Home

Monday, March 4, 2013

ငြိမ်းချမ်းရေးသစ်ပင်-သန်းမင်းထိုက်(မြန်မာစာ)


ဝေစီလှိုင်း၊ ဒို့အကိုင်းကို
စိတ်ရိုင်းနဲ့ ခုတ်ဖို့ကြံ
သင်းတို့ဟန်ပြင်နေကြသလား။
အရိပ်မြိုင်၊ဒို့အခိုင်ကို
ယိမ်းယိုင်အောင် ချိုးချိုင်ဖို့
ဒင်းးတို့သပ်လျှိုနေကြသလား။
အပွင့်ဝေ အသီးတွေနဲ့
အေးနေတဲ့အရိပ်ကိုမှ
မရှုစိတ် မနာလို(ကွန်းခိုဖို့မကြံ)
တွန်းဖြိုဖို့ဟန်ပြင်ရအောင်
ဒီအပင်ရဲ့သတ္တိ၊ဒီအပင်ရှိ စွမ်းပကား
(ဒင်းတို့တစ်ခါမှ)မကြားဖူးရော့လေသလား။
ဟောဒီအပင်
ငြိမ်းချမ်းရေးသစ်တစ်ပင်ဟာ
အမြစ်က ညောင်လိုနက်ရှိုင်း
အကိုင်းက မကျည်းလိုမာ
ပွင့်လွှာက သင်းပျံ့မညီး
အသီးကမွှေးချို
အရွက်ကိုများတော့
လက်ဆော့လို့ချွေမချနဲ့
ကြွေကျရာ အပင်ပေါက်တယ်
ရွက်ကျပင်မျိုး။      ။

သန်းမင်းထိုက်(မြန်မာစာ)