Home

Monday, October 6, 2014

အာဏာရူးနဲ့ လှေလူးတွေရဲ့နိုင်ငံရေးလှည့်ကွက်


ဘာသာတရားတွေက
လူတွေကို ယဉ်ကျေးသိမ်မွေ့စေဖို့၊
လူတွေအချင်းချင်း မေတ္တာတရားတွေ ပွားများစေဖို့၊
ဗြဟ္မစိုရ်တရားတွေ ထွန်းကားစေဖို့၊
စိုးရိမ်စိတ်တွေ လျော့နည်းပြေပျောက်စေဖို့၊
တည်ငြိမ်အေးချမ်းစေဖို့၊
လောဘ ဒေါသ မောဟတွေကနေ လွတ်မြောက်ကြဖို့နဲ့
သံသရာဝဋ်ဆင်းရဲကနေ လွတ်မြောက်ရာစခန်းကို
အရောက်လှမ်းနိုင်ဖို့ လမ်းညွှန်ပေးခဲ့ပေးမယ့်


ခုတော့
ဘာသာရေးခေါင်းဆောင်အမည်ခံတွေနဲ့
အာဏာကို မတရားပိုင်ဆိုင်ချင်တဲ့
အာဏာရူးနဲ့ လှေလူးတွေရဲ့
နိုင်ငံရေးလှည့်ကွက်အဖြစ်
ဘာသာတရားကို ခုတုံးလုပ်ပြီး၊
ဘာသာတရားကို အသုံးချပြီး၊
ဘာသာတရာကို အကြောင်းပြပြီး
ယဉ်ကျေးမှုတွေပျောက်ဆုံးအောင်၊
မေတ္တာတရားတွေဆုံးရှုံးအောင်၊
ဗြဟ္မစိုရ်တရားတွေတိမ်ကောအောင်၊
တည်ငြိမ်အေးချမ်းမှုတွေပျက်သုဉ်းပြီး
စိုးတထိတ်ထိတ် ဘ၀တွေဖြစ်အောင်
လောဘ ဒေါသ မောဟတွေဖုံးလွှမ်းနေကြသူတွေကြောင့်
တိုင်းပြည်လည်းနစ်နာ၊
ဘာသာတရားရဲ့ ဂုဏ်သိက္ခာလည်း
ကမ္ဘာတစ်ဝှမ်းမှာ ပုံရိပ်တွေကျဆင်းနေရပြီ။
________________________________
m y O e w y n n _ 0 4 . 1 0 . 2 0 1 4