Saturday, April 27, 2013
မြန်မာပြည်သူများလုပ်နိုင်မည့် ကောင်းကျိုးတစ်ခု
Thursday, April 25, 2013
မဟာလူသားမြတ်တမန်တော်၏ အတုယူစရာ စံနမူနာ
ရှိတဲ့ ဦးနှောက်အသိဉာဏ် ထည့်သွင်းပေးထားတဲ့အချက်ပဲ ဖြစ်ပါတယ်။
Monday, April 22, 2013
အမျိုးသားရေး ဆိုသော်လည်း
ကျွန်တော်တို့တိုင်းပြည်မှာ အမျိုးသားရေးဆိုတဲ့ အင်မတန်နားထောင်လို့ကောင်းတဲ့ ခေါင်းစဉ်အောက်မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ၊ ပြဿနာတွေ တစ်နေရာပြီး တစ်နေရာ ဆက်တိုက်ဖြစ်နေတာ တွေ့ရပါတယ်။ ပဋိပက္ခလို့ပြောနေကြပေမယ့် တစ်ကယ်တန်းပြန်ကြည့်ရင် တစ်ဖက်သတ်အကြမ်းဖက်မှုတွေဖြစ်နေတာတွေ့ရပါတယ်။ လူမျိုးမတူ ဘာသာကွဲပြားတာကို အကြောင်းပြုလို့ ခေတ်အဆက်ဆက် တစ်မြေတည်းနေတစ်ရေတည်းသောက်အတူယှဉ်
တွဲနေလာခဲ့ကြတဲ့သူတွေအချင်းချင်း ရန်လိုမုန်းတီးမှုတွေ၊ အနိုင်ကျင့်စော်ကားမှုတွေအပြင် အသက်အိုးအိမ်စည်းစိမ်ကိုပါ အန္တရာယ်ပေးလာကြတာ တွေ့ရပါတယ်။
Thursday, April 18, 2013
သူ့ဝါဒ သူ့ဓလေ့ကို မထိပါးမပုတ်ခတ်ရဘူး
ဆရာတော်အရှင်သေဋ္ဌိလ ဒေးဒရဲမှာပြုလုပ်တဲ့ အရှင်အာဒိစ္စ၀ံသ အထိမ်းအမှတ်ပွဲမှာ နေ့ခင်းပိုင်းစကားဝိုင်းပြန်စတော့...
ဒေးဒရဲ ကွင်းကျောင်းဆရာတော်က ဆရာတော် အရှင်သေဋ္ဌိလကို...
“ဆရာတော်... ဒီမှာအခုရောက်လာကြတဲ့ ရဟန်းငယ်တွေထဲမှာ တချို့က ပြည်တွင်းမှာ ကိုယ်စွမ်းနိုင်ရာရာက သာသနာပြုနေကြတာလဲ ရှိတယ်။ တချို့ကလဲ ဆရာတော်လိုပဲ တစ်ချိန်မှာ နိုင်ငံခြားတိုင်းပြည်တွေအထိ သာသနာပြုကြဖို့ ရည်ရွယ်ကြိုးစားနေကြတာလဲ ရှိတယ်။ သူတို့တွေ မှတ်သားနည်းယူဖို့ ဆရာတော်ရဲ့ ကမ္ဘာသာသနာပြု အတွေ့အကြုံကိုလဲ မိန့်ကြားပါဦး” လို့ လျှောက်ထားပါတယ်။
Friday, April 12, 2013
အစ္စလာမ်နှင့်လူ့အခွင့်အရေး အပိုင်း (၂)
တမန်တော် မုဟမ္မဒ်သည် အစ္စလာမ်သာသနာကို ကနဦး စတင်ဟောကြားချိန်၌မက္ကဟ်မြို့ သားများသည် ကြောက်အားလန့်အားကြီးစွာဖြင့် အလွန်အမင်းငြင်းဆန်ကြလေသည်။ သူတို့ငြင်းဆန်ရခြင်းမှာ ခံယူချက်ကြောင့်မဟုတ်ဘဲ ရုပ်တုများကို ဗန်းပြကာ အကျိုးစီးပွားရှာနေသော ၄င်းတို့၏ လုပ်ငန်းကြီးများ ထိခိုက်သွားမည်ကိုစိုးသေြာေ ကာင့် ဖြစ်သည်။ ၄င်းတို့သည် နည်းမျိုးစုံဖြင့် တမန်တော်မုဟမ္မဒ်၏ သာသနာဟောကြားမှုကို တားဆီးသော်လည်း မရခဲ့ပေ။ နောက်ဆုံးတွင် ရက်စက်ကြမ်းကြုတ်မှုများဖြင့်  တမန်တော် မုဟမ္မဒ်နှင့် နောက်လိုက်လူနည်းစုအား နေလို့မရအောင် ဒုက္ခပေးလေတော့သည်။
အစ္စလာမ်နှင့်လူ့အခွင့်အရေး အပိုင်း (၁)
“လားအိက်ရားဟ ဖိဒ်ဒီးန်’’
(ကုရ်အာန်ကျမ်း ၊ ကဏ္ဍ ၂ ၊ အပိုဒ် ၂၅၆)
အဓိပ္ပါယ် - မည်သူတစ်ဦးတစ်ယောက်ကိုမျှ အစ္စလာမ်သာသနာထဲသို့ ၀င်ရောက်ရန် အတင်းအဓမ္မ အလျင်း မပြုလုပ်ရ။
တမန်တော် မုဟမ္မဒ် ၏ ခေတ်အခါက မဒီနဟ်မြို့၌ ဂျူးလူမျိုးများနှင့်အစ္စလာမ်
သာသနာဝင်များ ရောနှောနေထိုင်ကြသည်။ ဂျူးအများစုမှာ စာတတ်ပေတတ်များ
ဖြစ်ကြသည်။ မုစ်လင်မ်မိဘများ၏ သားသမီးများသည် ဂျူးတို့ထံမှ စာပေသင်ကြားရသည်။ ထိုအခါ ကလေးငယ်အချို့မှာ ဂျူးတို့နှင့် အနေနီးရာမှ ဂျူးဘာသာအား ခုံမင်သွားကြသည်။ မုစ်လင်မ်မိဘများသည် ဂျူးဘာသာခုံမင်နေသော မိမိတို့၏သားသမီးများအား အစ္စလာမ်ထဲသို့ဝင်ရန် အတင်းအဓမ္မတိုက်တွန်း ပြောဆိုလေသည်။

