မီဒီယာဆိုတာ မိမိတို့ကိုယ်ကျိုးစီပွားထက် အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားသင့်တယ်။ ပြည်သူလူထုအကျိုးစီးပွားကို အစဉ်အမြဲကာကွယ်စောင့်ရှောက်သင့်တယ်။ မီဒီယာဆိုတာ ဝေဖန်ထောက်ပြစရာရှိရင် စေတနာမှန်နဲ့ ဝေဖန်ထောက်ပြသင့်တယ်။ မီဒီယာဆိုတာ လူထုကို အသိတရားမြင့်မားအောင်၊ နားမျက်စေ့ပွင့်အောင် စွမ်းဆောင်ပေးရမယ်။
လူထုအချင်းချင်းကြား၊ အုပ်စုအချင်းချင်းကြား၊ လူ့အဖွဲ့အစည်းအချင်းချင်းကြား သွေးကွဲအောင်၊ရန်လိုမုန်းတီးအောင်၊ ပဋိပက္ခတွေဖြစ်အောင် သွေးထိုးလှုံ့ဆော်တဲ့အရေးအသားတွေရှောင်ရှား
သင့်တယ်။
အဲဒါတွေကိုမလိုက်နာဘဲ စေတနာမှန်မှန်နဲ့လုပ်ဆောင်ခြင်းမရှိတဲ့ မီဒီယာတွေရှိနေတယ်ဆိုရင် အဲဒါ
မီဒီယာမဟုတ်ဘူး။ မီဒီယာ အတုအယောင်တွေသာဖြစ်တယ်။မီဒီယာလွတ်လပ်ခွင့်ရပြီဆိုတော့ အလွဲသုံစားလုပ်လာကြမယ်ဆိုရင် ပြန်ပြီးလက်လွတ်ဆုံးရှုံးသွားနိုင်ပါတယ်။လွတ်လပ်ခွင့်ကို အလွဲသုံးစားပြုနေတဲ့ မီဒီယာတွေကြောင့် ခက်ခက်ခဲခဲရလာတဲ့ မီဒီယာလွတ်လပ်ခွင့်ကို လက်လွတ်မဆုံးရှုံးရအောင် ၀ိုင်းဝန်းကြိုးပမ်းရမယ့်အချိန်အခါဖြစ်ပါတယ်။
အခုလို အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းခါစမှာ အပြောင်းအလဲကို မလိုလားသူတို
့တွေရဲ့ အတိုက်အခိုက်တွေရှိနေတယ်။ အခု နိုင်ငံတွင်းမှာ လူမျိုးရေး ဘာသာရေးကို တည်ကြက်လုပ်ပြီး
မငြိမ်မသက်မှုတွေ၊ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊သွေးထွက်သံယိုမှု တွေ ဖြစ်ပွားနေတာဟာ
နောက်ကွယ်က ငွေကြေးအင်အား တောင့်တောင့်တင်းတင်းနဲ့ စနစ်တကျ လေ့ကျင့်ထားပြီး အကွက်ကျကျ
လှုပ်ရှားနေကြတယ်လို့ ယူဆနေကြသလို မီဒီယာတွေရေးသားဖော်ပြချက်တွေက တစ်ဖက်စောင်းနင်းဖြစ်နေတာကိုကြည့်ပြီး တစ်စုံတစ်ရာ ဆက်စပ်မှု ရှိနေနိုင်တယ်လို့ သံသယတွေ ဖြစ်နေချိန်မှာ မီဒီယာတွေအနေနဲ့ အထူး
သတိဝိရိယရှိရှိ ရေးသားသင့်တယ်လို့ထင်ပါတယ်။ ။
by mmw.rasu