ကမ္ဘာအဆင့်မီ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီရဲ့ဘက်တော်သားတွေကတော့ လူ့အခွင့်အရေးကိုရှေ့တန်းတင်ပြီး လူမျိုးမရွေး ဘာသာမရွေး တန်းတူအခွင့်အရေးဆိုတဲ့ မူကိုလက်ကိုင်ထားကြတယ်။ ဥပဒေစိုမိုးရေးစကားတွေပြောလာကြတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတကာမှာ ဒီမိုကရေစီအိုင်ကွန်အနေနဲ့ကျော်ကြားလာသူ တစ်ယောက်ပီပီ နိုင်ငံတကာရဲ့စံချိန်စံညွှန်းတွေအရ ဒီမိုကရေစီနဲ့ ထိုက်တန်လျော်ညီတဲ့စကားဖြစ်တဲ့ လူသားအားလုံးတန်းတူ အခွင့်အရေး လူ့အခွင့်အရေးဆိုတဲ့စကားကို တွင်တွင်ကျယ်ကျယ်ပြောလာရပါတယ်။ လူအခွင့်အရေးလို့ဆိုလိုက်တာနဲ့ နိုင်ငံသားအခွင့်အရေးဆိုတာ မဖြစ်မနေပါဝင်လာပါတယ်။ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးကို ဘယ်လူမျိုးပဲဖြစ်ဖြစ်တန်းတူအခွင့်အရေးပေးရမယ်ဆိုတဲ့အချက်ဟာ အဓိကအရေးပါလာ ပါတော့တယ်။
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီဘက်တော်သားတွေကိုတိုက်ဖို့ အကွက်ချောင်းနေသူတွေက အခွင့်ကောင်းတစ်ခုအနေနဲ့ နိုင်ငံရေးနားမလည်တဲ့ ရိုးသားတဲ့ပြည်သူတွေကို အမျိုး ဘာသာ သာနာဆိုတာနဲ့ ရူးသွပ်စေလိုက်တော့တာပါပဲ။ တစ်ဖက်မှာလည်း လူမျိုးရေးမုန်းတီးမှု အသွင်ဆောင်အောင် လူမျိုးခြား ဘာသာခြားတွေကို သူတို့ကြိုးဆွဲတိုင်းကမယ့် ပညာမဲ့၊ အလုပ်လက်မဲ့တွေနဲ့ ခေတ်အဆက်ဆက်အသုံးချခဲ့တဲ့ သူတို့မွေးထားတဲ့ အကြမ်းဖက်သမားတွေကိုအသုံးချပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ နေရာအနှံ့ကျုးလွန်စေတယ်။ တိုင်းပြည်တည်ငြိမ်မှုပျက်ပြားအောင်၊ ဆူပူမှုဖြစ်အောင်၊ ပြည်သူတွေအေးအေးချမ်းချမ်း မနေနိုင်အောင်ဖန်တီးထားတယ်။ ပြည်သူကို နိုင်ငံရေးဘက် အာရုံမရောက်နိုင်အောင် လွှဲထားလိုက်တယ်။
အခုတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တရားဟောနေတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီဘက်တော်သားတို့ ဘာမှဝင်မပြောရကောင်းလားလို့ ပြည်သူက အပြစ်တင်လာကြတယ်။ တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချတဲ့သတင်းတွေဖြန့်တယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီဘက်တော်သားတို့ကို နိုင်ငံရေးသေအောင် နည်းမျိုးစုံသုံးပြီး ဆက်လုပ်ကြအုံးမှာပဲ။
ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီဘက်တော်သားတို့ကို လူကြိုက်နည်းအောင် ဒီအကွက်ထွင်တဲ့သူတွေကတော့ ၂၀၁၅ မတိုင်ခင်နောက်ထပ်လည်း အကွက်ရွှေ့လာနိုင်သေးပါတယ်။ ။ အာဏာကိုဖြတ်လမ်းက ယူချင်တဲ့နိုင်ငံရေးသမားတွေ၊ နောက်ကြောင်းမျှော်တွေကတော့ ဖြစ်တဲ့နည်းနဲ့ ၂၀၁၅ မဲနိုင်ဖို့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး မရ ရတဲ့နည်းနဲ့လုပ်မှာပဲဆိုတာ သတိပြုစေချင်ပါတယ်။
by mmw.rasu
www.newmoekaungkin.blogspot.com