ကြည့်တတ်ကြဖို့လိုပါတယ်။
တိုင်းပြည်တွင်းမှာ လူမျိုးရေးပဋိပက္ခဖြစ်အောင်၊ ဘာသာရေးအထိကရုဏ်းဖြစ်အောင် ဖန်တီးနေတာတွေ၊လက်ပံတောင်းတောင်ကိစ္စမှာ ပြည်သူကို ဒေါ်စုနဲ့ထိပ်တိုက်စေဖို့ ဖန်တီးတာတွေဟာ နိုင်ရေးလှည့်ကွက်တွေဆိုတာကျွန်တော်တို့အမြင်ကျယ်ကျယ်နဲ့ ရေရှည်အကျိုးကိုမျှော်ကိုးပြီး စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းကြဖို့လိုပါတယ်။
ဒေါ်စုကို ပြည်သူနဲ့သွေးခွဲတာ၊ ဒေါ်စုကို ထောင်ချောက်ဆင်တာ ဒေါ်စုအနေနဲ့ သတ်ကွင်းကိုဖြတ်ရမဲ့အရေး
ဆိုတာ အားလုံအသိပါ။
အဲဒါ ဒေါ်စုမသိဘဲရှိပါ့မလား။ အဲဒီအနေအထားတွေကို ဒေါ်စုအနေနဲ့ အများကြီး ကြိုတွက်ထားပြီး လောက်ပါပြီ။ရင့်ကျက်တဲ့လူထု ခေါင်းဆောင်တစ်ယောက်၊ အမြှော်အမြင်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ဒါပေမဲ့ ကိုယ်ကျိုးမကြည့်ဘဲ တိုင်းပြည်နဲ့ပြည်သူလူထုအတွက် ပြည်သူနဲ့ ထိပ်တိုက်ဖြစ်မဲ့အခြေအနေကို စွန့်စားပြီးရဲရဲဝံ့ဝံ့ဖြတ်လျှောက်ခဲ့တာပါ။ ဒေါ်စုမလျှောက်ရင်၊ ဒေါ်စုမဖြတ်ရင် ဘယ်သူလျှောက်မှာလဲ၊ ဘယ်သူဖြတ်မှာလဲ။ အစိုးရနဲ့ ပြည်သူအကြား အကြပ်အတည်းတွေ့နေတဲ့အချိန်မှာ ကိုယ်ကျိုးကြည့်ပြီး ခေါင်းရှောင်တာမျိုး မလုပ်ခဲ့တာကိုက ဒေါ်စုရဲ့အနစ်နာခံစိတ်ပါ။ တိုင်းပြည်မှာ ဖြစ်ပေါ်လာမဲ့ မတည်ငြိမ်မှုတွေကိုဖြေရှင်းပေးလိုတဲ့ အတိုက်အခံကောင်းတစ်ယောက်ပါ။
ဒေါ်စုလုပ်သမျှကောင်းတယ်ဆိုပြီး မျက်စေ့စုံမှိတ် ရှေ့နေလိုက်နေတာမဟုတ်ပါဘူး။ကျွန်တော်တို့တိုင်းပြည်မှာ ခေါင်းဆောင်ကောင်းရှားပါးပါတယ်။ဒီလိုခေါင်းဆောင်တစ်ယောက်ရဖို့ဆိုတာ မလွယ်ပါဘူး။ခေါင်းဆောင်ကို ကျဉ်းထဲကျပ်ထဲ ရောက်အောင်လုပ်ပြီး တစ်ဘက်အကြိုက်ဖြစ်အောင် တွန်းမပို့စေချင်တဲ့ဆန္ဒပါ။ခေါင်းဆောင်ကောင်း ရှိလာတဲ့အချိန်မှာ နောက်လိုက်ကောင်းတွေဖြစ်ဖို့ လိုလို့ပါ။
“ဒေါ်အောင်ဆန်းစုကြည်အလိုမရှိ”လို့ကြွေးကြော်သံတွေကြားရတာ တော်တော်ကို စိတ်မကောင်းစရာပါ။ကမ္ဘာတစ်ဝှမ်းလုံးက ချစ်တဲ့၊ ကမ္ဘာတစ်ဝှမ်းလုံးက လေးစားတဲ့၊ကမ္ဘာတစ်ဝှမ်းလုံးက တန်ဖိုးထားတဲ့ ခေါင်းဆောင်တစ်ယောက်ကို ကိုယ့်နိုင်ငံက ကိုယ့်ပြည်သူတွေက

ကိုယ်လူမျိုးခေါင်းဆောင်တစ်ယောက်ကို အလိုမရှိလို့ ကြွေးကြော်နေတာ မဖြစ်သင့်ပါဘူး။နှစ်ပေါင်းမြောက်မြားစွာ အကြောက်တရားနဲ့ နေလာခဲ့ကြရတဲ့ပြည်သူတွေကို ဖိနှိပ်မှုကနေ လွတ်မြောက်ဖို့ ကြိုးစားပေးနေတဲ့ ခေါင်းဆောင်တစ်ယောက်ကို ၀ိုင်းဝန်းကူညီကြရမှာပါ။ ဒေါ်စုက ကျွန်တော်တို့ ခေါင်းဆောင်ပါ။ ပြည်သူလူထုရဲ့ ခေါင်းဆောင်ပါ။ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးပါ။
ကမ္ဘာက လေးစားတဲ့ခေါင်းဆောင်ပါ။ ကမ္ဘာ့အဆင့်မှီ ပညာရှင်ပါ။
ခေတ်အဆက်ဆက် သမိုင်းအတွေ့အကြုံတွေကိုမေ့ပစ်လိုက်ဖို့ မကြိုးစားကြပါနဲ့။တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးကို အမြဲနှလုံးသွင်းပြီး လူထုခေါင်းဆောင်ရဲ့လမ်းညွှန်မှုကိုခံယူကြပါလို့
မေတ္တာရပ်ခံအပ်ပါတယ်။
မင်မျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
မင်မျိုးဝင်း(ရန်ကုန်တက္ကသိုလ်)