ရှစ်လေးလုံးဆိုတာ အလွန်တရာ ကြီးကျယ်ခမ်းနားလှတဲ့ မြန်မာ့သမိုင်းမော်ကွန်းဖြစ်ပါတယ်။န
ကမ္ဘာ့သမိုင်းမှတ်တိုင်လည်းဖြစ်ပါတယ်။ခတ်ပြောင်းတော်လှန်ရေး
လှိုင်းတံပိုးကြီးကို အရှိန်ပြင်းပြင်း ရိုက်ခတ်စေခဲ့ပါတယ် ။
ရှစ်လေးလုံးရဲ့ ပန်းတိုင် ရှစ်လေးလုံးရဲ့ အန္တိမ ရည်မှန်းချက်ပန်းတိုင်ဖြစ်ပါတယ်။
ရှစ်လေးလုံးဟာ မျက်နှာစာ နှစ်ဘက်ရှိတဲ့ မြန်မာ့သမိုင်းဖြစ်ပါတယ်။
မျက်နှာစာတစ်ဘက်ကအာဏာရှင်စနစ်ကို ထိပ်တိုက်ရင်ဆိုင် တွန်းလှန်ခဲ့တာကြောင့် အသက်သွေး
ချွေးတွေ စတေးပေးဆပ်လိုက်ရပြီး အရုပ်ဆိုးအကျည်းတန်တဲ့(တပ်နဲ့ပြည်သူတို့)စည်းလုံးညီညွတ်မှု ပြိုပျက်လုမတတ်ဖြစ်ခဲ့ရတဲ့သမိုင်းစာမျက်နှာဖြစ်ပြီး တခြားမျက်နှာစာ တစ်ဘက်ကတော့ဒီမိုကရေစီစနစ်ကိုချစ်ခင်မြတ်နိုးကြောင်းအတိအလင်းထုတ်ဖေါ်ပြသခဲ့လို့ မြန်မာနိုင်ငံနဲ့ မြန်မာလူထုရဲ့ဂုဏ်ရောင် ထွန်းပြောင်စေခဲ့တဲ့ အာဏာရှင်စနစ်ကို လက်မခံကြောင်း တခြားသောလူစဉ်မီတဲ့ လူ့ဘောင်အဖွဲ့အစည်းများ နည်းတူ
မြန်မာတို့ကလည်း မြန်မာ့လူ့ဘောင်ကိုဘက်စုံ ထွန်းကားပြည့်စုံစေသော နိုင်ငံရေးစနစ်မျိုး ထူထောင်ဖို့ပိုင်းဖြတ်လိုက်တဲ့အကြောင်း ကမ္ဘာကိုပြသလိုက်တဲ့လူထုတစ်ရပ်လုံးရဲ့သွေးစည်းညီညွတ်မှု ကို ဖေါ်ပြနိုင်ခဲ့တဲ့သမိုင်းမျက်နှာစာဖြစ်ပါတယ်။
ရဟန်းရှင်လူ ပြည်သူတို့ ဘဝတွေ အသက်တွေ ပေးဆပ်လိုက်ရခြင်းဟာ နိုင်ငံနဲ့ လူထုရဲ့ ဆုံးရှုံးမှုကြီးဖြစ်ပေမယ့် ဒီလို စတေးပေးဆပ်ခဲ့ကြလို့ လက်ရှိအခြေအနေကောင်းတွေအထိ တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ပေါ်တိုးတက်လာ ခဲ့ခြင်းဖြစ်ပါတယ်။အာဏာရှင်စနစ်ကြီးစိုးတဲ့တခြားနိုင်ငံတွေမှာ မြန်မာ့ ရှစ်လေးလုံးအရေးတော်ပုံနောက်ကနေ
လူထုတော်လှန်ရေးတွေ ဆက်တိုက်ပေါ်ပေါက်ခဲ့ခြင်းကတိုက်ဆိုင်မှုမဟုတ်ပါဘူး။ကမ္ဘာတစ်ဝှမ်း ဒီမိုကရေစီ အလင်းရောင် ထွန်းပြောင်နိုင်ဖို့ မြန်မာတို့က တော်လှန်ရေးမီးရှူးတိုင်ကို
ထွန်ညှိပေးနိုင်ခဲ့ခြင်းလည်းဖြစ်တဲ့အတွက်ရှစ်လေးလုံးဟာ ပိုပြီး ကြီးကျယ်ခမ်းနားခဲ့ရပါတယ်။
