ငဇင်ကာက
ခိုးသွားတာဆိုရင်
ကျုပ်တို့တိုင်းပြည်
မွဲတေသွားအောင်
ခိုးတာ ဘယ်သူလဲ။
ခေါင်းလောင်းကြီးက
ငဇင်ကာကြောင့်
မြုပ်ခဲ့တာဆိုရင်
ကျုပ်တို့တိုင်းပြည်
စုံးစုံးမြုပ်သွားအာင်
လုပ်တာ ဘယ်သူလဲ။
ခေါင်းလောင်းဆယ်ကြတာ
အကြောင်းမလှပေမယ့်
တိုင်းပြည်တော့
ဟောင်းလောင်းဖြစ်ကျန်နေပြီ။
စံနစ်မပြောင်းချင်ကြတဲ့
လူဟောင်းတွေရဲ့
ခေါင်းပေါင်းစတွေကတော့
အခုထက်ထိ တလူလူပဲ။
ခေါင်းလောင်းကြီး
ဆယ်နေကြမယ့်အစား
ကျုပ်တို့တိုင်းပြည်ကို
ဝိုင်းဆယ်ကြပါစို့။
______________________________
m y O e w y n n _ 0 2 . 0 9 . 2 0 1 4