Home

Wednesday, October 22, 2014

သမိုင်းမှာ တရားခံဖြစ်မယ်။

တမန်တော်ကို စော်ကားတာ အစ္စလာမ်ကို စော်ကားတာပဲ။
တမန်တော်ကို စော်ကားတာ ကမ္ဘာ့ဘာသာကြီးတစ်ခုကို စော်ကားတာပဲ။
တမန်တော်ကို စော်ကားတာ မုစ်လင်မ်တွေရဲ့နှလုံးသားကို နင်းခြေ၊ ထိုးဆွလိုက်တာပဲ။
တမန်တော်ကို စော်ကားနေတဲ့ သာကီသွေးနဲ့ အောင်ဇေယတုလို

ကျုပ်က တမန်တော်မုဟမ္မဒ်ကို လေးစားလွန်းလို့ ဒီလိုလုပ်ရတာပါ။

''ခင်ဗျားကိုကြည့်လိုက်ရင် စောင်အမည်းပိုင်းကလေးကို
ပုခုံးမှာ အမြဲတမ်းခြုံထားတာ တွေ့ရတယ်။ အဲဒါဘာကြောင့်တုံး''လို့
မွတ်စလင်မ်တွေက လာလာပြီးမေးကြတာကိုတော့ ကျုပ်က အံ့သြမိပါရဲ့။
ကျုပ်က တမန်တော်မုဟမ္မဒ်ကို လေးစားလွန်းလို့ ဒီလိုလုပ်ရတာပါ။
ကမ္ဘာက မွေးထုတ်ပေးလိုက်တဲ့သူတွေထဲမှာ သူဟာ အကြီးကဲဆုံးပါပဲ။

Saturday, October 18, 2014

ကိုယ်တိုင်ပဲ ဦးစွာပထမ တော်လှန်ကြပါစို့လားဗျာ။

နှစ်ပေါင်းငါးဆယ်ကျော် စနစ်ဆိုးတစ်ခုရဲ့
ရိုက်ပုတ်ခြင်းဒဏ်ရာဒဏ်ချက်တွေကြောင့်
အမှောင်ဖုံးခဲ့ရတဲ့၊ အကြောက်တရားလွှမ်းမိုးခဲ့ရတဲ့၊ ၀ါဒမှိုင်းမိခဲ့ရတဲ့ 
စနစ်ဟောင်းရဲ့ အကျင့်ဆိုးတွေ၊

နွံနစ် ကျွန်ဖြစ်ကြရအုံးတော့မယ်။

ငါ့အတွက်၊
ငါ့မိသားစုအတွက်၊
ငါ့လူမျိုးအတွက်၊
ငါ့ဘာသာအတွက်၊
ငါ့လူ့အဖွဲ့အစည်းအတွက်ဆိုသူတွေရယ်

အ ကျိုး ယု တ်ေ စ သ ည်

“လူတစ်ဦးတစ်ယောက်သည် မိမိအစုအဖွဲ့၊ မိမိလူမျိုးအုပ်စုကိုသာ တန်ဖိုးထား ချစ်မြတ်နိုး၍ အမျိုးမတူ အုပ်စုမတူသည့် အခြားသူ တစ်ဦးဦးကို စော်ကားမော်ကား ချိုးချိုးဖဲ့ဖဲ့ ပြုလုပ်ခြင်း မရှိစေရ။ တိကျသေချာခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ တိုက်ခိုက် သတ်ဖြတ် ပျက်စီးကြေပြုန်းခြင်း အမှုကို မဖြစ်စေရ။

ယတြာညံ့လို့ပါဗျာ။

နွားနို့သောက်၊
နဂါးမောက်သီးစိုက်၊
နဂါးသိုက်တွေ့တာတောင်
နေပြည်တော်က ပုဂ္ဂိုလ်ကြီး
နော်ဝေကချီးမြှင့်တဲ့
နိုဗဲလ်ဆုနဲ့
လွဲရတာက
လူမညံ့ပေမယ့်
ယတြာညံ့လို့ပါဗျာ။
__________________________
m y O e w y n n_ 11.10.2014

ရန်သူကို လျှော့မတွက်မိဖို့တော့လိုတယ်။

ရန်သူငြိမ်နေတာကို ရန်သူမရှိတော့ဘူးဆိုပြီး
လျှော့မတွက်မိဖို့တော့ လိုတယ်။ လျှော့မတွက်လိုက်ပါနဲ့။
ရန်သူကို လျှော့တွက်ပြီး တက်ထောင်ရင်တော့
မျှော်မှန်းတဲ့ ပန်းတိုင်ပျောက်မယ်။
ရန်သူက ရှေ့တစ်လှမ်းတိုးဖို့
နောက်တစ်လှမ်းဆုတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။

သေမျိုးဆိုတာများ မေ့ပစ်လိုက်ကြပြီလား?

လူတွေလည်း
ကိုယ့်ကိုယ်ကို
သေမျိုးဆိုတာများ
မေ့ပစ်လိုက်ကြပြီလား?
မသေခင်ခနလေးမှာ
ကမ္ဘာမြေအတွက်၊
လောကကြီးအတွက်၊
လူသားတွေအတွက်
ကောင်းကျိုးတွေလုပ်သွားဖို့၊
အကောင်းတွေချန်ထားရစ်ခဲ့ဖို့
မစဉ်းစားကြတော့ဘူးလား?
ဘယ်သူသေသေ
ငတေမာဖို့ပဲ
စဉ်းစားနေကြလေရော့သလား?
________________________________
m y O e w y n n _ 10.10.2014

Monday, October 6, 2014

အာဏာရူးနဲ့ လှေလူးတွေရဲ့နိုင်ငံရေးလှည့်ကွက်


ဘာသာတရားတွေက
လူတွေကို ယဉ်ကျေးသိမ်မွေ့စေဖို့၊
လူတွေအချင်းချင်း မေတ္တာတရားတွေ ပွားများစေဖို့၊
ဗြဟ္မစိုရ်တရားတွေ ထွန်းကားစေဖို့၊
စိုးရိမ်စိတ်တွေ လျော့နည်းပြေပျောက်စေဖို့၊
တည်ငြိမ်အေးချမ်းစေဖို့၊
လောဘ ဒေါသ မောဟတွေကနေ လွတ်မြောက်ကြဖို့နဲ့
သံသရာဝဋ်ဆင်းရဲကနေ လွတ်မြောက်ရာစခန်းကို
အရောက်လှမ်းနိုင်ဖို့ လမ်းညွှန်ပေးခဲ့ပေးမယ့်