Wednesday, April 10, 2013
နိုင်ငံတော်သမ္မတ၊ လူထုခေါင်းဆောင်နှင့် ကျွန်တော်တို့၏ အနာဂတ်
သတိထားမိကြမလားတော့ မသိဘူး။ မြန်မာနိုင်ငံမှာ ထူးခြားတဲ့ သမိုင်းဝင် ဖြစ်ရပ်နှစ်ခု တိုက်တိုက်ဆိုင်ဆိုင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေ ပါတယ်။
မြန်မာနိုင်ငံတော်သမ္မတ ဖြစ်သူက နိုင်ငံတကာကိုလှည့်လည် သွားရောက်ပြီး အာဏာရှင်ခေတ်တစ် လျှောက်လုံး မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ ပျက်ယွင်းပြီး ခပ်စိမ်းစိမ်းဖြစ်နေခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ် တာ ကာလအတွင်းမှာမှ ပြန်လည် အဆင်ပြေလာတဲ့ နိုင်ငံများနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်နိုင်ဖို့နဲ့

Tuesday, April 9, 2013
မင်းကိုနိုင်နှင့် ပဋိပက္ခ ဖြေရှင်းနည်း
မတ်လ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကော်မရှင် ဥက္ကဋ္ဌ အနေနဲ့ ဆန္ဒပြနေတဲ့ လယ်သမားတွေဆီကို သွားပြီး ကော်မရှင်ရဲ့ လေ့လာ တွေ့ရှိချက်တွေကို တင်ပြခဲ့ရာမှ ဒေါ်စုရဲ့ နိုင်ငံရေး သက်တမ်းတလျှောက် တခါမှ မကြုံဖူးတဲ့ တောင်သူလယ်သမားတွေရဲ့ ကန့်ကွက်ဆန္ဒပြမှု ကို ခံခဲ့ရတာဟာ တွေးတောစရာ ဖြစ်လာပါတယ်။
ဒါမျိုးကိစ္စတွေဟာ နိုင်ငံရေးလောက ဖြစ်ရိုးဖြစ်စဉ်တွေ ဆိုတာတော့ မှန်ပါတယ်။ သို့သော် စဉ်းစားစရာက တော့ ဒေါ်စုသာ တောင်သူလယ်သမားတွေရဲ့ အခြေအနေ၊ ခံယူချက်တွေပါ ထည့်တွက်မယ်ဆိုရင် ခုလို ရုပ်ပျက်ဆင်းပျက် ဖြစ်စရာ အကြောင်းမရှိဘူးလို့ ယူဆပါတယ်။

Saturday, April 6, 2013
ဗုဒ္ဓဘာသာကြောင့်ဖြစ်တဲ့စစ်ပွဲတွေ မရှိဖူးဘူး
ရှင်တော်ဂေါတမဗုဒ္ဓရဲ့ဝါဒကတော့ လုံးဝအတ္တကင်းတဲ့ဝါဒပါ။
ဘာကြောင့်လဲဆိုတော့
သူ့ကိုသာလျှင် ကိုးကွယ်ရမယ်၊ ယုံကြည်ရမယ်လို့ လမ်းမညွှန်ခဲ့ဘူး။
ဒါကြောင့် သူဟာအနတ္တဝါဒီ တစ်ပါးပါ။
သူကျင့်ခဲ့တဲ့ ကျင့်စဉ်တွေအကြောင်းဟောတယ်။ သွန်သင်ဆုံးမတယ်။
သူလိုကျင့်ရင် သူလိုဖြစ်နိုင်မယ့် သတင်းပေးခဲ့တယ်။
သူနောက်ဆုံးကျင့်ခဲ့တဲ့ ကျင့်စဉ်က အလယ်အလတ်လမ်းစဉ်၊
ဒါကြောင့် သူဟာ မစ္ဇျိမပဋိပဒါ ဝါဒီ တစ်ပါးပါ။