အခုအချိန်မှာတော့ ရှစ်လေးလုံးဟာ ငွေရတုသို့ တိုင်ခဲ့ပါပြီ။ ငွေရတုပွဲကိုလည်း အတိုင်းအတာတစ်ခုအထိ ကောင်းကောင်းမွန်မွန်ခမ်းခမ်းနားနားကျင်းပနိုင်ခဲ့ပါပြီ။ အရင်နှစ်အနည်းငယ်ကဆိုရင် အိပ်မက်တောင် မက်လို့မရတဲ့ အနေအထားကို ရောက်ရှိလာခဲ့ ပါပြီ။
အစိုးရဘက်က လိုက်လျောမှုတွေကို လူထုနဲ့အတိုက်အခံတို့ကအသိအမှတ်ပြုပေးဖို့လည်းမဖြစ်မနေ လိုအပ်သလို အစိုးရအနေနဲ့ကလည်း အတိုက်အခံများအပေါ် သဘောထားကိုအခုထက်ပိုမို ရှင်းလင်းပြတ်သားစွာ လက်တွေ့ကျကျ ထိထိရောက်ရောက် ထုတ်ဖေါ်ပြသသင့်ပါတယ်။အပြောင်းအလဲကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သင့်ပါတယ်။
အခုအခါမှာ အစိုးရက ထုတ်မပြောပေမယ့် ရှစ်လေးလုံးရဲ့ အရေးပါမှုကို အတိုင်းအတာတစ်ခုအထိ
အသိအမှတ်ပြုပေးလိုက်ပြီဆိုတာကို အတိုက်အခံတို့ဘက်ကလည်း သေသေချာချာ သိနားလည်သင့်ပါတယ်။ရှစ်လေးလုံးနဲ့ အစိုးရ လားလားမှမဆိုင်ဘူးဆိုတဲ့ အယူအဆရှိနေသေးသူများကိုလည်း လက်တွေကျတဲ့
နိုင်ငံရေးခံယူချက်များ နဲ့ ဒီမိုကရေစီရေးအတွက် ထိရောက်တဲ့ဆောင်ရွက်မှုတွေကို လုပ်ကိုင်ကြစေချင်ပါတယ်။လက်တွေမကျဘဲ အာဃာတတရားကိုသာ လက်ကိုင်ထားပြီး အစိုးရကို ဆန့်ကျင်ဘက်အမြင်နဲ့
ဆက်ကြည့်နေကြရင် ပန်းတိုင်ရောက်ဖို့ ကြာသွားပါလိမ့်မယ်။အစိုးရနဲ့ နားလည်မှုရရှိခြင်းဟာ ရှစ်လေးလုံးကို အသိအမှတ်ပြုလာတဲ့ အစိုးရကို လက်ကမ်းကြိုဆိုခြင်းဟာ
ဒီမိုကရေစီရေးကို သစ္စာဖောက်တာမဟုတ်ပါဘူး။
ဒီမိုကရေစီ အသေအချာအခိုင်အမာ ရရှိရေးအတွက် ခြေတစ်လှမ်းလှမ်းလိုက်ခြင်းသာ အတိုက်အခံတို့ဘက်က
သဘောထားကြီးကြောင်းပြသလိုက်ခြင်းသာဖြစ်ပါတယ်။ အစိုးရနဲ့အတိုက်အခံ အခုလောက်ပြေလည်မှုရရှိလာခြင်းက ဒီမိုကရေစီရေးအတွက် မျှော်လင့်ချက်ပိုမိုလာခြင်းပါ။ရှစ်လေးလုံးကို ထောက်ခံအားပေးခဲ့တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးကလည်း အစိုးရနဲ့အတိုက်အခံ စည်းလုံးညီညွတ်မှု ရရှိပြီး မြန်မာပြည်နဲ့ မြန်မာလူထု တိုးတက်ဖွံ့ဖြိုးလာတာကိုပဲ
