Home

Thursday, March 21, 2013

မဟတ္တမဂန္ဓီ ရဲ့ လူသားအမြင်


"ကျွန်ုပ် - လူတစ်ဦးတစ်ယောက်ကို ဟိန္ဒူဘာသာထဲ ဝင်ပါလား၊ ခရစ်ယာန်ဘာသာထဲ ဝင်ပါလားလို့ မတိုက်တွန်းဘူး။ မိမိ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားကိုသာ ယုံကြည်ကိုးကွယ်ပြီး၊ မိမိဘာသာတရားထဲက ညွှန်ကြားပြောပြတာတွေကို လိုက်နာကျင့်သုံးပါ လို့ပဲ ပြောချင်တယ်။ ခရစ်ယာန်ဘာသာဝင် တစ်ယောက် ဖြစ်ရင် ခရစ်ယာန်ကောင်း တစ်ယောက် ဖြစ်အောင်

ကြိုးစားစေချင်တယ်။ ဟိန္ဒူဘာသာဝင် တစ်ယောက် ဖြစ်ရင် ဟိန္ဒူဘာသာဝင်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားစေချင်တယ်။ အစ္စလာမ်ဘာသာဝင် ဖြစ်တယ် ဆိုရင်လည်း အစ္စလာမ် ဘာသာဝင်ကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားစေချင်တယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်တယ် ဆိုရင်လည်း ဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်အောင် ကြိုးစားရမှာပဲ။

"အဲ့ဒီမှာ ပြောစရာ ရှိတယ်။ ဘာသာတရား တစ်ခုခုက ညွှန်ကြားတဲ့ လိုက်နာသင့် လိုက်နာအပ်တဲ့ ကျင့်ဝတ်တွေကို လိုက်နာခြင်း မပြုခင် ရှေးဦးဆုံး လူသားကောင်း တစ်ယောက် ဖြစ်ဖို့လည်း ကြိုးစား အားထုတ်ရတယ်။ လူသားတစ်ယောက် - လူသားပီပီသသ ကျင့်ကြံ လိုက်နာရမယ့် ကျင့်ဝတ်သိက္ခာဟာ ကျွန်ုပ်တို့ အားလုံး ရဲ့ ကနဦး ဘာသာတရား ဖြစ်တယ်။

"နောက်တစ်ခု ထပ်ပြောချင်တယ်။ ဘာသာတရားတစ်ခုခုကို မှန်ကန်တဲ့ နည်းလမ်းနဲ့ လိုက်နာကျင့်သုံးတဲ့ ပုဂ္ဂိုလ်ဟာ မိမိဘာသာတရား နဲ့ သူတစ်ပါး ဘာသာတရားကြားမှာ ခွဲခြားတဲ့ အလုပ်ကို မလုပ်ဘူး။ ဟင်ဒူတွေရဲ့ဘုရားကျောင်း ၊ ခရစ်ယာန်တွေရဲ့ချာ့ခ်ျ၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ဗလီဝတ်ကျောင်းတော်တွေ နဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ စေတီ ပုထိုး ဘုရား တန်ဆောင်းပြဿာဒ် ကြားမှာ ဘာကွာဟချက်မှ မဖန်တီးဘူး