ရှင်တော်ဂေါတမဗုဒ္ဓ၏ လူသားဝါဒ
ရှင်တော်ဂေါတမဗုဒ္ဓ၏ ဝါဒအရ လူသားတစ်ယောက်အဖြစ် မွေးဖွားလာဘို့အရေးသည် အလွန်တရာခက်ခဲပြီးလျှင် လူသားဘဝကို ရရှိခြင်းသည်လည်း တန်ဘိုးအရှိဆုံးသော အခွင့်အရေးကို ရရှိခြင်းပင်ဖြစ်၏
အဓိပ္ပါယ်မှာ လူသားအဖြစ်ကိုရခြင်းသည် ခဲယဉ်း၏။ လူသားတို့၏ အသက်ရှည်စွာ နေရခြင်းသည်လည်း ခဲယဉ်း၏။ လူ့ဘဝကို လွယ်လွယ်ရသည်မဟုတ်၊ အလွန်ရခဲ၏၊ အဘယ့်ကြောင့်နည်း လူသားဘဝသည် အလွန်တန်ဘိုးရှိသောကြောင့်ပင်တည်း။
အဓိပ္ပါယ်မှာ လူသားအဖြစ်ကိုရခြင်းသည် ခဲယဉ်း၏။ လူသားတို့၏ အသက်ရှည်စွာ နေရခြင်းသည်လည်း ခဲယဉ်း၏။ လူ့ဘဝကို လွယ်လွယ်ရသည်မဟုတ်၊ အလွန်ရခဲ၏၊ အဘယ့်ကြောင့်နည်း လူသားဘဝသည် အလွန်တန်ဘိုးရှိသောကြောင့်ပင်တည်း။
“၇၈၆” သည် အစ္စလာမ်၏ အမှတ်သင်္ကေတ မဟုတ်။
လတ်တလောဖြစ်ပေါ်နေသော ပဋိပက္ခများတွင် “၇၈၆” ဂဏန်းသည်လည်း ပယောဂတစ်ခုသဖွယ် ပါဝင်လျှက်ရှိသည်။ မြန်မာမွတ်စလင်မ်တို့သည် နှစ်ကာလအတန်ကြာကတည်းက “၇၈၆” ဂဏန်းကို မိမိတို့၏ ဆိုင်များ၊ အိမ်များတွင် ချိတ်ဆွဲခဲ့ကြသည်။ မည်သူက စတင်ခဲ့မှန်းမသိရသော ဤအလေ့အထသည် ယခုအခါ ပြဿနာဖြစ်စေမည့် အကြောင်းခံတစ်ခု ဖြစ်လျှက်ရှိပေသည်။ မွတ်စလင်မ်တို့သည် မရိုးသားသောသဘောထားဖြင့် ဤဂဏန်းကို ချိတ်ဆွဲနေကြသယောင်၊ သို့မဟုတ် တစ်စုံတစ်ရာက ချိတ်ဆွဲရန် လှုံ့ဆော်လိုက်လေသယောင် အထင်လွဲမှား ခံရလျှက် ရှိပေသည်။
Thursday, April 4, 2013
လူတိုင်းလူတိုင်း အပြန်အလှန် စောင့်သိရိုသေ
ကုရ်အာန်ကျမ်းမြတ်၏ မုက္ခပါဌ်တော်တစ်ပါးကို မေတ္တာ လက်ဆောင်အဖြစ် ဆက်သပါရစေ။
ကုရ်အာန်ကျမ်းမြတ်သည် ကမ္ဘာသူ၊ ကမ္ဘာသားများ အတွက် ကမ္ဘာ့တစ်သက်လူတိုင်းလူတိုင်း ရင်ဆိုင်ရမည့်
လောကီရေးများနှင့် နောင်တမလွန်ဘ၀၌တွေ့ ကြုံရမည့် လောကုတ္တရာရေး များကိုပါ တိကျ ပြတ်သားစွာ
ရှင်းလင်း ဖော်ပြထားသော “အွမ်မွလ်ကိသားဗ်” “ဓမ္မပဒေသာ”ပင်ဖြစ်ပါသည်။
ကမ္ဘာသူ ကမ္ဘာသားများသည် တစ်မိတစ်ဖတည်းမှ ဆင်းသက် ပေါက်ဖွားလာကြသော ညီရင်းအစ်ကို
မောင်ရင်းနှမများဖြစ်ကြောင်း၊ ကမ္ဘာသူ ကမ္ဘာသားများသည် တစ်သင်းတစ်ဖွဲ့တည်းပင်ဖြစ်ကြောင်း၊
ကုရ်အာန်ကျမ်းမြတ်တွင် ပါရှိပေသည်။

Subscribe to:
Posts (Atom)