Home

Thursday, June 6, 2013

အစ္စလာမ်ဘာသာဝင်များအနေဖြင့်

အစ္စလာမ်ဘာသာဝင်များအနေဖြင့် တမန်တော်မြတ်ရဲ့ မွန်မြတ်သန့်စင်ရိုးရှင်းတဲ့ လူမှုဘ၀တည်ဆောက်မှုစနစ်ကို ကျင့်သုံးကြရမယ်။ တမန်တော်မြတ်ရဲ့ မြင့်မား အထက်တန်းကျတဲ့ စာရိတ္တတို့နဲ့ စံပြလူနေမှုစနစ်တစ်ခုကို တည်ဆောက်ကြရမယ်။ လူတွေက အစ္စလာမ်သာသနာကို လေ့လာချင်စိတ်ပေါ်ပေါက်လာအောင် ကြိုးစားကြမယ် ။
လူမှုဘ၀သက်တမ်းမွေးမြူမှုပုံစံဟာ စံပြ လူနေမှုပုံစံဖြစ်ရမယ်။ လူတွေရဲ့အာရုံကို ဖမ်းစားနိုင်တဲ့၊ ဆွဲဆောင်နိုင်တဲ့ လူမှုဘ၀တည်ဆောက်မှုစနစ်ဖြစ်ရမယ်။ တခြားလူ့အဖွဲ့အစည်းရဲ့လူနေမှုစနစ်နဲ့ ခင်ဗျားတို့ရဲ့လူနေမှုစနစ်ကို နှိုင်းယှဉ်စံထိုးကြည့်လာစေရမယ်။ အစ္စလာမ်သာသနာနဲ့ပတ်သက်ပြီး သိလိုစိတ်၊ လေ့လာလိုစိတ်၊ ဆည်းပူးလိုစိတ်တွေ ပေါ်ပေါက်လာစေတဲ့ လူနေမှုစနစ်ကို မိမိတို့ကိုယ်တိုင် စံပြကျင့်ကြံနေထိုင်ပြဖို့လိုပါတယ်။ သို့မှသာ လက်ရှိအခြေအနေတွေကို ပြောင်းလဲပစ်နိုင်မှာဖြစ်တယ်။
မိမိတို့ကိုယ်တိုင်က တခြားလူ့အဖွဲ့အစည်းရဲ့ယဉ်ကျေးမှုတွေ၊ ၀တ်စားဆင်ယင်မှုတွေ၊ ဓလေ့ထုံးစံတွေ၊ အကျင့်စရိုက်တွေနဲ့ အသွင်အပြင်တွေကို အတုခိုးကျင့်သုံးနေသမျှ ဘာမှဖြစ်လာဖို့မရှိဘူး။ တခြားလူ့အဖွဲ့အစည်းရဲ့ယဉ်ကျေးမှု လက်ဝေခံဘ၀ရောက်သွားရင် မိမိတို့ရဲ့မြင့်မားတဲ့အဆင့်ကို မိမိတို့ကိုယ်တိုင်နှိမ့်ချလိုက်သလိုဖြစ်မယ်။ မိမိတို့နဲ့ သူတို့နဲ့ ခြားနားမှုမရှိတော့ဘူးဆိုရင် အစ္စလာမ်သာသနာနဲ့ပတ်သက်ပြီး သိလိုစိတ်၊ လေ့လာလိုစိတ်၊ ဆည်းပူးလိုစိတ်တွေ ဖြစ်ပေါ်မလာတဲ့အပြင် မိမိတို့ကို လေးစားတဲ့စိတ်၊ အထင်ကြီးတဲ့စိတ်၊ ဂုဏ်ပေးလိုတဲ့စိတ်တွေဖြစ်ပေါ်လာမှာမဟုတ်တော့ဘူး။
မိမိတို့ကို နှိမ့်ချစော်ကား လာကြမယ်။ မိမိတို့ကို စံနမူနာယူစရာလို့ ထင်မှာမဟုတ်တော့ဘူး။ လေးစားကြည်ညိုတဲ့ အကြည့်နဲ့ကြည့်မှာ မဟုတ်တော့ဘူး။ ဒီအတိုင်းသာဆိုရင် တခြားလူ့အဖွဲ့အစည်းကိုလည်း ဘာမှအကျိုးပြုနိုင်မှာ မဟုတ်တော့ဘူး။ (မော်လာနာအဗုလ်ဟစံန်အလီနဒ်ဝီ၏ ဟောပြောချက်များကို မှီငြမ်းပါသည်)
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)