မြင်လိုတွေ့လိုကြတာဖြစ်ပါတယ်။တိုင်းပြည်ကို အတူတကွ အားသွန်ခွန်စိုက် ကြိုးစားတည်ဆောက်ကြဖို့ပဲလိုပါတယ်။
အရင်က အယူအဆမတူတဲ့ ရန်သူသဖွယ်ဖြစ်ဖြစ်ခဲ့ရတဲ့ အင်အားစုများဟာ နည်းနည်းလေးဆက်ကြိုးပမ်း
အားထုတ်လိုက်ရင်မျက်နှာချင်းဆိုင်အနေအထားကနေ ကျေချင်းကပ်လို့ရပါတော့မယ်။ အတိုက်အခံနဲ့ အစိုးရ (တပ်မတော် ) တို့ဟာ တိုင်းပြည်တည်ဆောက်ရေးကို ဘုံရည်မှန်းချက်အဖြစ်
အကောင်အထည်ဖေါ်ကြတော့မယ့် မိတ်ဖက်များဖြစ်လာနေပါပြီ။ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတို့အတွက် မရှိမဖြစ် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးဟာလည်း တစ်စတစ်စ ထွန်းလင်းလာတော့မယ့်အနေအထားပါ။ အချိန်တန်တဲ့ အခါ တပ်မတော်ဟာ ဒီမိုကရေစီခိုင်မာအောင်ဝိုင်းဝန်းတည်ဆောက်ပေးခဲ့ဖူးတဲ့ ကြီးမြတ်တဲ့သမိုင်းတစ်ခုကို မော်ကွန်းသစ်ရေးထိုးခဲ့တဲ့ နိုင်ငံတကာအဆင့်မီ တဲ့ ဒီမိုကရေစီပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ တပ်မတော်အဖြစ် မားမားမတ်မတ်ရပ်တည်ဖို့ ကြိုးပမ်းအားထုတ်နေတာဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုတစ်ခု ထားကြည့်ကြဖို့ လိုအပ်ပါတယ်။
ဒီယုံကြည်မှု ကို အတိုက်အခံတို့နဲ့လူထုက ထားနိုင်ပြီဆိုတာနဲ့ မြန်မာ့နိုင်ငံရေး ဟာ လမ်းကြောင်းမှန်ပေါ်
ခိုင်ခိုင်မာမာ ရောက်ရှိသွားပါလိမ့်မယ်။စိုးရိမ်သောကနဲ့ တထိတ်ထိတ်အနေအထားကလွတ်မြောက်ပါလိမ့်မယ်။တပ်မတော်အနေနဲ့ကလည်း အခုထက် ပွင့်လင်းမြင်သာဖို့လိုပါတယ်။အခုဆိုရင် လူထုနဲ့တပ်မတော်အကြားအတိုင်းအတာတစ်ခုအထိ ပြေလည်မှု ရရှိနေပါပြီ။ရရှိလာတဲ့ အခြေအနေကောင်းကို ထိမ်းသိမ်းပြီး ( နိုင်ငံရေးလမ်းကြောင်းကို)အခုထက်ပိုကောင်းအောင်ကြိုးစား တည်ဆောက်ဖို့က တပ်မတော်မှာရော လူထုနဲ့ အတိုက်အခံတို့မှာပါ တာဝန်ရှိပါတယ်။တပ်မတော်နဲ့လူထု စည်းလုံးညီညွတ်မှု၊ အပြန်အလှန်ချစ်ခင်လေးစားမှု တူညီတဲ့ မျှော်မှန်းချက်နဲ့ တူညီတဲ့
