ဒီနေ့ သက်ကြီးဝါကြီး ရှေ့မီနောက်မီ လူကြီးတစ်ယောက်က ပြောတယ်။
အင်္ဂလိပ်ခေတ်က သူ့အစိုးရ သက်တမ်းရှည်ဖို့ ဗမာနဲ့ အိန္ဒိယတွေကို ရန်တိုက်ပေးတယ်။
ရန်တိုက်ပေးဖို့ မော်လ၀ီနဲ့ယောဂီဆိုတဲ့ စာအုပ်ကိုသုံးတယ်။
အဲဒီနည်းစနစ်ကို စစ်အာဏာရှင် ဦးနေ၀င်းက သူအာဏာတည်မြဲဖို့ အတုခိုးပြီး ဗမာနဲ့မူဆလင်တွေကိုသွေးခွဲ ရန်တိုက်ဖို့ ဒီစာအုပ်ကို ခဏခဏထုတ်သုံးတယ်။
နောက်တက်လာတဲ့ စစ်အစိုးရတွေလည်း ဒီနည်းကိုပဲ ဆက်သုံးတယ်။
စစ်အစိုးရ အဆက်ဆက် အမွေခံပြီး ခဏခဏ ထုတ်သုံးနေကြတာ။
အရင် စစ်အစိုးရကတော့ အမျိုးပျောက်မှာ စိုးကြောက်သည်လို့ လုပ်လိုက်သေးတယ်။
ဒီနေ့ခေတ်ရောက်တော့ တစ်ခေတ် တစ်မျိုး မရိုးရအောင် ၉၆၉ လို့ လုပ်လိုက်တာပါပဲ။
စံနစ်သစ်၊ အစိုးရသစ် ဆိုတော့ စာအုပ်အသစ်၊ တံဆိပ်အသစ်ပေါ့ကွာ....တဲ့။
mmw.rasu