Home

Saturday, October 18, 2014

ရန်သူကို လျှော့မတွက်မိဖို့တော့လိုတယ်။

ရန်သူငြိမ်နေတာကို ရန်သူမရှိတော့ဘူးဆိုပြီး
လျှော့မတွက်မိဖို့တော့ လိုတယ်။ လျှော့မတွက်လိုက်ပါနဲ့။
ရန်သူကို လျှော့တွက်ပြီး တက်ထောင်ရင်တော့
မျှော်မှန်းတဲ့ ပန်းတိုင်ပျောက်မယ်။
ရန်သူက ရှေ့တစ်လှမ်းတိုးဖို့
နောက်တစ်လှမ်းဆုတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။

ရန်သူဆင်ထားတဲ့ ထောင်ချောက်ထဲ
ဝင်မတိုးမိဖို့တော့ အထူးသတိထားဖို့လိုတယ်။
ရန်သူနဲ့ ငြိမ်းချမ်းရေးရအောင်၊ ရန်သူနဲ့ စည်းလုံးမှုရအောင်၊
ရန်သူ ကိုယ့်ဖက်ပါလာအောင်၊ ရန်သူကို မိတ်ဆွေဖြစ်လာအောင်
စည်းရုံးကြမလား?
ဒါမှမဟုတ်
ကိုယ့်ရည်မှန်းချက်ပန်းတိုင် မရောက် ရောက်အောင် ရောက်အောင်သွားဖို့
ရန်သူရဲ့ထောင်ချောက်တွေ၊ ရန်သူရဲ့ တိုက်ကွက်တွေက
လွတ်မြောက်ကျော်လွှားရေးအတွက် ကြိုတင်ပြင်ဆင်ကြမလား?
ကျုပ်တို့၊ ခင်ဗျားတို့ရဲ့ ညီညွတ်ခြင်းအင်အားတွေနဲ့၊
ချစ်ကြည်စည်းလုံးခြင်းခွန်အားတွေနဲ့
ပြိုင်တူတွန်းထုတ်ကြဖို့လိုတယ်။
________________________________
m y O e w y n n _ 11.10.2014