက် ထပ် နှစ်၃၀ လောက် ဖြေရှင်းရင်တောင်
အမေ
ရှင်းပေးနေရတဲ့ပြဿနာတွေက
လျှော့မသွားပဲ
ထပ်တိုးလာဖို့ပဲရှိတယ်။

သူတို့ကံကြမ္မာ က သိကြာမင်း ဆင်းကယ်တောင် မရဘူး
ရှေ့က ဖြေရှင်း
အနောက်က မီးရှို့
ငြိနိုင်းမှု
စာနာမှု
ဒါတွေ အမေ ရွတ်ပြနေလဲ
ပလာတာရိုက်တဲ့သူ လက်ပြုတ်မဲ့ကိန်း

လောက်ဆိုတာ မစင်ထဲမှာသာ ပျော်ကြတယ်
သူတို့လဲ
မီးတောက်မီးလျှံတွေကြားမှာ
ပျော်ကြတယ်

ခု ပြောကြတော့မယ်
အမေလဲ မကောင်းဘူး
စစ်တပ်လဲ မကောင်းဘူး
သမ္မတလဲ မကောင်းဘူး
မင်းကိုနိုင်လဲ အလကား
ခရိုနီ လဲဖွတ်
ကုလား မြင်လဲဆဲ
တရုတ်မြင်လဲ ဆဲ
ကိုယ့်အချင်းချင်းလဲ ပတ်လည်ရိုက်ပီးဆဲ

ကြာရင်
သေသွားတဲ့ အဘိုးအောင်ဆန်း တောင် ဆဲခံရတော့မဲ့ ကိန်းမြင်တယ်

အချုပ်ဆိုရသော်

သူတို့သည်
ယတြာ တောင် ချေစရာ မရှိတဲ့
ကံကြမ္မာဆိုးတွေကို
ကိုယ်တိုင်ဖန်တီးရင်း
ပျော်မွေ့နေကြတယ်

လာ
အမေ ပြန်ကြစို့

သေသွားတဲ့ အဖေ နဲ့ သား ၂ယောက်ရဲ့
အရိပ်လေးမှာသာ
အမေ နားနေပါတော့

စာဖတ်နေတဲ့သူတို့ ရဲ့
ဘဘကြီး က ဒီပြဿနာကို
ဆက်ရှင်းလိမ့်မယ်

(ရေးသူ - Pont Pont )