Home

Tuesday, May 19, 2015

ပြည်ထောင်စုသား မွတ်စလင်မ်များတို့


နှစ်ပေါင်းများစွာ
အလေးမထား 
ငုတ်တုတ်ထိုင်နေကြသူတွေကြား
ကိုယ့်ထမင်းကိုယ်စား
ကိုယ့်အင်ကိုယ့်အားနဲ့
ထရပ်ဖို့ကြိုးစားတဲ့ လူတစ်စုကို

ဘေးနားက ကန့်လန့်တိုက်
အယောင်ဆောင် မိစ္ဆာစရိုက်နဲ့
အဆိုးမြင်၊ အပြစ်ရှာ
နေရာလုမယ့် လူတွေအလား
လက်ညှိုးငေါက်ငေါက်ထိုးကြမယ့်အစား
မတူတာတွေ ဘေးဖယ်ထားပြီး
ညီညွတ်ခြင်းအားထုတ်
လက်ခုပ်လက်ဝါးတီး
ကြိုဆို အားပေးသင့်တာ မဟုတ်ပါလား
ပြည်ထောင်စုသား မွတ်စလင်မ်များတို့ ။ ။
___________________________________
m y O e w y n n _ 1 9. 5 .2 0 1 5