ကိုးကွယ်ယုံကြည်ရာဘာသာတရားတွေက ဘယ်လူမျိုးကိုမှ အနှောက်အယှက်မပေးပါဘူး၊ မရှုပ်ထွေးစေပါဘူး။ ဘာသာတရားတွေကို ခုတုံးလုပ်ပြီး မိမိလိုရာ အသုံးချနေလို့၊ ဘာသာတရားကိုအကြောင်းပြုပြီး အသက်မွေးဝမ်းကြောင်းပြုနေလို့ (တစ်နည်းအားဖြင့်) ဘာသာရေးခေါင်းစဉ်တပ်ပြီးလုပ်စားနေလို့ ရှုပ်ထွေးနေတာပါ။ ဘယ်လူမျိုးပဲဖြစ်ဖြစ် မိမိဘာသာအပေါ်မှာ နှစ်နှစ်ကာကာယုံကြည်ပြီး၊ မိမိယုံကြည်သည့် ဘာသာတရားရဲ့အဆုံးအမနဲ့အညီ ကျင့်ကြံအားထုတ်နေထိုင်သွားမယ်ဆိုရင် ဘယ်လူမျိုး ဘယ်ဘာသာဝင်ကိုမှ ထိခိုက်မှာမဟုတ်ဘူး။ နစ်နာစေမှာမဟုတ်ဘူး။ဘာသာတရားဆိုတာ အဆုံးအမပါ။ ဘာသာတရားတိုင်းရဲ့ အခြေခံက မေတ္တာတရားပါ။ ဘယ်ဘာသာတရားကမှ ဘာသာတရားတစ်ခုနဲ့တစ်ခု မကောင်းပြောဖို့၊ အပုတ်ချဖို့၊ ဆဲဖို့ဆိုဖို့ မသင်ပေးထားသလို၊ ဘာသာခြားတွေအပေါ်မှာ အုပ်စုဖွဲ့အနိုင်ကျင့်ဖို့၊
စော်ကားဖို့၊ နိုင်ထက်စီးနင်းလုပ်ဖို့၊ ကြီးနိုင်ငယ်ညှင်းလုပ်ဖို့၊ နေအိမ်တွေကမောင်းထုတ်ဖို့ ညွှန်ကြားထားတာမရှိပါဘူး။ ဘာသာမတူလို့၊ လူမျိုးမတူလို့ ရန်ဖြစ်ခိုင်းတာ၊ လူသတ်ခိုင်းတာ၊ မီးရှို့ဖျက်ဆီးခိုင်းတာတွေ မသွန်သင်ခဲ့ပါဘူး။
စော်ကားဖို့၊ နိုင်ထက်စီးနင်းလုပ်ဖို့၊ ကြီးနိုင်ငယ်ညှင်းလုပ်ဖို့၊ နေအိမ်တွေကမောင်းထုတ်ဖို့ ညွှန်ကြားထားတာမရှိပါဘူး။ ဘာသာမတူလို့၊ လူမျိုးမတူလို့ ရန်ဖြစ်ခိုင်းတာ၊ လူသတ်ခိုင်းတာ၊ မီးရှို့ဖျက်ဆီးခိုင်းတာတွေ မသွန်သင်ခဲ့ပါဘူး။
ဘာသာတရားကို ခုတုံးလုပ်ပြီး မိမိလိုရာ အသုံးချနေမယ်၊ ဘာသာတရားကိုအကြောင်းပြုပြီး အသက်မွေးဝမ်းကြောင်းပြုနေမယ်၊ ဘာသာရေးခေါင်းစဉ်တပ်ပြီးလုပ်စားနေမယ်ဆိုရင်တော့ ဘာသာဝင်အချင်းချင်းကြား၊ ဘာသာခြား လူမျိုးခြားတွေကြား ထိခိုက်လာမယ်။ နစ်နာလာမယ်။ ဘာသာဝင်အချင်းချင်းတွေကြား၊ ဘာသာခြား လူမျိုးခြားတွေကြား ရန်လိုမှုတွေ၊ မုန်းတီးမှုတွေနဲ့ အာဃာတတွေဖြစ်လာမယ်။ ဘာသာတရားအချင်းချင်းကြား၊ လူမျိုးစုအချင်းချင်းကြား သွေးကွဲမှုတွေ၊ သွေးထိုးရန်စမှုတွေ ဖြစ်လာမယ်။
ဘာသာရေးခေါင်းဆောင်အမည်ခံပြီး ခြံဝင်းကျယ်ကြီးမှာ ၊ အုတ်တံတိုင်းအမြင့်ကြီး၊ အဆောက်အဦးအကြီးကြီးတွေနဲ့၊ ဇိမ်ခံပစ္စည်းအပြည့်နဲ့၊ လုံခြုံရေးအပြည့်နဲ့ ငြိမ့်နေပြီး မိမိတို့ဘာသာဝင်တွေအနှိပ်စက်ခံ၊ အဖိနှိပ်ခံ၊ အစော်ကားခံနေရတာတောင် ခံစား
