လူ့အဖွဲ့အစည်းတိုင်းက မိမိတို့တိုင်းပြည်နဲ့ လူထုရဲ့ တိုးတက်ရာ တိုးတက်ကြောင်း၊
အောင်မြင်ရာ အောင်မြင်ကြောင်းကို ငြိမ်းချမ်းတဲ့နည်းတွေနဲ့ ကြိုးစားအားထုတ် သင့်တယ်။ အဲဒီလို ကြိုးပမ်းအားထုတ်တဲ့နေရာမှာ မိမိတို့ လူ့အဖွဲ့အစည်းအတွင်းမှာ ရှိသူတိုင်းက တတ်နိုင်တဲ့ဖက်က ပါဝင်စွမ်းဆောင်သင့်တယ်။ အပြုသဘောဆောင်တဲ့ အကြံဥာဏ်တွေနဲ့ ၀ိုင်းဝန်း ကူညီပေးသင့်တယ်။

မိမိလူမျိုးကိုသာချစ်တဲ့ မျက်ကန်းမျိုးချစ်စိတ်ထက် တိုင်းပြည်ချစ်တဲ့စိတ်၊ တိုင်းပြည် တိုးတက်လိုတဲ့စိတ်၊ လူကိုလူလိုမြင်တဲ့စိတ်၊ လူကိုလူလို ဂုဏ်ပေး ဆက်ဆံလိုတဲ့ စိတ်တွေနဲ့ တိုင်းပြည်အရေး၊ လူထုအရေး ရှေ့တန်းတင်သင့်ပါတယ်။
မိမိတို့ကို တိုင်းပြည်အကျိုး၊ လူထုအကျိုးအတွက် လိုအပ်လာရင်လည်း ပါဝင်နိုင်ဖို့ အဆင်သင့် ဖြစ်နေသင့်တယ်။
မိမိတို့ကို တိုင်းပြည်အကျိုး၊ လူထုအကျိုးအတွက် လိုအပ်လာရင်လည်း ပါဝင်နိုင်ဖို့ အဆင်သင့် ဖြစ်နေသင့်တယ်။
ဒီလိုမှမဟုတ်ဘဲ မိမိကိုယ်တိုင် ပါဝင်ခြင်းလည်းမရှိ၊ ဘေးထိုင်၊ ဘုပြော၊ အပြစ်ရှာ ဝေဖန်တိုက်ခိုက်ပြီး ပျက်စီးရာပျက်စီးကြောင်း လုပ်နေမယ်ဆိုရင် မိမိတို့ လူ့အဖွဲ့ အစည်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့အပြင် မိမိတို့ လူ့အဖွဲ့အစည်းကို အကျိုးယုတ်စေနိုင်သလို တိုင်းပြည် တိုးတက်ပြောင်းလဲရေး၊ လူထု အဆင့်အတန်း
မြင့်မားရေးကိုလည်း နှောင့်နှေးစေနိုင်ပါတယ်။
မြင့်မားရေးကိုလည်း နှောင့်နှေးစေနိုင်ပါတယ်။
မိမိကိုယ်တိုင် ပါဝင်ပြန်တော့လည်း ကိုယ်တိုင်ဦးဆောင်နိုင်စွမ်း မရှိရုံသာမက နောက်ကလည်း မပံ့ပိုးနိုင်၊ နေရာရဖို့ကိုသာ ဦးစားပေး ရှေ့တန်းတင်ပြီး
အချင်းချင်းကို ကျော်နင်း ခွတက်ဖို့ အာရုံထား ကြံစည်နေမယ်ဆိုရင်
မိမိတို့ တိုင်းပြည် တိုးတက်ပြောင်းလဲရေးအတွက် အကျိုးမရှိဖြစ်နိုင်သလို
မိမိကိုယ်တိုင်လည်း မိမိတို့ လူ့အဖွဲ့အစည်းရဲ့ပြင်ပရောက်သွားနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။
__________________________________
m y O e w y n n _ 2 8 . 0 9 . 2 0 1 4