စည်းလုံးရမယ်၊ ညီညွတ်ရမယ်၊ အတူတကွ လက်တွဲဆောင်ရွက်ရမယ်။
တစ်ဦးကိုတစ်ဦး အပြန်အလှန် ထိန်းကျောင်းပဲ့ပြင်ရမယ်၊ မကောင်းပြုမှုတွေကနေ တားမြစ်ပြီး ကောင်းရာကို ညွှန်ကြားရမယ်။ တစ်ဦးကိုတစ်ဦး ဂုဏ်ပေးလေးစား၊ စာနာသနား မေတ္တာထားရမယ်။
တစ်ဦးကိုတစ်ဦး သီးခံ ခွင့်လွှတ် ညှာတာ ထောက်ထားစိတ် မွေးမြူရမယ်။ တစ်ဦးရဲ့အခက်အခဲ အကြပ်အတည်းကို တစ်ဦးက ကူညီဖြေရှင်းပေးနိုင်ရမယ်။ လူသားအားလုံးနဲ့ ညီရင်းအကိုလို သဟဇာတဖြစ်အောင် ဆက်ဆံပေါင်းသင်း နေထိုင်နိုင်ရမယ်။
ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်၊ ဘယ်လူ့အဖွဲ့အစည်း၊ ဘယ်အသိုင်းအ၀ိုင်းပဲဖြစ်ဖြစ်
မိမိလူမျိုး၊ မိမိဘာသာဝင်၊ မိမိအဖွဲ့အစည်း၊ မိမိအသိုင်းအ၀ိုင်း အောင်လံစိုက်ထူဖို့
မိမိတို့ကိုယ်တိုင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရိုးသားကြိုးစား ပြုပြင် ထိန်းကျောင်းမှုမပြုဘဲ၊ တစ်ခြားလူမျိုး၊ တစ်ခြားဘာသာဝင်၊ တစ်ခြားအဖွဲ့အစည်း၊တစ်ခြားလူ့အသ
အဲဒီ့လို ပြုမူနေထိုင် ကျင့်ကြံနေကြမယ်ဆိုရင်တော့ လူ့ဘောင်ဘ၀ ငြိမ်းချမ်းမှုတွေ ဆိတ်သုဉ်းကုန်မယ်။ တစ်ခြားလူမျိုး၊ တစ်ခြားဘာသာဝင်၊ တစ်ခြားအဖွဲ့အစည်း၊ တစ်ခြားလူ့အသိုင်းအ၀ိုင်း အတွက်လည်း ကောင်းကျိုးမဖြစ်နိုင်သလို ဆုံးရှုံးမယ်၊ ထိခိုက်နစ်နာမယ်။
မိမိလူမျိုး၊ မိမိဘာသာဝင်၊ မိမိအဖွဲ့အစည်း၊ မိမိအသိုင်းအ၀ိုင်းလည်း ဘယ်တော့မှ ပြောင်းလဲတိုးတက် အောင်လံစိုက်ခွင့်ရလာဖို့ မရှိနိုင်သလို လူသား ဂုဏ်သိက္ခာ ကျဆင်းမယ်။ မိမိလူမျိုး၊ မိမိဘာသာဝင်၊ မိမိအဖွဲ့အစည်း၊ မိမိအသိုင်းအ၀ိုင်းကို ဆုတ်ယုတ်ပျက်ဆီး ဆုံးရှုံးနစ်နာအောင် ဖန်တီးတဲ့ တရားခံတွေအဖြစ် သမိုင်းတွင် ကျန်ရစ်ခဲ့မယ်။
______________________________
m y O e w y n n _ 2 8 . 0 4 . 2 0 1 4