ချက်မရှိ ၊ကိုယ်ချင်းစာစိတ်မရှိတဲ့သူတွေကို ဘာသာရေးခေါင်းဆောင်အဖြစ်တင်မြှောက်ထားတာလည်း ဘာသာရေး၊ သာသနာရေးကို ထိခိုက်စေပါတယ်။
ဘာသာရေးခေါင်းဆောင်များကလည်း နိုင်ငံတွင်းလှည့်လည်ပြီး မေတ္တာတရား၊ ညီညွတ်ခြင်းတရားများကို ဟောကြားကြရမည့်အစား ကြော်ကြားလိုမှု၊ နေရာယူလိုမှုတွေအတွက် သည်းခြေကြိုက်စကားလုံးတွေသုံးပြီး ထင်ယောင်ထင်မှားဖြစ်အောင် လူမျိုးရေးဘာသာရေးစော်ကားတဲ့၊ ဘာသာတရားနှင့် ဆန့်ကျင်တဲ့ မတရားတွေ ဟောနေမယ် ဆိုရင်
မိမိကိုးကွယ်ရာဘာသာတရားကို ထိခိုက်နိုင်သလို၊ အခြားဘာသာတရားများကိုလည်း ထိခိုက်နိုင်ပါတယ်။ ။
ဘာသာတရားတိုင်းကို အပြန်အလှန်လေးစားဖို့လိုပါတယ်။ မိမိသက်ဝင်ယုံကြည်တဲ့ ဘာသာတရားပေါ်မှာ အစွန်းရောက်ပြီး အခြားဘာသာတရားတွေကို ထိခိုက်နစ်နာစေမယ်ဆိုရင် ကိုယ့်ဘာသာ သိက္ခာကျအောင် ကိုယ်ကိုယ်တိုင်လုပ်နေသလိုဖြစ်မယ်။
ဘယ်ဘာသာဝင် ဘယ်လူမျိုးပဲဖြစ်ဖြစ် မိမိကိုးကွယ်ယုံကြည်တဲ့ဘာသာတရား သာသနာရာင်ဝါထွန်းလင်းပြောင်လိုတဲ့ဆန္ဒ
ရှိတယ်ဆိုရင်တော့ မိမိနိုင်ငံတွင်းမှာရှိတဲ့ လူသားတွေကို လူသားတွေအဖြစ်နဲ့သာမြင်ကြရမယ်။။ လူသားတွေအဖြစ်နဲ့သာဆက်ဆံ
ကြရမယ်။ မိမိနိုင်ငံတွင်းမှာရှိတဲ့ လူသားတွေကို သာသနာရောင်နဲ့ အလင်းပေးရမယ်။ လူသားတိုင်းကို မေတ္တာတရားထားပြီး ဆွေမျိုးသားချင်း၊ ညီရင်းအစ်ကို၊ မောင်ရင်းနှမကဲ့သို့ အတူတကွပူးပေါင်းနေထိုင်နိုင်အောင်ကြိုးစားကြရမှာဖြစ်သလို လူသားမှန်ရင်
လူသားတွေကြားမှာ ဘာအရောင်မှ မခွဲခြားဘဲ ချစ်ခင် ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံနိုင်ကြရပါမယ်။
မြင့်မြတ်တဲ့ လူမျိုး၊ မြင့်မြတ်တဲ့ဘာသာဆိုတာ လွတ်လပ်စွာဘာသာတရားကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရားကို ကာလဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့ စိုးရိမ်ပူပန်ခြင်းမှ ကင်းလွတ်မှု၊ အနှိမ်ခံဘ၀မှ လွတ်မြောက်မှု စတာတွေ ပေးစွမ်းနိုင်ရမှာဖြစ်ပါတယ်။မိမိတို့က မိမိယုံကြည်ရာ လွတ်လွတ်လပ်လပ်ကိုးကွယ်ကြသလို အခြားသူတွေလည်း သူတို့ယုံကြည်ရာ လွတ်လွတ်လပ်လပ်ကိုးကွယ်တာကို နားလည်ခွင့်ပြုပေးနိုင်ရမယ်။ မိမိတို့နိုင်ငံသားအားလုံးအတွက် လောကီ၊ လောကုတ္တရာနှစ်ဌာ
နလုံးအကျိုးရှိမယ့် အမြင့်မြတ်ဆုံးသော ဘာသာရေးကို ဆောင်ရွက်ကြရမယ်။ မိမိတို့ဘာသာ သာသနာရဲ့ အေးမြတဲ့မေတ္တာရိပ်ကို အခြားဘာသာဝင်မျာကိုလည်းခိုလှုံခွင့်ပေးရမယ်။