အကျိုးစီးပွားတို့မရှိဘဲနဲ့ ဒီမိုကရေစီကို တည်ဆောက်လို့ လုံးဝမရ နိုင်ပါဘူး။
တပ်မတော်က အခုအခါမှာ သမိုင်းမော်ကွန်းသစ်ရေးထိုးဖို့ ကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ကို အစွဲတွေ
ချွတ်နိုင်တဲ့ သူမှန်သမျှယုံကြည်မှုရှိပါတယ်။
အနောက်နိုင်ငံကြီးတွေက မြန်မာ့တပ်မတော်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ အကူအညီတွေပေးဖို့
စတင်လုပ်ဆောင်နေတာဟာ ဒီယုံကြည်မှုကြောင့်ဖြစ်ပါတယ်။လူထုခေါင်းဆောင်အပါအဝင် အတိုက်အခံများက အခုလက်ရှိနိုင်ငံရေးလမ်းကြောင်းပေါ်ကို တက်ရောက်လျှောက်လှမ်း နေကြတာဟာလည်း ဒီယုံကြည်မှုကြောင့်ပဲဖြစ်ပါတယ်။ဒီယုံကြည်မှုမျိုးမထားနိုင်တဲ့ သူတချို့ကိုလည်းအပြစ်တင်လို့မရပါဘူး။
ရှေ့ကတပ်မတော်ခေါင်းဆောင်တချို့ရဲ ဆုံးဖြတ်ချက်အမှားတွေ လုပ်ရပ်အမှားတွေကြောင့် တိုင်းပြည်နဲ့လူထုက အလူးအလဲခံစားခဲ့ရတဲ့ သမိုင်းက ရှိနေပါတယ်။မျက်လုံးစုံမှိတ်ပြီး စစ်တပ်ဘာလုပ်လုပ် လက်မခံဘူးဆိုတဲ့အမြင်မျိုးရှိသူတွေကလည်း ကိုယ့်ဘာသာ ပြန်သုံး
သပ်သင့်ပါတယ်။ တပ်မတော်ကလည်းအခုထက်ပိုမိုကြိုးစားအားထုတ်ပြီး လူထုနဲ့တစ်သားထဲဖြစ်ဖို့ ကြိုးပမ်းမယ်လို့ ယုံကြည်ရပါတယ်လူထုကလည်း နိုင်ငံရေးကို ကိုယ်နဲ့မဆိုင်သလိုမနေကြဘဲ တတ်စွမ်းသလောက် နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ထဲ ပါဝင်ကြပြီး သမိုင်းမော်ကွန်းသစ်ရေးထိုးကြရပါလိမ့်မယ်။ နိုင်ငံရေးသမားတို့ကလည်း တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ဖြစ်ပေါ် ပြောင်းလဲလာမယ့် အခြေအနေများနဲ့
လိုက်လျောညီထွေ စွမ်းဆောင်နိုင်သူများဖြစ်အောင် မိမိတို့ကိုယ်မိမိတို့ ကြိုးစားဖြည့်ဆည်းကြဖို့ လိုအပ်ပါမယ်။စေတနာလည်းမှန်ကန်မယ်၊ နိုင်ငံရေးကိုလည်း သေသေချာချာအာရုံစိုက်ထားမယ်ဆိုရင်လက်ရှိအနေအထားဟာ တိုင်းပြည်နဲ့လူထုရဲ့
