နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီစနစ်ကိုတည်ဆောက်ချင်တယ်ဆိုရင်
လူသားဝါဒထွန်းကားဖို့လိုတယ်။
လူသားဝါဒထွန်းကားမှသာ ဒီမိုကရေစီစနစ် ရှင်သန်မယ်။
ရေရှည်တည်တံ့နိုင်မယ်။
လူသားဝါဒထွန်းကားဖို့ လူတစ်ယောက်နဲ့တစ်ယောက်ကြား၊
လူမျိုးစုတစ်စုနဲ့တစ်စုကြား၊ကိုးကွယ်ယုံကြည်ရာ ဘာသာတစ်ခုနဲ့ တစ်ခုကြား အမုန်းတရားတွေ၊ အာဃာတတွေ၊ မနာလိုမှုတွေ ကင်းဝေးပြီး တန်းတူညီမျှအခွင့်အရေးရှိဖို့လိုအပ်တယ်။ လူတိုင်းကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ရှိဖို့ လိုအပ်တယ်။
လူတစ်ယောက်ချင်း၊ လူမျိုးစုတစ်စုချင်း၊ ကိုးကွယ်ယုံကြည်ရာဘာသာတစ်ခုချင်း အပြန်အလှန်လေးစားဖို့လိုအပ်တယ်။ ကိုယ့်ထက်သာရင် မနာလိုတဲ့စိတ်တွေရှိနေတာ၊
လူမျိုးမတူ ဘာသာကွဲပြားနေရင် နှိမ်ချလိုတဲ့စိတ်တွေ စော်ကား နှောက်ယှက် ဖျက်ဆီးလိုတဲ့စိတ်တွေရှိနေတာကို ပြုပြင်ဖို့လိုအပ်တယ်။
ကိုယ့်လူမျိုးကိုယ့်ဘာသာကသာ ကြီးမြတ်တယ်ဆိုတဲ့ မဟာလူမျိုးကြီးဝါဒမှိုင်းတွေနဲ့
တခြားလူမျိုး တစ်ခြားဘာသာတွေကို အထင်သေး အမြင်သေးနှိမ်ချလိုတဲ့စိတ်ဓာတ်တွေ၊
တခြားလူမျိုး တစ်ခြားဘာသာတွေကို နှိမ်ချ စော်ကား အတန်းအစားခွဲခြားလိုတဲ့စိတ်ဓာတ်တွေ
ကင်းစင်မှသာ လူသားဝါဒထွန်းကားလာမှာဖြစ်တယ်။ လူသားဝါဒ ထွန်းးကားမှသာ
စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားပေါ်ပေါက်လာနိုင်ပြီး ရေရှည်တည်တံ့နိုင်မှာဖြစ်ပါတယ်။