ဒီနိုင်ငံအတွင်းမှီတင်းနေထိုင်ကြတဲ့ ဗုဒ္ဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာစတဲ့ ဘာသာအသီးသီး ကိုးကွယ်ယုံကြည်ကြတဲ့ ဘာသာဝင်တိုင်းဟာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လိုတဲ့သူတွေသာဖြစ်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လိုတဲ့ဆန္ဒအလျောက် ဘာသာခြားမတူ လူမျိုးကွဲပြားမှုတွေကို အစွဲမထား၊မခွဲခြားဘဲ နိုင်ငံသားတိုင်း စည်းလုံးညီညွတ်ဖို့လိုပါတယ်။ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးလှည့်ကွက်ဖန်တီးချင်တဲ့သူတွေ၊ ဆူပူအကြမ်းဖက်လိုသူတွေရဲ့ အသုံးချမှုတွေမှာ အငိုက်မိ မသွားစေဖို့ မိမိလူမျိုး၊ မိမိဘာသာဝင်တွေကို ထိန်းကျောင်းပေးကြရမယ်။ အသိတရား၊ သတိတရားရှိရှိနဲ့ အာဏာရလိုသူတွေ၊ သြဇာလွှမ်းမိုးချင်တွေရဲ့ နိုင်ငံရေးလှည့်ကွက်ထဲမ၀င်မိစေဖို့ အထူးသတိပြုပြီး၊ ဒီနိုင်ငံရဲ့ပြဿနာအရပ်ရပ်ကို အတူတကွ ပူးပေါင်းဖြေရှင်းကြရင်း လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခတွေကို ကျော်လွှားပြီး၊ တည်ငြိမ်အေးချမ်းတဲ့နိုင်ငံတော်သစ်ကို နောင်မျိုးဆက်အတွက်ချန်ရစ်ခဲ့ကြပါစို့ လို့တိုက်တွန်းရင်း.......မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ချုပ် ဘဒ္ဒ န္တရာဇ ဓမ္မာဘိဝံသ ရဲ့ မိန့်ကြားချက်နဲ့ အဆုံးသတ်လိုက်ပါတယ်။
" မင်းတို့ လူထုအနေနဲ့ရော သံဃာထုအနေနဲ့ရော ဗဟုသုတကလဲ အင်မတန်ကို နဲပါတယ်။
အဲဒါ တိုင်းပြည် မတိုးတက်ခြင်းရဲ့ အခြေခံအကြောင်းတရားတွေပဲ။
ဗဟုသုတနဲတော့ကို ရန်မဖြစ်ရမယ့်ကိစ္စ ရန်ဖြစ်တယ်၊
ရန်ဖြစ်အောင် တကယ်ရန်တိုက်ပေးရင် တကယ်ရန်ဖြစ်တယ်၊ စဉ်းစားကြည့် . . .
မင်းတို့ ရှူးတိုက်တိုင်း ကိုက်တယ်ဆိုတာ ခွေးတွေပဲ ရှိတယ်ကွ။
အဲဒါ အဲဒီလို ရန်ဖြစ်အောင် တိုက်ပေးရင် ရန်ဖြစ်တယ်ဆိုကတည်းက မင်းတို့ရဲ့ အသိညာဏ်က
အဲဒီ သုနခ (ခွေး)လောက်ပဲ ရှိတာ။ အဲဒါ မှတ်ထား။ နောက်ကို ရန်ဖြစ်အောင် တိုက်ပေးတိုင်း ရန်မဖြစ်ရဘူး။
ဆူပူအောင် လုပ်တိုင်း မဆူပူရဘူး။ ကိုယ်က ဗဟုသုတရှိထားမှ။
ဒါ တမင်သက်သက် ဆူပူအောင် လုပ်နေတယ်။ အဲဒီလို သိတာပေါ့။
အဲဒီလို သိအောင် ခုနကပြောသလိုပဲ ဗဟုသုတရှိအောင်လို့ ဆည်းပူးရတယ်"
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
့http://www.newmoekaungkin.blogspot.com
့http://www.newmoekaungkin.blogspot.com