အနာဂါတ်အတွက် အကောင်းဆုံးကြိုးပမ်းကြဖို့ အသင့်တော်ဆုံးအခြေအနေဆိုတာ သိရှိနားလည်လက်ခံနိုင်လာပါလိမ့်မယ်။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊တန်းတူညီမျှရေးနဲ့ငြိမ်းချမ်းရေးတို့အတွက် ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းတွေကို အမိအရဆုပ်ကိုင်ပြီး စည်းလုံးညီညွတ်စွာ အားသွန်ခွန်စိုက် ကြိုးပမ်းကြဖို့ သံဓိဌာန်ချသင့်
ပါတယ်။ အတိတ်က ခံစားချက်များ၊ဆုံးရှုံးနစ်နာမှုများကို သင်္ခန်းစာများ ၊အရင်းအနှီးများလို့သတ်မှတ်ကြပြီး အနာဂါတ်ကို အတူအကွ အကောင်းဆုံး ပုံဖေါ်သင့်ပါတယ်။ဒီမိုကရေစီကို ပီပြင်အောင်လက်တွေ့ကျကျတည်ဆောက်နိုင်မှသာ ဒီမိုကရေစီရေးအတွက် စတေးပေးဆပ်ခဲ့ရသူများအပေါ်မှာရော နောင်မျိုးဆက်သစ်များအပေါ်မှာပါ တာဝန်ကျေပါလိမ့်မယ်။ ငွေရတုကာလမှာ ရှစ်လေးလုံးအထိမ်းအမှတ်ပွဲကို အရင်ကထက် ပိုမိုလွတ်လပ်စွာအနှစ်သာရရှိရှိကျင်းပနိုင်ကြသလိုရွှေရတုစိန်ရတုကာလတွေရောက်တဲ့အခါ ရှစ်လေးလုံးရဲ့ ရည်မှန်းချက် အပြည့်အဝပေါက်မြောက်အောင်
ဒီမိုကရေစီနိုင်ငံတောစစ်စစ်အဖြစ်ရောက်ရှိနေပြီး လူထုတစ်ရပ်လုံး ရဲ့ မွေးရာပါရပိုင်ခွင့်များအပြည့်အဝရရှိအောင်အခုအချိန်ကစလို့ အားသွန်ခွန်စိုက် ကြိုးပမ်းသင့်ပါတယ်။
ငြိမ်းချမ်းရေးအပြည့်အဝရရှိပြီး နိုင်ငံရေးအင်အားစုများအားလုံး စည်းလုံးညီညွတ်စွာနဲ့ နိုင်ငံအကျိုးသယ်ပိုးနိုင်ဖို့
အတွက် အစိုးရရော အတိုက်အခံပါရိုးသားတဲ့ စိတ်ရင်းကို အခြေခံလျက် တစ်ဘက်ကအမှားကိုတစ်ဘက်က စာနာခွင့်လွှတ်ရင်း တစ်ဘက်အားနည်းချက်ကို တစ်ဘက်က ဖြည့်ဆည်းရင်း လက်တွေအားလုံးခိုင်ခိုင်မာမာ
တွဲလိုက်ကြရင် မဝေးကွာလှသော အနာဂါတ်မှာတိုးတက်ဖွံ့ဖြိုးခြင်း၊ငြိမ်းချမ်းခြင်း၊စည်းလုံးညီညွတ်ခြင်း၊တန်းတူညီမျှခြင်းနဲ့လွတ်လပ်ခြင်းဆိုတဲ့မျက်နှာစာတစ်ခုတည်းသာရှိသော ရှစ်လေးလုံးရဲ့ ခမ်းနားကြီးကျယ်လှတဲ့ကျက်သရေမင်္ဂလာနဲ့ပြည့်စုံလှတဲ့ မော်ကွန်းသစ်ကိုမြန်မာ့သမိုင်းမှာရော ကမ္ဘာ့သမိုင်းမှာပါ
သန်းခြောက်ဆယ်သောနိုင်ငံသားတို့ အတူတကွ ရေးထိုးနိုင်ကြပါလိမ့်မယ်။ ။
ပိုက်တင်