တမန်တော်ကို စော်ကားတာ အစ္စလာမ်ကို စော်ကားတာပဲ။
တမန်တော်ကို စော်ကားတာ ကမ္ဘာ့ဘာသာကြီးတစ်ခုကို စော်ကားတာပဲ။
တမန်တော်ကို စော်ကားတာ မုစ်လင်မ်တွေရဲ့နှလုံးသားကို နင်းခြေ၊ ထိုးဆွလိုက်တာပဲ။
တမန်တော်ကို စော်ကားနေတဲ့ သာကီသွေးနဲ့ အောင်ဇေယတုလို
နိုင်ငံတော်ခွင့်ပြုချက်ရ ဂျာနယ်တွေက လူမျိုးရေး ဘာသာရေး ပြဿနာတွေ
ပေါ်ပေါက်အောင် သွေးထိုး ရန်စ မီးမွှေးပေးပြီး
တိုင်းပြည်တည်ငြိမ်မှုပျက်ပြားအောင်ဖန်တီးနေကြတာကို
နားပိတ် မျက်စေ့မှိတ် မမြင်ယောင်၊ မကြားယောင်ဆောင်နေသူတိုင်း
သမိုင်းမှာ တရားခံဖြစ်မယ်။
________________________________
m y O e w y n n _ 2 2 . 1 0 . 2 0 1 4