Home

Sunday, September 1, 2013

ဦးတည်ချက်မလွဲကြဖို့

ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအိုင်ကွန်တစ်ယောက်ပီပီ လူ့အခွင့်အရေးကိုလေးစားတယ်။ လူအခွင့်အရေးကိုတန်ဖိုးထားတယ်။ လူ့အခွင့်အရေးဆိုတဲ့စကားကိုပဲ တွင်တွင်ပြောတယ်။
လူသားအားလုံးတန်းတူအခွင့်အရေးဆိုတဲ့ မူကိုလက်ကိုင်ထားတယ်။
လူသားတိုင်းကို လူဆိုတဲ့အမြင်နဲ့ပဲ တန်းတူကြည့်တယ်၊ တန်းတူမြင်တယ်၊ တန်းတူသဘောထားတယ်။

လူမျိုး ဘာသာ ကိုးကွယ်ရာဆိုတဲ့ပေတံနဲ့ မတိုင်းဘူး။ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးခွဲခြားမှုဆိုတာသူမှာမရှိဘူး။
လူသားအချင်းချင်းဆိုတဲ့အသိနဲ့ပဲ လူသားတစ်ဦးဖြစ်သည်နှင့်အညီ မားမားမတ်မတ်ရပ်တည်မှာဖြစ်တယ်။

ဒီတော့ ကျုပ်တို့တိုင်းပြည်က အတ္တမျိုးချစ်တွေ၊ မျက်ကန်းမျိုးချစ်တွေနဲ့ လူကိုလူလိုမမြင်တဲ့၊ လူမပီသတဲ့၊ လူ့ဗီဇ လူ့အတွေးအခေါ် လူ့အသိ လူ့အမြင်မရှိတဲ့၊ ဒီမိုကရေစီရဲ့အနှစ်သာရကိုမသိတဲ့ လူ့ငနွားတွေကတော့
လူမျိုးရေး ဘာသာရေးအစွန်းရောက်တွေနဲ့ ပူးပေါင်းပြီး လူ့အခွင့်အရေးထက် အမျိုးသားရေးဦးစားပေးရမည်ဆိုကာ
အမျိုးသားရေးဝါဒကို မီးမွှေး ရန်တိုက် သွေးထိုးမြှောက်ပင့်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချ နာမည်ဖျက်ကာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးသေအောင် ကြိုးစားနေကြတယ်ဆိုတာ မြင်အောင်ကြည့်ကြဖို့လိုပါတယ်။
၂၀၁၅ မှာ နောက်ကြောင်းမျှော်တွေဖက်က တိုင်းပြည်ရဲ့အာဏာကို လွယ်လွယ်နဲ့လက်လွှတ်လိမ့်မယ်လို့ယူဆပြီး
တက် မထောင်လိုက်ကြပါနဲ့။ အချင်းချင်း တိုက်နေ၊ ခိုက်နေကြရင် ကြက်လည်းပမ်း ယာလည်းညက် ဖြစ်ရင်တော့
ရင်းနှီးထားခဲ့ရသမျှတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ဦးတည်ချက်မလွဲကြဖို့ သတိပြုဖို့တော့လိုပါတယ်။
by mmw.rasu
www.newmoekaungkin.blogspot.com