Home

Saturday, October 18, 2014

နွံနစ် ကျွန်ဖြစ်ကြရအုံးတော့မယ်။

ငါ့အတွက်၊
ငါ့မိသားစုအတွက်၊
ငါ့လူမျိုးအတွက်၊
ငါ့ဘာသာအတွက်၊
ငါ့လူ့အဖွဲ့အစည်းအတွက်ဆိုသူတွေရယ်

ငါ့တိုင်းပြည်အတွက်ဆိုတဲ့
ခေါင်းစဉ်လေးပြောင်းပြီး
အယူဝါဒစွဲတွေဘေးချိတ်လို့
တစိတ်တ၀မ်းတည်းစိတ်နဲ့
သွေးစည်းညီညွတ်ကြစို့လား။
ခေါင်းစဉ်မပြောင်းသရွေ့တော့
တိုင်းပြည်ကောင်းစားဖို့အရေး
အကြောင်းမညီညာသေးဘဲ
ဘောင်းဘီနဲ့ ခေါင်းပေါင်းပြောင်း၊
ခေါင်းပေါင်းနဲ့ ဘောင်းဘီပြောင်းရင်း
နောင်နှစ်ပေါင်းများစွာ
နွံနစ်ကျွန်ဖြစ်ကြရအုံးတော့မယ်။
________________________________
m y O e w y n n _ 15.10.2014