အမျိုးသားရေးလို့ အသံကောင်းဟစ်နေခြင်းဟာ အာဏာရှင်စံနစ်ရဲ့ နောက်ဆုံးခံစစ်တစ်ခု
အဖြစ်ဖန်တီးနေတာပါ။
ဒီမိုကရေစီရဲ့ပင်မကျောရိုးက လူကိုအခြေခံပြီး၊ လူသားအချင်းချင်း အပြန်အလှန်နားလည်မှုနဲ့ လူမျိုးနွယ်စုအသီးသီးကြား အတူတကွပတ်သက်ဆက်ဆံမှု ဖြစ်တယ်။
ဒီမိုကရေစီလို့ဆိုလိုက်တာနဲ့ နိုင်ငံရေးက ပွင့်လင်းမြင်သာမှုဖက်ကို ဦးတည်လာရတော့မယ်။
မီဒီယာလွတ်လပ်မှုတို့၊ လွတ်လွတ်လပ်လပ် ပါတီ၊ အသင်းအဖွဲ့ထူထောင်ခွင့်တို့ ခွင့်ပြုလာရလိမ့်မယ်။
ဖိနှိပ်ခံရတာတွေ၊ စိုးမိုးခံရတာတွေ၊ အနိုင်ကျင့်ခံရတာတွေ၊ ခွဲခြားနှိမ်ချဆက်ဆံခံရတာတွေနဲ့ ပတ်သက်ပြီး
နိုင်ငံတွင်းမှာရှိနေကြတဲ့ နိုင်ငံသားလူမျိုးနွယ်စုတွေရဲ့တောင်းဆိုမှုတွေ လူမြင်ကွင်းမှာထွက်ပေါ်လာလေ့ရှိတယ်။
အုပ်ချုပ်သူလူတန်းစားဟာ ထင်ရာလုပ်ပိုင်ခွင့်မရှိတော့ဘဲ၊ ပြည်သူ့ဆန္ဒနဲ့အညီအုပ်ချုပ်ရတော့မယ်။
ဒီတော့ အုပ်ချုပ်သူလူတန်းစားက မျှားဦး သူ့ဖက်မလှည့်လာဖို့အတွက် ခေတ်အဆက်ဆက်ထုတ်သုံးလာခဲ့တဲ့
လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးခွဲခြားမှုဆိုတဲ့ အမျိုးဘာသာခေါင်းစဉ်အောက်က အမျိုးသားရေးဝါဒဆိုတာကြီးနဲ့ မီးမွှေးပေးပြီး အောက်ခြေလူတန်းစားအချင်းချင်းကြား ပြဿနာတွေဖန်တီးပေးထားလိုက်တော့တယ်။
သြဇာကြီးမားသူတွေရဲ့လက်ကိုင်တုတ်တွေ ၊ အမျိုးသားရေးဝါဒီ ပညာရှင်တွေ ကိုယ့်ဖက်ကိုယ်ယက်အစွန်းရောက်
ဘာသာရေးခေါင်းဆောင်တွေ၊မျက်ကန်းမျိုးချစ်မီဒီယာတွေနဲ့ ပွဲလန့်ဖျာခင်းချင်သူတွေကလည်း အလိုတူအလိုပါဆိုသလို ပါဝင်ပူးပေါင်းလာတတ်ကြတယ်။
ဒီလို မီးမွှေး ရန်တိုက်ခံထားရတဲ့ အမျိုးသားရေးဝါဒက ယဉ်ကျေးတဲ့အလေ့အကျင့်တွေပျောက်ဆုံးသွားရုံသာမက
ဒီမိုကရေစီနည်းကျ အသိတရားတွေပေါ်ထွန်းလာရေးအတွက် အဓိကအဟန့်အတား၊ ဧရာမဖိအားကြီးတစ်ရပ်
ဖြစ်သွားပါတော့တယ်။
by mmw.rasu