ခံယူချက်တူလို့၊ အုပ်စုတူလို့ဆိုတဲ့ အစွဲတွေနဲ့ မှန်မှန်မှားမှား ကိုယ့်လူဖက်ကပဲ ရပ်တည်မယ်၊ ကာကွယ်မယ်ဆိုတဲ့ အကျင့်ဆိုး၊ စရိုက်ဆိုးမျိုးတွေက ဒီမိုကရေစီနဲ့တော့ ဆန့်ကျင်တယ်ခင်ဗျ။
ဒီမိုကရေစီမှာ မတူကွဲပြားမှုကို နားလည်လက်ခံပြီး လူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုး ထားရမှာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာပဲဖြစ်ဖြစ်၊ ဘယ်လိုယုံကြည်ချက်၊ ဘယ်လိုခံယူချက်ပဲရှိရှိ အမှန်တရားဘက်က ရပ်တည် ကာကွယ်ပေးဖို့ လူတိုင်းမှာတာဝန်ရှိတယ်။
လူတိုင်းမှာ ရသင့်ရထိုက်တဲ့ မွေးရာပါအခွင့်အရေးတွေရှိတယ်ဆို
ကိုယ်နဲ့လူမျိုးမတူလို့၊ ဘာသာမတူလို့၊ ကိုးကွယ်မှုမတူလို့၊ ယုံကြည်ချက်မတူလို့၊ ခံယူချက်မတူလို့ မတူရင် ရန်သူအဖြစ်သတ်မှတ်ပြီး ဆန့်ကျင်ရမယ်၊ ကန့်ကွက်ရမယ်၊ အကြမ်းဖက်ရမယ်၊ ခွဲခြားဆက်ဆံ၊ ဖိနှိပ်စော်ကားရမယ်လို့ ဒီမိုကရေစီစနစ်မှာ အဓိပ္ပါယ်ဖွင့်ဆိုမထားဘူး။ အင်အားကြီးတဲ့အုပ်စုတွေက အင်အားနည်းတဲ့အုပ်စုတွေကို အကြမ်းဖက်စော်ကားဖို့၊ အရိုင်းစိတ်နဲ့ဆက်ဆံဖို့ ဘယ်ဘာသာတရားကမှလည်း သွန်သင် လမ်းညွှန်မထားဘူး။
ကိုယ်က လူများစုပဲ၊ အင်အားကြီးတဲ့အုပ်စုပဲ အသာစီးရနေတယ်ဆိုပြီး လူနည်းစုတွေနဲ့
အင်အားနည်းတဲ့အုပ်စုတွေကို အကြမ်းဖက်လိုက်မယ်၊ အနိုင်ကျင့်လိုက်မယ်၊ နှိပ်ကွပ်လိုက်မယ် ဆိုတဲ့ စိတ်ဓာတ်မျိုးထားမယ်ဆိုရင်တော့ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ တောတွင်းစိတ်ဓာတ်၊ အရိုင်းစိတ်ဓာတ်၊ တိရစ္ဆာန်စိတ်ဓာတ်တွေဖြစ်လို့ အမုန်းသံသရာ ရှည်ရုံမက တိုင်းပြည်တည်ငြိမ် ငြိမ်းချမ်းမှုပါ ပျောက်ဆုံးပြီး အာဏာရှင်စနစ် တစ်ကျော့ပြန်ခေါင်းထောင်လာမှာဖြ
______________________________
m y O e w y n n _ 1 1 . 0 7 . 2 0 1 4