Home

Sunday, July 13, 2014

ဘ ယ် လို လု ပ် ကြ မှာ လဲ

မိမိတို့တိုင်းပြည်နဲ့လူထုအတွက် တိုးတက်ရာ တိုးတက်ကြောင်း၊ အောင်မြင်ရာ အောင်မြင်ကြောင်း၊ ကောင်းမွန်ရာ ကောင်းမွန်ကြောင်း ကြိုးစားနေတာပါလို့ ပါးစပ်က သံကုန်ဟစ်နေပြီး မိမိတို့ကိုယ်တိုင်ကျတော့ စိတ်ဓာတ်က အနိမ့်ဆုံးအဆင့်၊ အတွေးအခေါ်က အောက်တန်းကျ၊ အယူအဆက အစွန်းရောက်၊ လုပ်ရပ်က အကြမ်းဖက်၊
ပဋိပက္ခဖန်တီး၊ ကျင့်ကြံမှုက အာဏာရှင်ဝါဒ လက်ကိုင်ထားပြီး မိမိ့ရဲရာထူး တည်မြဲဖို့၊ မိမိတို့ပါတီ အနိုင်ရဖို့၊ မိမိတို့အဖွဲ့အစည်း အသာစီးရဖို့ မိမိတို့ ကိုယ်ကျိုးအတွက် အာဏာတည်မြဲရေးရှေ့တန်းတင်ပြီး အောက်လမ်းနည်း၊ မသမာတဲ့နည်းတွေနဲ့ လူထုကို ၀ါဒမှိုင်းတိုက် သွေးခွဲ၊ ရန်တိုက်၊ တိုင်းပြည်မငြိမ်သက် ချောက်ထဲကျအောင် အကြံအဖန်လုပ်နေမှတော့....

မိမိတို့တိုင်းပြည်နဲ့လူထုအတွက် ဘယ်လိုလုပ်ပြီး တိုးတက်မှာလဲ? ဘယ်လိုလုပ်ပြီး အောင်မြင်မှာလဲ? ဘယ်လိုလုပ်ပြီး ကောင်းမွန်မှာလဲ? ဘယ်လိုလုပ်ပြီး တည်ငြိမ်မှာလဲ? ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းမှာလဲ?

ပိုဆိုးနိုင်တာက မိမိတို့နိုင်ငံမှာ မိမိတို့နဲ့အတူတကွ ရှေးပဝေသဏီကတည်းက ဓားမဦးချ နေထိုင်ခဲ့ကြတဲ့ နိုင်ငံသား၊ တိုင်ရင်းသား လူ့အဖွဲ့အစည်းတွေကို အနှောင့်အယှက်ပေး နေတော့မှာပေါ့။

နိုင်ငံသား၊ တိုင်ရင်းသား လူ့အဖွဲ့အစည်းတွေနဲ့ ဘယ်လိုလုပ်ပြီး သဟဇာတဖြစ်မှာလဲ?
ဘယ်လိုလုပ်ပြီး အမျိုးသားရင်ကြားစေ့ရေး တည်ဆောက်မှာလဲ? ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှာလဲ? ဘယ်လိုလုပ်ပြီး ပြည်ထောင်စုစနစ် ဖော်ဆောင်မှာလဲ? ဘယ်လိုလုပ်ပြီး ဒီမိုကရေစီလူ့ဘောင် ထူထောင်နိုင်မှာလဲ? ဘယ်လိုလုပ်ပြီး တည်တံ့ တည်ငြိမ် ငြိမ်းချမ်းတဲ့ နိုင်ငံတော်ကို တည်ဆောက်မှာလဲ?
___________________________________________
m y O e w y n n _ 1 3 . 0 5 . 2 0 1 4