အဲဒီနိုင်ငံမှာနေထိုင်တဲ့ လူမျိုးတိုင်း၊ ဘာသာတိုင်း၊
လူအဖွဲ့အစည်းတိုင်း အတွက်လည်း အသက်ဝိညဉ်ဖြစ်တယ်။
အသက်ကို ထိန်းသိမ်းစောင့်ရှောက်ရသလို၊ တန်ဖိုးထားလေးစားရသလို
မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ဘာသာနဲ့ မိမိတို့လူ့အဖွဲ့အစည်းရဲ့
သမိုင်းကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရမယ်။ တန်ဖိုးထား လေးစားရမယ်။
သမိုင်းဆိုတာ မိမိတို့ ကိုယ်တိုင်ရွေးချယ်၊ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဖန်တီးကြရတာမို့
မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ဘာသာနဲ့ မိမိတို့လူ့အဖွဲ့အစည်းရဲ့သမိုင်
မိမိတို့ကိုယ်တိုင် အကောင်းဆုံး ရွေးချယ် ရေးထိုး ဖန်တီး ချန်ထားရစ်ခဲ့ဖို့
အကောင်းဆုံးကြိုးစားရမယ်။
အခုလို ဒီမိုကရေစီကိုပြောင်းဖို့ ကြိုးစားတည်ဆောက်နေတဲ့အချိန်မှာ
မိမိတို့ အမှောင်ခေတ်မှာ နှစ်ပေါင်းများစွာ ၀ါဒမှိုင်းမိ စွဲငြိထင်ဟပ်ပြီး
ခေတ်နောက်ကျနေတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ၊
အမြင်ကျဉ်းမြောင်းမှုတွေ၊ အရည်အချင်း မပြည့်ဝမှုတွေ၊ စည်းလုံးညီညွတ်မှု ပျက်ပြားနေမှုတွေ၊ မတူကွဲပြားမှုကို နားမလည်နိုင်တာတွေ၊ လူအချင်းချင်း ဂုဏ်ပေးလေးစား ဆက်ဆံမှုမရှိတာတွေ၊ စိတ်ဓာတ်သိမ်ဖျင်းမှုတွေနဲ့ နိုင်ငံရေးအသိတရားနိမ့်ပါးမှုတွေ
မိမိတို့ မျှော်လင့်ရည်မှန်းနေတဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊
တန်းတူညီမျှမှုတွေနဲ့ လူ့အခွင့်အရေးအပြည့်အ၀ရှိတဲ့ ဒီမိုကရေစီလူ့ဘောင်ဟာ အလှမ်းဝေးနေအုံးမှာပဲ။
မိမိတို့ ချန်ထားရစ်ခဲ့မယ့်သမိုင်းဟာလည်း
မိမိတို့ဘာသာနဲ့ မိမိတို့လူ့အဖွဲ့အစည်းအတွက် ကောင်းမွန်တဲ့သမိုင်း၊
အကျိုးပြုမယ့်သမိုင်း၊ စံတင်လောက်တဲ့သမိုင်းအဖြစ် ကျန်ရစ်ခဲ့မှာ မဟုတ်ဘူး။
______________________________
m y O e w y n n _ 0 5. 0 5 . 2 0 1 4