''ခင်ဗျားကိုကြည့်လိုက်ရင် စောင်အမည်းပိုင်းကလေးကို
ပုခုံးမှာ အမြဲတမ်းခြုံထားတာ တွေ့ရတယ်။ အဲဒါဘာကြောင့်တုံး''လို့
မွတ်စလင်မ်တွေက လာလာပြီးမေးကြတာကိုတော့ ကျုပ်က အံ့သြမိပါရဲ့။
ကျုပ်က တမန်တော်မုဟမ္မဒ်ကို လေးစားလွန်းလို့ ဒီလိုလုပ်ရတာပါ။
ကမ္ဘာက မွေးထုတ်ပေးလိုက်တဲ့သူတွေထဲမှာ သူဟာ အကြီးကဲဆုံးပါပဲ။
သူ့ရဲ့နေ့စဉ် နေမှု၊ ထိုင်မှု၊စားမှု၊ သောက်မှုစတဲ့ ဘ၀နေဟန်ဟာ
အင်မတန်ကို ပကာသနကလည်း ကင်း၊ ရိုးကလည်း ရိုးရှင်း လွန်းလှတာကြောင့် ကမ္ဘာ့လူသားသန်းပေါင်းများစွာရဲ့နှလုံးသားကို
ဒီပုဂ္ဂိုလ်ကြီးက ကြီးစိုးလွှမ်းမိုးခဲ့တယ်ဆိုတာ ဟုတ်မှဟုတ်ပါလေစ
ဆိုပြီးတော့တောင် မင်သက်မိလောက်အောင် ဖြစ်ခဲ့ရပါတယ်။
၁၉၃၆ ခုနှစ် ရွေးကောက်ပွဲကြီးအပြီးမှာ ကျုပ်က ကွန်ဂရက်အဖွဲ့ဝင်တွေကို
'' ခင်ဗျားတို့အားလုံး ခလီဖာသမ္မတကြီး အုမရ်ရဲ့စံနမူနာကို ယူကြ၊
သူဟာ တမန်တော်မုဟမ္မဒ်ရဲ့စံနမူနာကို ဖ၀ါးခြေထပ် ထပ်ချပ်မကွာလိုက်တဲ့သူပဲ။ ဒီတော့မှသာ ခင်ဗျားတို့ဟာ ပြည်သူတွေရဲ့အကျိုးကို ကောင်းကောင်း ထမ်းရွက် ပေးနိုင်ကြမှာဖြစ်တယ်'' လို့ခေါ်ပြီး ပြောခဲ့တယ်။
(မဟတ္တမဂန္ဒီ)
________________________________
m y O e w y n n _ 2 1 . 1 0 . 2 0 1 4