ကုလသမဂ္ဂလူငယ်ညီလာခံ၌ ပါကစ္စတန်နိုင်ငံမှ ကျောင်းသူလေး မာလာလာပြောခဲ့သောမိန့်ခွန်းမှ
အစ်ကိုတို့ အစ်မတို့ရှင့်။
သမီးဟာ ဘယ်သူ့ကိုမှရန်မလိုပါဘူး။
တာလီဘန်တွေကို လက်စားချေလိုတဲ့စိတ်လည်းမရှိပါဘူး။အကြမ်းဖက်သမားအုပ်စုတွေကိုလည်း ဆန့်ကျင်ရန်ပြုတဲ့စိတ်မရှိပါဘူး။သမီး ဒီမှာ ကလေးတိုင်းပညာသင်ကြားခွင့် ရရေးကိုပဲ ပြောဆိုမှာဖြစ်ပါတယ်။
တာလီဘန်၊ အကြမ်းဖက် သမား တွေနဲ့
အစွန်းရောက်ဝါဒီအားလုံးရဲ့
သားသမီးတွေ ပညာသင်ကြားခွင့်ရစေချင်ပါတယ်။
သမီးကိုသေနတ်နဲ့ ပစ်ခဲ့တဲ့ တာလီဘန်တွေကိုလည်း
သမီးမမုန်းပါဘူး။
သမီးလက်ထဲမှာ သေနတ်တစ်လက်ရှိမယ်၊
အဲဒီသူဟာလည်း သမီးရှေ့မှာ ရပ်နေမယ်ဆိုရင်တောင် သမီး
သူ့ကို ပစ်မှာမဟုတ်ပါဘူး။
ဒီလိုမေတ္တာတရားတွေကို သမီး
မိုဟာမက်ထံကလေ့လာခဲ့ပါတယ်။
ခရစ်တော်ထံကလဲ သင်ယူခဲ့ပါတယ်။
ဗုဒ္ဓရှင်မြတ်ထံကလည်း သင်ယူခဲ့ပါတယ်။
ဒီမေတ္တာတရားရဲ့ အမွေတွေကို သမီး
မာတင်လူသာကင်း၊
နယ်လ်ဆင်မန်ဒဲလားနဲ့
မိုဟာမက်အလီဂျင်းနားတို့ ထံကနေ
ဆက်ခံခဲ့တာဖြစ်ပါတယ်။
အကြမ်းမဖက်ရေးဒဿနကို သမီး
ဂန္ဒီ၊ ဘာချာခန်းနဲ့ မာသာထရီဆာတို့ထံကနေ
လေ့လာ သင်ယူခဲ့ပါတယ်။
ခွင့်လွှတ်ခြင်းဆိုတာကို သမီး
အဖေနဲ့ အမေထံကနေ သမီးလေ့လာသင်ယူခဲ့ပါတယ်။
သမီးစိတ်ထဲကနေ သမီးကို ပြောနေတာက လူတိုင်းကိုချစ်ပါ။
ငြိမ်းချမ်းပါစေဆိုတာပါပဲ။